Skip to main content

တဖြည်းဖြည်း လာချေပြီလေ

ပင်လယ်တွေ ဖြတ်သန်း ရိုးမအပေါ် လွှားကျော်ကာလေ သူ့ချစ်မိတ်ဆွေ တို့မြန်မာနိုင်ငံပြည်

၁။ တဖြည်းဖြည်းနဲ့တဖြေးဖြေးကွာခြားပုဲလေးပြောပြပေးပါဆရာ

၂။ ဆရာရေ ဖြေးဖြေးနဲ့ ဖြည်းဖြည်းက ဘာကွာလဲဟင် အဓိပ္ပာယ်ကတူတူဘဲလား သုံးပုံသုံးနည်းကွာတာလား

၃။ ဖြေးဖြေး နှင့် ဖြည်းဖြည်း ကွာခြားပုံသိပါ‌ရစေ

၄။ ဖြေးဖြေးက အမှန်လား ဖြည်းဖြည်းက အမှန်လားဟင် ဆရာရေ။

၅။ မင်္ဂလာပါဆရာခဗျ။ ဖြေးဖြေး နှင့် ဖြည်းဖြည်း အသုံးအနှုန်းကို အမှားအမှန် ခွဲပြပေးစေလိုပါတယ်ခဗျ။

၆။ ဖြည်းဖြည်နဲ့ဖြေးဖြေး အသုံးလေးသိချင်မိပါတယ်ဆရာ။

၇။ ဖြည်းဖြည်း (ဖြေးဖြေး) ကို ဘယ်လိုသုံးလျှင် အမှန်ဖြစ်ပါသလဲခင်ဗျာ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉)

ဖြည်း

ဖြည်းညင်း

ဖြည်းဖြည်းနှေးနှေး

ဖြည်းဖြည်းသာသာ

ကဝိဓဇသတ်ပုံကျမ်း

ဖြည်းညှင်း

ဖြည်းဖြည်းသာသာ

ဖြည်းဖြည်းသက်သာ

ဖြည်းဖြည်းတက်ရာ၏

ဖြည်းဖြည်းပြု

တဖြည်းဖြည်း

သုတ်ဖြည်း

ပျံ့ဖြည်း

ဖြည်းကျဲ

ညံ့ဖြည်း

သတ်ပုံစာအုပ်တွေထဲမှာ ဖြေး မပါ။ ဝဏ္ဏဗောဓနသတ်အင်း၊ ကဝိလက္ခဏသတ်ပုံသံပေါက်၊ ကဗျာသာရတ္ထသင်္ဂဟကျမ်းတွေမှာ ဖြည်းဖြည်းလို့သာ ဖော်ပြပါတယ်။ 

ဖြည်း = နှေးသည်၊ သာယာသည်

ညံ့ဖြည်း

တဖြည်းဖြည်း

ပျံ့ဖြည်း

ဖြည်းညင်း

ဖြည်းညှင်းသက်သာ

ဖြည်းညှင်းသာယာ

ဖြည်းဖြည်းပြုသည်

ဖြည်းဖြည်းသက်သာ

ဖြည်းဖြည်းသွားလာသည်

ဖြည်းဖြည်ပြုပါ

သာဖြည်း

သုတ်ဖြည်း

ဖျည်း = ထုံကျဉ်သည်။ စပ်ဖျာ်းဖျည်း။

အတတ်ပညာကို ဖြည်းဖြည်းသင်ရာ၏။ ပစ္စည်းဥစ္စာကို ဖြည်းဖြည်းရှာရာ၏။ တောင်တက်သောသူသည် ဖြည်းဖြည်း တက်ရာ၏။ (လောကနီတိ)

ဇရာကိုကား ဖြည်းဖြည်းလာပါဟု စောင့်ခိုင်း၍ မရနိုင်ချေတကား။

'ဖြည်း' ကို 'ဖြေး' နဲ့ 'မည်း' ကို 'မဲ' လို့မှားရေးနေကြတယ်။ တိမ်တမာန် မဟုတ်ပါ။

တိမ်တမန် 

မှိုင်းပြာမှုန်ဝေ

တိမ်မည်းညိုရိပ်တွေ တောင်ပြန်လေ

တပ်လှန့်နှိုး နိုးကြွလာပြီလေ

တဖြည်းဖြည်း လာချေပြီလေ

ပင်လယ်တွေ ဖြတ်သန်း

ရိုးမအပေါ် လွှားကျော်ကာလေ

သူ့ချစ်မိတ်ဆွေ တို့မြန်မာနိုင်ငံပြည်

လက်ဆောင်ပါးတဲ့

မိုးပုလဲပန်းတွေ ရွာပါစေလေ

အေးအေးချမ်းချမ်း ရွာပါစေ။

ဆည်မြောင်းချောင်းကန် ပြည့်လျှံတိုးအောင်

မိုးလုံးမည်းမျှ မရွာစေချင်ပါပေ

ဆည်မြောင်းချောင်းကန်

အသင့်အမှန်ဖြိုးရန်

ပုလဲကုံးရွယ်အလှ ရွာစေချင်ပါပေ

တို့ပြည်သည်ကား ဆန်စပါးအသက်ပေ

တို့မြေသည်ကား ဆန်စပါးအခက်ဝေ

မက်မပြေနိူင်သော လယ်တောယာမြေ

ထွန်ယက်ပြုစု ယုယအမြဲလေ

တိမ်တမန်အိုအဆွေ

တို့များရွှင်လန်းပုလဲပန်းကို ခြွေ။   ။

သီချင်းစာသား တင်ထားသူတွေက တဖြည်းဖြည်းကို မှန်အောင် မရေးတတ်ကြပါ။ သီချင်းအမည်လည်း မှားကြတယ်။ အနုပညာရှင်အမည်လည်း လွဲအောင်ရေးကြတယ်။ နှစ်တွေ ဘယ်လောက်မျှ ကြာသေးတာ မဟုတ်။မြန်မာစာ မိုးခေါင်နေ၏။

တိမ်တမန် (မူရင်းဓါတ်ပြား) ဆို - စန္ဒယား လှထွတ် https://www.youtube.com/watch?v=7JzYvR1XcFo

တိမ်တမန် (ရေး/မောင်မောင်လတ် ဆို / ကိုလှထွတ်) https://www.youtube.com/watch?v=1BsmFiEx54c

တိမ်တမန် တေးရေး - မောင်မောင်လတ် တေးဆို - စန္ဒရားချစ်ဆွေ https://www.facebook.com/watch?v=346211163602542

ဆို ခင်ညွန့်ရည် https://www.facebook.com/watch?v=902629034268724

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ