ကွမ်း ရွက်ကိုကွမ်းယာဆိုင်တွေက ထိပ်ကလေးတိ အရိုးကိုဒါးနဲ့ဖြတ် ဒါမှမဟုတ် ကပ်ကျေးနဲ့ကိုက်ဖြတ်တာဘဲ မြင်ဘူးတယ်၊ ဆရာပြောသလိုဘာကြောင့်ဒါးနဲ့ခွဲတာလဲ၊ရှင်းပြပါဆရာ။
ဒေလီမှာ ကွမ်းရွက် ဈေးကြီးတယ်။ ကွမ်းနုဝါတရွက်ကို ၂ ပိုင်း ၃ ပိုင်း ပိုင်းကြတယ်။
(၁)
တံတားဦးက ကွမ်းနုဝါ
ငမြာက ဆေး
ကွမ်းသီး တောင်ငူနှင့်
ကိုင်း ထုံးဖြူ ပြည် ရှား
သာဝါးလိုထွေး။ (လူဦးမင်း)
(၂)
ဆောင်ပန်းအိမ် လက်ျာကျက
ဗောင်းစနဲ့ ပျိုတို့မောင်
ပြုံးယောင့်ယောင် တိတ်တခိုး။ ။
ကွမ်းနုဝါ သူငုံလို့
ပန်းပဝါ သူခြုံလို့
မလေးလုံ အရှက်ကြီးသူမို့
ထီးကာလို့ မိုး။ ။ (ပွဲခင်းသာ - တင်မိုး)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment