လေရူးသုန်သုန်ဝတ္ထုကို ၁၉၃၆ ခုနှစ်မှာ Margaret Mitchell (မားဂရက် မစ်ချယ်) ရေးသားပါတယ်။
တင်ထွေးက မိုးနှင့်လေနှင့် မုန်တိုင်းနှင့် အမည်ဖြင့် ဘာသာပြန်ပြီး ၁၉၆၆ မှာပုဂံစာအုပ်တိုက်က ထုတ်ဝေခဲ့တယ်။
မြသန်းတင့်က မြန်မာဘာသာပြန်ဆိုခဲ့ရာ ၁၉၇၈ ခုနှစ်မှာ အမျိုးသားစာပေဆု (ဘာသာပြန်)ကို ရရှိခဲ့တယ်။
မူရင်းထုတ်ဝေရာဒေသဖြစ်တဲ့ အမေရိကန်နိုင်ငံစာဖတ်သူများအကြား ရေပန်းစားခဲ့ပြီး ထုတ်ဝေတဲ့နှစ်နဲ့ ၁၉၃၇ ခုနှစ်အတွင်း ရောင်းအားအကောင်းဆုံး စိတ်ကူးယဉ်ဝတ္ထုထဲက တခုဖြစ်ခဲ့တယ်။ ကမ္ဘာတဝန်း စာအုပ်ပေါင်း သန်း ၃၀ကျော် ထုတ်ဝေခဲ့တယ်။
မြန်မာဘာသာပြန်တွေလည်း ပြန်ထုတ်ပါတယ်။ မူရင်းမဟုတ်ရင် သတ်ပုံတွေကို မှားအောင်ပြင်ထားတယ်။
အခုစာအုပ်က ၁၉၉၁ ခုနှစ်ထုတ်ဖြစ်တယ်။ မူရင်းအင်္ဂလိပ်ဘာသာနဲ့ အကြိမ်ပေါင်းများစွာထုတ်ဝေရတယ်။ သူတို့ဆီမှာ ဘယ်စာအုပ်ဖြစ်ဖြစ် ပြန်ထုတ်ရင် စပယ်လင် မပြင်ပါ။
မြန်မာစာကတော့ လေမုန်းတိုင်းထဲပါသွားရရှာပြီ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment