၂။ မင်္ဂလာပါဆရာရှင်
ဥ ဦ ဦး ဖတ်တဲ့အခါမှာ
ဥ အက္ခရာ အု
ဦ အက္ခရာ အူ
ဦး အက္ခရာ အူး အသံရှည်ဖတ်ရပါတယ်။ သို့မဟုတ်
ဥ အက္ခရာ အု
ဦ အက္ခရာ အု လုံးကြီးတင်ဆံခတ် အူ
ဦး အက္ခရာ အု လုံးကြီးတင်ဆံခတ်အူဝစ္စနှစ်လုံးပေါက်အူးဆိုပြီးဖတ်နေကြတာတွေ့ရပါတယ်ရှင်။ ဘယ်လိုဖတ်တာ အမှန်ဆိုတာရှင်းပြပေးစေချင်ပါတယ်ရှင်။
မြန်မာစာမှာ အက္ခရာအမည်ရတာ ၏၊ ၌၊ ၍ သုံးခုရှိတယ်လို့ဆိုပါတယ်။
ဣ၊ ဤ၊ ဧ၊ ၏၊ ၌၊ ၍၊ ဥ၊ ဦ၊ ဦး၊ သြ၊ သြော်တို့ကိုလည်း အက္ခရာတွေလို့ ပြောဆိုပါတယ်။
အဲတာ ကျွန်တော်သိသလောက်သာဖြစ်ပါတယ်။
ကဗျာသာရတ္ထသင်္ဂဟ သတ်ပုံ - ဦးဗုဓ်
(င အက္ခရာ ပင့်ရစ်နည်း)
င အက္ခရာ၊ ပင့်နည်းမှာမူ
သတ္တဝါ ဂျွမ်း၊ လူမျိုးဂျွမ်းနှင့်
ရက်ကန်း ဂျွမ်းလျှင်၊ ဤမျှထင်၏့
ထို့ပြင်တချက်၊
နက္ခတ် လ ဂြိုဟ်၊ ရာဇဂြိုဟ်နှင့်၊
သင်္ဂြိုဟ်သည်မှာ၊ ရစ်ရာ မပျက်
တ အက္ခရာ၊ ပင့်ပုံမှာမူ
တျာတျာနီတွေး၊ တေးတျာဖွဲ့ချက်
တျက်တျက်မာခြင်း၊ တျင်းတျင်းကုံစင်။
(ကဗျာအသံ အတွက်, သရ အကြောင်း)
ကဝိလက္ခဏာ၊
မြန်မာဘာသာတွင်- သရအက္ခရာ၊ ဗျည်းအက္ခရာဟု အက္ခရာ (၂)မျိုးရှိသည်။
သရအက္ခရာ (၁၁)လုံး
ဗျည်းအက္ခရာ (၃၃)လုံး- စုစုပေါင်း အက္ခရာ (၄၄)လုံးရှိသည်။
မြန်မာဘာသာ၌ အခြေခံသရ (၁၁)လုံး၊ သင်ရိုးသရ (၁၂)လုံးရှိသည်။
အက္ခရာတလုံး တနှစ်ပြသော ရှေးပြက္ခဒိန်လင်္ကာ
၁။ ရှေးဦး အမှုန်ချန်၊ အမှန်မချိန်သေး။
(သက္ကရာဇ် ၁၀၄၁ ခုနှစ်မှ ၁၀၅၀ ပြည့်နှစ်ထိ)
၂။ သူဇာနတ်သစ်စံ၊ ကျော်သံ ညိမ့်ညိမ့်ထွေး။
(၁၀၅၁ -> ၁၀၆၀)
၃။ ဝင်းရွအပျိုရံ၊ အဲးအံ မြည်ကြူးဧး။
(၁၀၆၁ -> ၁၀၇၀)
၄။ မင်းကြင်ချစ်သူမျှော်၊ ချုံသော်သည်ညနွေး။
(၁၀၇၁ -> ၁၀၈၀)
၅။ သူဇာနတ်တို့ရွာ၊ စန္ဒာလလိုဧး။
(၁၀၈၁ -> ၁၀၉၀)
၆။ မိုးမြင့်ကြူးအိန့်မြည်၊ ကြည်ကြည်သာစိမ့်ကြွေး။
(၁၀၉၁- ၁၁၀၀)
"အက္ခရာတလုံး..ဘုရားတဆူ"
ဒေါက်တာတင့်ဆွေ
၃၁-၈-၂၀၁၇

Comments
Post a Comment