Skip to main content

ဒီ နှင့် သည် အဲတာ နဲ့ အဲဒါ


၁။ ဆရာခင်ဗျာ။ ဒီ နှင့် သည် အသုံးပြုပုံလေး သိချင်ပါသည်။ ဥပမာအားဖြင့် ဒီနေ့ နှင့် သည်နေ့၊ ဒီအချိန် နှင့် သည်အချိန် ဘယ်ဟာအမှန် အမှား ဝေခွဲရခက်နေပါသည်။ ကျေးဇူးတင်ပါတယ်ဆရာ။

၂။ ဆရာ မင်္ဂလာပါ။ ကျတော့်ကို စာလုံးပေါင်း သတ်ပုံလေး မေးခွင့်ပြုပါ။ သည် နဲ့ ဒီ ပါဆရာ။ ရည်ညွှန်းတဲ့အခါမှာ သုံးကြတဲ့အခါ သည်နေရာ ဒီနေရာ သည်ပစ္စည်း ဒီပစ္စည်း ဘယ်ဟာက အမှန်ဖြစ်ပါသလဲဆရာ။

သည် နဲ့ ဒီက စာနဲ့ စကားသာဖြစ်ပါတယ်။ သည်အစားဖြစ်တယ်။ စာရေးရင်တော့ ဤ၊ ယင်း၊ အနှီ၊ ထို၊ ၎င်း၊ အဆိုပါ စသဖြင့် ရေးတယ်။ သည်အလုပ်၊ သည်အမှုလို့ အရင်ကကတည်းကရေးတယ်။ သည်မိုဃ်း သည်လေ သည်လူတွေလို့ အရင်ကရေးပါတယ်။ နောက်မှာ သည်မိုး သည်လေ သည်လူတွေလို့ စာအုပ်ရေးတယ်။ သည်နွေ သည်မိုး သည်ဆောင်း သီချင်းရှိတယ်။

ဒီ

ဒီကရီချသည်

ဒီကျ ဒီတက်

ဒီဃတာလ

ဒီဃနိကာယ်

ဒီဃာယုက

ဒီဃာဝု

ဒီဇင်္ဘာလ

ဒီပယင်း၊ ဒီပဲယင်း၊ ဒီပဲ့ယင်းမြို့ (မွန်-မြန်မာ ကပြားအသုံး၊ ဒီ = ရေ၊ ပဲ့ =ဆိတ်၊ ယင်း = တော)

ဒီပရာဇ်

ဒီပဝင်ကျမ်း

ဒီပိုးကောင်

ဒီလုံးကာတွန်း

ဒီလုံးခင်းသည်

ဒီလုံးငှက်

ဒီလီပဆာမင်း

ဒီလီမြို့၊ ဒေလီမြို့

ဒီရေ

အချိန်ဒီကရီ

သည်

ကုန်သည်

ကုန်သည်

ကချေသည်

လက်သည်

လာသွားသည်

သည်ကိစ္စ

သည်ထန်မင်း

သည်ပင် = သည်မျိုး = သည်ရင်း = သည်ရန် = သည်လျာ = သည်ဟောင်း = မယား-လင်

သည်ပိုးရွက်ဆောင်သည်

သည်မိုး

သည်ရင် = ဆွေးသည်၊ မယား-လင်

သည်ဝါသံခံ = မင်းစေလုလင်

သည်အမှု

သည်အလုပ်

အဆိုသည်

အလုပ်သည်

အသည်ငယ်

အသည်ငယ်

အသည်ကြီး

အသည်ဝန်ကြီး

အသည်အဝါ

အပြောသည်

ဧည့်သည်

ဈေးသည်

အဲတာ နဲ့ အဲဒါ 

သတ်ပုံစာအုပ်ဟောင်းတွေမှာ မပါ။ အဲဒီဟာ၊ အဲတာ၊ အဲသည်ဟာ၊ ဒီကောင်၊ ဒီကောင်မ၊ သည်ကောင်၊ သည်ကောင်မလို့ ရေးကြပါတယ်။ စကားပြောမှာသုံးရာကနေ ဖြစ်လာပုံရတယ်။ အဲတာက စာဆန်တယ်။ အဲဒါက စကားပြော။ ကျွန်တော်ကို ကျတော်၊ ကျနော်လို့ရေးကြပေမယ့် ကျွန်ဒေါ်နဲ့ ကျဒေါ်လို့မရေးပါ။ ဒါလို့ သုံးတာ ခက်ထန်မှုရှိတယ်။ မာတယ်။ ဒါတို့ပြည် ဒါတို့မြေ။

အဲဆိုတာ အဲဒီအရာ၊ အဆိုပါ၊ ထိုဟာ၊ ၎င်း၊ ယင်း၊ အနှီ၊ ဤ သဘောဖြစ်တယ်။ တာမှာ အဓိပ္ပါယ်သပ်သပ်ရှိတယ်။ ခုနစ်တောင် = တတာ၊ တာလမ်းလို့ခေါ်တာမျိုး။ သူ့တာ ကိုယ့်တာ။ အဲတာ၊ အဲဒီတာနဲ့ ဆက်စဉ်းစားရင် သင့်မလား။ အဲဒီဟာကို အဲဟာလို့ပြောကြတယ်။ ဟာဆိုတာ မရေတာတခုခု။ တာက သေချာတယ်။

အဲ့လို့ရေးနေကြတာ မမှန်ပါ။ 

ဒီက ချစ်တာ သိရဲ့သားနဲ့ သူမို့ ခွဲသွားရက်တယ် (မေ့ဘ၀ခဏဘယ်သူယူပါ့မယ် - မာမာအေး)

သည်သောင်ယံက မခွာရက်နိုင်တယ် https://www.youtube.com/watch?v=KLtRUT8Wl_I&list=PLRwbQ0PrfnDZRaM6mEyU-bVmzdNk7jp5A

သည်နွေ သည်မိုး သည်ဆောင်း https://uta-karaoke.com/watch/?v=ZfjvStVyRbQ

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

မုန့် နဲ့ မုံ့

မင်္ဂလာပါဆရာ ထိုးမုံ့ကအမှန်လား ထိုးမုန့်ကအမှန်လား တကယ်မသိလို့မေးတာပါ ဖြေပေးပါနော်  ၁။ ဆရာ မုန့်ဖိုး ကအမှန်မဟုတ်ဘူးလား။ ‌ဆရာရေးထားတဲ့ မုံ့ဘိုးက မှားနေပါတယ်။ - သွေးသောက်အယ်ဒီတာ၏ အမှာ တင်ပြထားပါတယ်။ ၂။ မုန့် နဲ့ မုံ့ ရဲ့ ကွာခြားပုံလေးကို ကျေးဇူးပြု၍ ခွဲခြားပြသပေးပါခင်ဗျ။ အများရေးတာတွေ့နေရတာကတော့ မုန့် လို့အများဆုံးတွေ့ရလို့ပါ။သိမှတ်စရာကောင်းနေပါတယ်ရှင်းပြပေးစေချင်ပါတယ်။ ၃။ မုန့် လို့သာ သင်ခဲ့ရလို့ပါ ဆရာ ၄။ အခုမှ သိတယ် ဆရာ ကျေးဇူးပါ ဆရာ တသက်လုံး အမှား အမှန် ပြင်ရပြီ ၅။ ကျနော်လည်း မုန့် က အမှန်ထင်နေတာ မဟုတ်ဘူးလားဗျ။ ၆။ မုန့်ဖက်ထုပ် ဘာဟာက အမှန်လဲ ဆရာ။ ၇။ မုံ့ လား မုန့် လား။ ၈။ မုံ့ဆိုတာ သတိမထားမိခဲ့ဘူး။ မုန့်မှတ်နေတာဆရာ မြန်မာစာသတ်ပုံမှာ မုန့်လို့ မရှိခဲ့ပါ။ အစီအစဉ်မှာ မုံ - မုံ့ - မုံး - မုန် - မုန်း -မိုး - မိုရ် - မို့ - မိုး - မိုဃ်း လို့သာရှိတယ်။ ကဝိဓဇသတ်ပုံကျမ်းမှာ မုံ့ = စားသောမုံ့၊ မုံ့မျိုးစုံလို့ရေးတယ်။ ဧကန်သာတမုံ့၊ နေသည်တမုံ့၊ ပြုသည်တမုံ့တွေကတော့ အသုံးနည်းလာတဲ့စာလုံးတွေဖြစ်ပါတယ်။ နောက်ထုတ်သတ်ပုံစာအုပ်တွေမှာ မုန့် လို့သာတွေ့နိုင်ကြပါမယ်။ မြန်မာ့စွယ်စုံကျမ်းမှာ မုံ့ လို့သာသုံးပါ...

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟု...