Skip to main content

အစားအသောက် မီးလိုတောက်

ကျွန်တော်က ငယ်သွားပေါက်ကတည်းက တောစာတွေစားရတယ်။ သူငယ်တန်းကျောင်းသားကတည်းက တောမြို့စာတွေ။ ဆေးကျောင်းသားဖြစ်တော့ ရွှေမြို့တော်က အစားအသောက်တွေ စားရပါတယ်။ 
ဟိုမြို့ ဒီရွာတွေ ပြောင်းရွေ့တာဝန်ထမ်းတော့လည်း ဒေသမျိုးစုံက အစားမျိုးစုံ။
ဟိုတိုင်းပြည် ဒီတိုင်းပြည်အမျိုးမျိုးရောက်ပြန်တော့လည်း အစားမျိုးအတော်စုံပါတယ်။
အစားကောင်းတွေ အစားဆန်းတွေလည်း စားဘူးတယ်။
ခေတ်ပေါ် အစားအသောက်အမည်ဆန်းတွေကတော့ ခေါင်းခဲစေတယ်။
ဝက်သားနဲ့ ပုန်းရည်ကြီးချက်တာကို ဝက်ပုန်းတဲ့။ ဝက်က ဘယ်မှာသွားပုန်းသလဲ။ အတော်စဉ်းစားယူရတယ်။ 
မိတ်ဆွေတယောက်က ပဲအီကြာမှာတယ်။ စားပွဲကိုလာချတော့မှ သြော် ပဲနဲ့ အီကြာကွေးကိုး။ 
သောက်ဆန်း ဆိုတာလည်း အသက်ကြီးတဲ့အထိမကြာဘူးခဲ့။  သြော် ကာလသားဟင်းလိုပါဘဲလား။ ခွေးတောက်ရွက်သာ မပါတာ။
ဝက်သားပေါက်ဆီ၊ ကြက်သားဆန်ပြုတ်၊ ဆိတ်သားပလာတာ စသဖြင့် ခေါ်ခဲ့ကြတယ်။ အခုတော့ ဝက်၊ ကြက်၊ ဆိတ် နောက်က သား မပါတော့ပါ။ အဲဒါတွေကိုလည်း စဉ်းစားနားလည်ယူရတယ်။
ချင်းစာတချို့ကိုလည်း ချင်းတွေနဲ့ ဆယ်စုနှစ်တွေကြာနေရလို့ သိသွားပြီ။
ပန်းမီး ဆိုတာတွေ မလေးရှားကအစားအစာလို့ နားလည်သွားပါပြီ။
ဂူဂယ်လ်မှာ သောက်ဆမ်းလိုက်ရှာတော့ ဟင်းရည်မပါတဲ့ပုံလည်း တွေ့တယ်။ ဘယ်ဟာကိုသောက်မှာလဲ မသိ။ ရေနဲ့မျှောချမယ် ထင်ရတယ်။
သြော် ခေတ်ပေါ်အစားအစာဆိုတာ နားလည်ရခက်အောင် အမည်ပေးတာတွေကိုး။ ကြိုက်ကြသတဲ့။ 
တောသား တယ်ခေတ်နောက်ကျတယ်။
စောစောက တဇောင်းဖူးကို ဘယ်လိုခေါ်သလဲလို့ တယောက်ကမေးတာကို ကွန်မင့်တခုက ရွှေကြာဖူးတဲ့။ 
မြို့သူတွေလဲ ခေတ်နောက်ကျတာဘဲ။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ