အကလေးတွေက
ဟိုပြေး သည်ခုန်နဲ့
မကြုံသည် လူ့အရေးကိုလ
မတွေး မမျှော်နိုင်ဘု
ပျော်ပိုင်သည် အရွယ်နုပေမို့
ပျော်မှုသာ သူတို့မြင်။
သူတို့နှယ် ပျော်ချင်စမ်းပါဘိ
မျက်ကန်း ပမာသွင်သို့
မမြင်ချင် မျက်လွှာချပါလို့
အကျည်းတန် ဘုံဘဝကို
ခဏတာ ဖျောက်ကာမေ့ယင်လ
ပျော်မွေ့မည်ထင်။
သို့ကတဲ…..
လူထဲမှာ အနေကြာ၍
ဤလူ့ရွာ မြေဆီဖွားပါကလာ့
စိတ်အားကို ကြိုပြင်ဆင်...
ဝင်ပါလိမ့် စိတ်ရဲ။
ဘဝလမ်း...
အနွမ်းကို တခါဖြေပါ့
တကိုယ်ရေ မဟုတ်ဘဲဟာမို့
ဓမ္မတာ ကြုံရနဲကို
လွှဲမျက်နှာ မနေသာဘု
မရေရာ ဟိုသည်ငေးရုံနဲ့
လွမ်းစရာ ဘယ်မှာဝေးပါလိမ့်
အတွေး ကြည်ကြည်ရွှင်လျက်
ဤလူ့ခွင် အနေမြတ်အောင်ပ
နေတတ်အောင် နေပါလေတော့
ကလေးတွေ ပျော်ပုံလှသော်လဲ
ကိုယ့်အရွယ် ဣန္ဒြေရပါမှ
လောက တာဝန်ကျေလိမ့်
ဤမြေသူ ဤမြေသားတွေနဲ့
စိတ်အတူ ကိုယ်မခြားယင်လ
အားတက်မှာဘဲ။ (တင်မိုး)
မြဝတီမဂ္ဂဇင်း ၁၉၆၂ဒီဇင်ဘာလ
Listener's Heaven Audiobooks - အသံစာအုပ်
ဒေါက်တာတင့်ဆွေ
Comments
Post a Comment