Skip to main content

အဲဒါ


ဆရာ အဲတာ နဲ့ အဲ့ဒါ ဘယ်အသုံးက မှန်ပါသလည်းခင်ဗျာ

ကဝိဓဇသတ်ပုံ၊ ဦးသာမြတ်သတ်ပုံ၊ မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၈၀) တွေထဲမှာ အဲဒါ လည်း မတွေ့၊ အဲတာ လည်း မတွေ့ပါ။

မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းထဲမှာ မပါသေးတဲ့ စကားလုံးတွေပါ။ အဲတာ နဲ့ အဲဒါ နှစ်ခုလုံးက စကားအရာမှာသာသုံးပါတယ်။ 

၎င်း၊ ထို၊ အနှီ၊ ဤ၊ ယင်း၊ အဆိုပါ၊ အစားသုံးပါတယ်။ အဲဒီဟာ၊ အဲတာ၊ အဲသည်ဟာ၊ ဒီကောင်၊ ဒီကောင်မ၊ သည်ကောင်၊ သည်ကောင်မလို့ ရေးကြပါတယ်။ 'အဲတာ' က စာဆန်တယ်။ 'အဲဒါ' က စကားပြော။ 

'အဲ' ဆိုတာ အဲဒီအရာ၊ အဆိုပါ၊ ထိုဟာ၊ ၎င်း၊ ယင်း၊ အနှီ၊ ဤ သဘောဖြစ်တယ်။ 

'တာ' မှာ အဓိပ္ပါယ်သပ်သပ်ရှိတယ်။ ခုနစ်တောင် = တတာ၊ တာလမ်းလို့ခေါ်တာမျိုး။ သူ့တာ ကိုယ့်တာ။ အဲတာ၊ အဲဒီတာနဲ့ ဆက်စဉ်းစားရင် သင့်မလား။ အဲဒီဟာကို အဲဟာလို့ပြောကြတယ်။ ဟာဆိုတာ မရေတာတခုခု။ တာက သေချာတယ်။

စကားသံနဲ့ စာရေးတာ တထပ်တည်း မကျတာတွေ ရှိတယ်။ သီချင်းတွေ၊ ကဗျာတွေ၊ သံချပ်တွေ၊ ဆောင်ပုဓ်တွေမှာ စံကိုက်သတ်ပုံနဲ့ ကွဲလွဲတာတွေ တွေ့ရတယ်။

'ပန်းသည်' ကဗျာကို သီချင်းသားသင်္ကေတစာရွက်မှာ 'ပန်းသယ်' လို့ ရေးထားတယ်။ ဆရာမင်းသုဝဏ်အမည်နဲ့ ပုံနှိပ်မူရှိပါတယ်။

ဘဝသံသရာသီချင်းစာသားမှာ အဲဒါအဲဒါအဲဒါ ဘဝသံသရာလို့ရေးတာ အသံထွက် ရေးထုံးအရ မှန်တယ်။

ဆရာတင်မိုး၏ 'ဆန်းသစ်စ'ကဗျာ

      ဆန်းသစ်စ လကလေးဟာ

      အဲဒါ 'ရေးချ'ပါ။

      ပြောင်းပြန်လှည့်ကာ ဝတ်ဆံထိုး

      အဲဒါ 'သဝေထိုး'။

      ရေအိုးကလေး ရွက်လာရင်

      အဲဒါ 'လုံးကြီးတင်'။

      လုံးကြီးတင်မှာ မျက်ဆန်ခတ်

      'လုံးကြီးတင် ဆန်ခတ်'။     ။ (စာ - ၇၁ မှ)

ဒါ

ကာလီဒါသ

ဒါနပြုသည်

ဒါယတာ

ဒါယိကာမ

ဒါလီ

ဒါသကျွန်

ဒါနောရက္ခိုသ် တွေသာဖြစ်ပါတယ်။

'ကျွန်တော်' ကို 'ကျတော်'၊ 'ကျနော်' လို့ရေးကြပေမယ့် 'ကျွန်ဒေါ်' နဲ့ 'ကျဒေါ်' လို့မရေးပါ။ 'ဒါ' လို့ သုံးတာ ခက်ထန်မှုရှိတယ်။ မာတယ်။ ဒါတို့ပြည် ဒါတို့မြေ။ 

'အဲဒါ' လို့ စကားသံထွက်တာကို 'အဲတာ' လို့ရေးတာ မမှားလောက်လို့ ထင်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ