မြန်မာကဗျာလက်ရွေးစင်
ဒသမတန်း (၂၀၁၅ - ၂၀၁၆)
စာမျက်နှာ ၁၄ + ၁၅
- မယားက'တစ်'သွယ်
- လင်က'တစ်'သွယ်
- ဒူး'တစ်'ဖက်ဟာ
ကဗျာဟာ မူလွဲဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာန ကျောင်းသုံးစာအုပ်ထုတ်ဝေရေးဌာနမှာ တာဝန်ရှိတယ်။ မှန်အောင်ပြင် သင်ပေးကြပါခင်ဗျား။
(၂) မူကွဲ
နွေဦးကာလ၊ မြူထသောခါ။ ရင်းထောင် ရင်းဆွဲး၊ ဆောင်မြဲအိုးလွယ်ကာ။ ဓားနှီးထက်စွာ၊ ခါးမှာချပ်လျက်။ ထန်းပွင့် ထန်းခိုင်၊ ရွှန်းမြိုင်မြိုင်၊ ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး။
ထန်းပင်ထန်းလက်၊ ထန်းရွက်ကယ်ဝေဝေ။ စင်အောင်ခုတ်ထစ်၊ နုမျှစ်ကယ်ထန်းဦးရေ။ မယားငယ်ဆွေ၊ ထန်းရေသိမ်းဆည်း။သားမြေးဟစ်ကြော်၊ ခွေးဝက်ကယ်ခေါ်၊ ထန်းရှော်သာယုန်ပိုက်စည်းငယ်နှင့်လေး။ ။
ခေါ်သံရိုက်ဟည်း၊ လူလည်းကြော်ငြာ။ ခွေးဟစ် လူဟစ်၊ ခတ်ပစ်ကယ် ခြောက်သောခါ၊ ပတတ်ကယ် ယုန်ခါ၊ တောမှာယှိကြ။ ငုံးကြက်ကယ် ဖွတ်မြွေ၊ ဝံပလွေ၊ မနေ ထွက်လှာကြသည်တည့်လေး။ ။
ဝမ်းသာအားရ၊ မယားကတသွယ်။ ဟင်းရွက်ဆိုးကောင်း၊ သောင်းပြောင်းရော၍လွယ်၊ လင်ကတသွယ်၊ ယုန်ငယ်ကစ။ တောသတ္တဝါ၊ တွေ့တိုင်းကိုသာ၊ အိတ်မှာသာ ယူ၍့ချသည်နှင့်လေး။ ။
သို့နှင့်ရောက်က၊ ခဏအောင့်လျှင်၊ တံစို့ထက်နှင့်၊ ထန်းလျက်ဖိုမှာကင်။ ဟင်းအိုးဆူလျှင်၊ အကင်ခပ်ပြီး၊
အိုးကင်းနှင့်လှော်၊ ရေနှင့်ကြော်၊ မိုးမြှော်ငြုတ်သီးငယ်နှင့်လေး။ ။
နှီးဒေါင်းလန်းကြီး၊ ခူးပြီးသော့ခါ၊ သ္မီးနှင့်သား၊ များလို့မဝင်သာ၊ ဒူးတဖက်သာ၊ တွန်းကာဖယ်လျက်၊ သူ့ထက်ငါလေ။ စားတော့မည်စေ။ စပေသာလှ-အုန်းခွက်ကယ်နှင့်လေး။ ။
ငုံ့လျက်ကိုယ်စီသာ၊ ဆုပ်ကာလွေးတော့သည်။ ပြီးလျှင်ရေမရှာ၊ ခွေးသာကျွေးတော့သည်။ ။
မြန်မာစာမိတ်ဖွဲ့ - ပ ထဲမှာ မင်းယုဝေ (၁၉၆၄) မှာ ရေးတဲ့စာထဲမှာ ဒီအတိုင်းပါတယ်။
(၃) မူကွဲ
နှီးဒေါင်းလန်းကြီး၊ ခူးပြီးသောခါ၊ သမီးနှင့်သား၊ များလို့မဝင်သာ၊ ဒူးတဖက်ဟာ၊ တွန်းကာဖယ်လျက်၊ သူ့ထက်ငါလေ၊ စားတော့မည်စေ၊ စပေသာလှ အုန်းခွက်ကယ်နှင့်လေး။ ငုံ့လျက် ကိုယ်စီသာ၊ ဆုပ်ကာလွေးတော့သည်၊ ပြီးလျှင် ရေမရှာ၊ ခွေးသာကျွေးတော့သည်။ ဇော်ဂျီ ရသစာပေနိဒါန်း (၁၉၆၅ သြဂုတ်လ)
ပညာရှင်မဟုတ်ဘဲ ထင်ရာစာသားနဲ့ သတ်ပုံတွေရေးခြင်းဟာ မြန်မာစာကို ပျက်စီးစေတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment