ဒီစာကိုလည်း တယောက်ပြီးတယောက်က တင်ကြတယ်။ တယောက်ပြီးတယောက်တင်တာမှန်သမျှကို သတိထားပါလေ။ မှန်တာ ရှားတယ်။
ရှေ့နဲ့ အရှေ့၊ နောက်နဲ့ အနောက် မှားရေးနေသူတွေကို အတော်ကြီးကို များတယ်။ မကြာခဏ တင်ပြပါတယ်။
လူကြီးမင်းရဲ့ကျွဲဟာ အရှေ့အရပ်မျက်နှာကို ခေါင်းထားရင်၊ ကျွဲရဲ့ညာဘက်ဟာ တောင်အရပ်ဖြစ်တယ်။
လူကြီးမင်းရဲ့ကျွဲဟာ အနောက်အရပ်မျက်နှာကို ခေါင်းထားရင်၊ ကျွဲရဲ့ညာဘက်ဟာ မြောက်အရပ်ဖြစ်တယ်။
လူကြီးမင်းရဲ့ကျွဲဟာ တောင်အရပ်မျက်နှာကို ခေါင်းထားရင်၊ ကျွဲရဲ့ညာဘက်ဟာ အနောက်အရပ်ဖြစ်တယ်။
လူကြီးမင်းရဲ့ကျွဲဟာ မြောက်အရပ်မျက်နှာကို ခေါင်းထားရင်၊ ကျွဲရဲ့ညာဘက်ဟာ အရှေ့အရပ်ဖြစ်တယ်။
ကျွန်ုပ်တို့ နေဝင်ရာ အနောက်အရပ်ကို သွားကြရအောင်။ လူကြီးမင်းက ရှေ့ကနေကြွပါ။ အကျွန်ုပ်က နောက်နေ လိုက်ပါမည်။
တောနယ်က ကျွဲကျောင်းသားသည် အရှေ့အနောက်တောင်မြောက်ကို ကောင်းစွာသိပါ၏။
အနောက်နိုင်ငံတွေက ကျွန်ုပ်တို့နိုင်ငံ၏ ရှေ့ရောက်နေပါသည်။ သူတို့က အရှေ့အနောက်တောင်မြောက် မမှားကြပါ။ အဘယ့်ကြောင့်ဆိုသော် ဂျီပီအက်စ် ကို အသုံးပြုကြ၍ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ပညာကိုညွှန်သော သံလိုက်အိမ်မြှောင် သံချေးတက်နေပါသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment