Skip to main content

အစားအစာ ရွေးစားပါ

(ကျန်းမာရေးစာ မဟုတ်ပါ။)

ကွန်မင့်တခု = ဆရာတို့ပြည်နယ်ဖက်တွေ အခုဆို ဆောင်းရာသီအ၀င်ကာလ အေးရောပေါ့ ကြေးအိုး နဲ့ ဟော့ပေါ့ အလိုက်ဖက်ဆုံးရာသီတခုပါဆရာ ကျန်းမာပါစေ ဆရာ။

ဟုတ်။

ကျွန်တော်ကတော့ မုံရွာ(အလုံ) ကျိတ်ခေါက်ဆွဲ၊ မန္တလေးမုံ့တီ၊ မြီးရှည်၊ ဘုတလင်မုံ့ဟင်းခါးတွေကို ပိုကြိုက်တယ်။

ထိုင်းကို ခဏခဏရောက်လို့ ထိုင်းက ဟော့ပေါ့လည်း ကြိုက်တယ်။ 

ကြေးအိုးနဲ့ မာလာဆိုတာတွေကို တယ်မကြိုက်လှပါ။ 

ရခိုင်မုံတီဆိုရင် အသုပ်ကို ပိုကြိုက်တယ်။ 

ခေါက်ဆွဲဆိုရင် ခေါက်ဆွဲသား အမျိုးအစား ရွေးရတယ်။  ဒေလီမှာတုန်းက အရှာရခက်တယ်။

အမျိုးအစားကောင်းတဲ့ ခေါက်ဆွဲနန်းပြားလည်း ကောင်းတယ်။ ဆန်နန်းပြားလည်း ရွေးတတ်မှ။ 

အိမ်မှာ မုံ့တီလုပ်ရင် ဒီတိုင်းပြည်မှာရတဲ့ မုံတီဖတ် အတော်ရွေးရတယ်။ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ တရုပ်၊ ကိုရီးယား ကောင်းတဲ့အမျိုးအစား ကောင်းပါတယ်။ 

အီတလီခေါက်ဆွဲမှန်သမျှ ကောင်းတယ်။ ဒါပေမဲ့ နည်းနည်း မာတယ်။ 

အစားအသောက်တွေတိုင်းမှာ ပြုလုပ်နည်းမူရင်းဖေါ်မြူလာတွေရှိတယ်။ ကောင်းမယ်ထင်ပြီး အစုံထည့်တော့ စားမကောင်းတော့ပါ။

ဆန်ပြုတ်ဆို မုံရွာ ကိုသန်းဆန်ပြုတ်က အကောင်းဆုံးလို့ ဘက်လိုက်ပြီး ထင်ပါတယ်။

ဝက်အူတောင့်ဆိုလည်း မုံရွာနဲ့ ရေဦး။ အေးလမုံ့၊ ထိုးမုံ့ဆို မန္တလေး။

ရေစကြို ထန်းသီးမုံ့။ ဆားလင်းကြီး မုံ့ပေါင်းနဲ့ ထန်းပင်မြစ်။ ဘုတလင် စည်ပါ ခရမ်းသီး၊ မုံရွာ-ချောင်းဦး ကျွန်း(ကိုင်း) ခရမ်းသီး၊ ခရမ်းချဉ်သီး။

ဒန်ပေါက်လည်း ရွေးတတ်ရတယ်။ အိန္ဒိယ၊ နယူးဒေလီမှာ အူသမ်နဂါးနဲ့ ကွန်းနော့ပလေ့စ် တို့ကနေ ဝယ်ရတယ်။ ဟိုက်ဒရာဘတ်မြို့က အကောင်းဆုံတဲ့။

စမူဆာဆိုရင် မဒရပ်စ်က မြန်မာစမူဆာနဲ့ အတူတူ။ အရွယ်အစားတော့ သေးတယ်။ ကောင်းတယ်။ ဒေလီမှာရတာတွေ မကြိုက်ပါ။ မကြိုက်ဆိုတာ မကောင်းပါလို့ပြောတာတော့ မဟုတ်ပါ။ 

အစားအသောက်ဆိုတာ အမေချက်ကျွေးတာ၊ ငယ်ငယ်က စားဘူးတာ၊ အချိန်ကာလကြာကြာ စားခဲ့ဘူးတာတွေက ပိုကောင်းတယ်။

ခုခေတ်မှာ စားစရာကို နာမည်ရွေးစားကြသတဲ့။

အစားအသောက် ကောင်းကောင်းစားတတ်သူက သိပ်မများဘူးထင်ပါတယ်။ 

ကောင်းကောင်း ချက်ပြုတ်ကြော်လှော်တတ်သူမျိုးက ပိုရှားတယ်။

ကျွန်တော်ကတော့ ရေနွေးသာတည်တတ်တယ်။ ကော်ဖီလည်း ဖျော်တတ်ပါသေးတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ