အရင်ကတော့ အကောင့်တခုကို ဘလော့လိုက်တာနဲ့ ဘလော့ထားပြီးသူများစာရင်း ပေါ်လာတယ်။ ဘလော့ထားသူကို ဘလော့ထားရာကနေ ပြန်ယူလို့လည်းရတယ်။
အခုလေးတင် တဦးကို ဘလော့လိုက်တယ်။ ပြန်စဉ်းစားတော့ ဘလော့တာ မလုပ်သင့်ပါ။ ပြန်ထည့်ချင်လည်း ထည့်မရတော့ပါ။ ဆောရီး။
အခု ဘလော့စာရင်းပေါ်မလာတာ ၁-၂ နှစ်လောက်ရှိပြီ။ လူဦးရေဘယ်လောက်ကို ဘလော့ထားရသလဲ မသိတော့ပါ။ တထောင်တော့ကျော်ပါသည်။
ဘလော့ရသူများဆိုတာ -
အကောင့်အတုများ၊
ရိုင်းစိုင်လွန်းသူများ၊
ကွန်မင့်မှာ ခဏခဏဘာတွေလာရေးမှန်းမသိသူများ၊
မက်စင်ဂျာကနေ မပို့ပါရန်ဆိုတာတွေကို ၂ ခါမကပို့နေသူများ။
နိုင်ငံရေးအရောင်ကြောင့် ဘလော့ရသူ နည်းတယ်။
သတ်ပုံရေးတာကို ဆဲတဲ့သူတွေကိုတော့ အမြန်အဆန် ဘလော့ပါတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment