နှစ် ၇၀စွဲလာတဲ့ပရောဂ ဒီတစ်ခါအပြီးထုပ်မှရမယ်
တင်ထားတာတခု ဖြစ်ပါတယ်။
ပယောဂ လို့ ရေးရတယ်။ အပြီးထုတ်လို့ ရေးရတယ်။
‘ပယောဂ’ = ယှဉ်ခြင်း။ အားထုတ်ခြင်း။ ဘာဝနာစီးဖြန်းခြင်း။ တိုက်တွန်းခြင်းလုံ့လ။ ဧကေန ပယောဂေန တကြိမ်သောလုံ့လဖြင့်။ (ဦးဟုတ်စိန် ပါဠိ-မြန်မာအဘိဓာန်၊ စာမျက်နှာ ၆၁၂)
‘အပယိက’ = အဓိကမဟုတ်သော။ ပါဠိစာလုံး အစစ် မဟုတ်။
ဒီတခါလို့ရေးတာသာ မှန်ပေမဲ့ နိုင်ငံတော် ပေါ်လစီမူအရတော့ တစ်လို့သာ ရေးမိန့်ထုတ်ထားပါတယ်။
- အမိန့်နာခံသူတွေ ဘေးကင်းမယ်။
- စာအုပ်ထုတ်ရင် ဆုရနိုင်တယ်။
- စာမေးပွဲလည်း အမှတ်ရမယ်။
- အစိုးရခန့်အလုပ် ရမယ်။
ထုတ် ထုပ် https://burmese-spelling.blogspot.com/2023/01/blog-post_886.html
ဒေါက်တာတင့်ဆွေ
Comments
Post a Comment