၁။ ပို့စ်တခု = နောက်ဆုံးတော့ တနှစ်ကျော်ကြာမစားခဲ့ရတဲ့ ဒညင်းသီးလေးပြန်စားရပြီ
တနှစ်ကျော်ကြာရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ တညင်းသီးလို့ ရေးရ။
၂။ သူငယ်ချင်းတယောက်က ကွန်မင့်ရေးပါတယ်။ ဒိန်ညင်းကနေ ဘယ်လိုတညင်းဖြစ်သွားတယ်မသိ၊ မန်ကျည်းလည်း မကျီးဖြစ်ပြီလား။ 'အများညီ ဤကျွဲဖြစ်' တဲ့။
မြန်မာ့စွယ်စုံကျမ်းလှန်ရတယ်။ ဖုံခါရသေးတာ။ အတွဲ (၄) စာမျက်နှာ (၄၀၁) မှာတွေ့တယ်။ တညင်းပင် တဲ့။ တညင်းသီး တဲ့။ တတိုင်းမွှေးပင် တဲ့။
၃။ တညင်းဝက်၊ တညင်းသား၊ ကုဗပေ တပေလျှင် အလေးချိန် ၃၃ ပေါင်စီး၏။ တညင်းဖိုပင်၊ တညင်းရွေးပင်၊ တညင်းနီပင် (ဝါ) ကျွဲတညင်းပင် တဲ့။
အများညီက 'ကျွဲ' 'ဤ' ဖတ်ရ။
တညင်းပင် တညင်းသီး https://burmese-spelling.blogspot.com/2023/06/blog-post_521.html
တညင်းသီး ဆားရေစိမ် နုနုကြွပ်ကြွပ်လေးတွေရမယ် https://burmese-spelling.blogspot.com/2023/04/blog-post_731.html
ဒေါက်တာတင့်ဆွေ
Comments
Post a Comment