ခရမ်းချဉ်သီး ပန်ထွေဖျော်ကို ကိုင်းခရမ်းချဉ်သီးနဲ့လို့ ရေးတာတခု ဖတ်လိုက်ရတယ်။ ပြန်ရှာတော မတွေ့သေးပါ။ ရတဲ့ပုံကိုသာ သုံးပါတယ်။ ကျေးဇူး။
ကိုင်းသီးဆိုတာ ဘာလဲ။
ခရမ်းသီးကိုလည်း ကိုင်းသီးတဲ့။ ခရမ်းချဉ်လည်း ကိုင်းသီးတဲ့။
ငရုတ်သီးဆို ငရုတ်ပု တဲ့။
တယောက်ရေးတာကို လိုက်ရေးနေကြသလား အေက်မေ့တယ်။
ဘာကိုင်းသီးမှ မရှိတဲ့ အမေရိကမှာလည်း ပန်ထွေဖျော် ကောင်းပါတယ်။ ခရမ်းသီးမျိုးစုံလည်း ကောင်းပါတယ်။
ဘာကိုင်းသီးမှ မရှိတဲ့ မြန်မာပြည်တခြားနေရာဒေသတွေမှာလည်း အတူတူပါဘဲ။ ပန်ထွေဖျော် ကောင်းပါတယ်။ ခရမ်းသီးမျိုးစုံလည်း ကောင်းပါတယ်။
ကိုင်းသီးဆိုတာ ရာသီထွက် https://burmese-spelling.blogspot.com/2022/12/blog-post_953.html
ပန်ထွေဖျော် ဋီကာ https://burmese-spelling.blogspot.com/2022/12/blog-post_947.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment