ဆရာခင်ဗျ ဝဋ် ဆိုသည့်အနက်အဓိပ္ပါယ်လေးကို မြင်သာထိမိအောင် ပို့စ် ရေးပေးဖို့ မေတ္တာရပ်ခံပါတယ်ဆရာ
(၁)
ဝဋ် = ပြုခဲ့မိသော မကောင်းမှု၏ အတုံ ့အလှည့်အကျိုး။ သူတပါး၏အသက်ကို သတ်မိခဲ့၍ ယခုသူ့မှာ အနာရောဂါနှိပ်စက်ခြင်းဝဋ်ကို ခံနေရသည်။
(၂)
ဝဋ် ဆိုသည်မှာ ပုဂ္ဂိုလ်တို့တွင် သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာသည် ရှိနေ၏။ ထိုပုဂ္ဂိုလ်တို့သည် အထက်ဆုံးဖြစ်သော ဘဝဂ်ဘုံ၌ ဘဝပေါင်း အသင်္ချေ အနန္တတိုင်အောင် အဖန်ဖန် ရောက်ကြကုန်သော်လည်း တံငါ, မုဆိုး, သူခိုး, ဓားပြစသော အကုသိုလ်ကမ္မပထတွင်းသို့ တလဲလဲရောက်လာကြရကုန်၏။ အဝီစိ အစရှိသော အပါယ်ခန္ဓာအတွင်းသို့လျှင် တလဲလဲ ကျရောက်လာကြရကုန်၏။ ဤသို့လျှင် မကျွတ်နိုင်ဘဲ တဝဲလည်လည် ပြန်လှန်၍နေသည်ကို ဝဋ်ဟူ၍ ဆိုလိုသည်။ (ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသော မဂ္ဂင်္ဂဒီပနီ။ မန္တလေးပိဋကတ်စာပုံနှိပ်တိုက်။ pp. ၇၁၊ ၇၂၊ ၇၃)
(၃)
ဝဋ်မှာအမြဲ ငရဲမှာအပ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။ အနက်အဓိပ္ပာယ် ပြင်ဆင်ရန် ငရဲမှ လွတ်ကင်းအောင် ရှောင်နိုင်သော်လည်း ဝဋ်ကြွေးမှ လွတ်ကင်းအောင် မရှောင်နိုင်ပေ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment