(ကူးယူတင်ပြတာ ဖြစ်ပါတယ်။)
(၁)
ဘုန်းကြီးလူထွက်လျောက်ထုံး
ဘုန်းကြီးလူထွက်တဦးသည် သူနေထိုင်ခဲ့သော ကျောင်းအနီး၌ပင်ပန်းကြီးစွာ လယ်ထွန်နေစဉ် ဆရာတော်ဖြတ်သန်းသွားခိုက်ကြုံ၍ ထွန်ပေါ်မှဆင်းပြီးဝတ်ဖြည့်ရာ
"ရသေ့ကြီရဲ့ မုတ်ဆိတ်မွေးကို မိဖုရားကြီးက ဆောင့်ဆွဲတဲ့ဇာတ်ကို သတိမရဘူးလား"
"ရပါတယ်ဘုရား, ရပုံများတော့ တပည့်တော်ရဲ့ အသားအရေကိုသာ ကြည့်ပါတော့ဘုရား, သစ်ကြားသီး မီးဖုတ်ထားတဲ့ အတိုင်းပါပဲ ဘုရား ကျောတပြင်လုံးလဲ မီးကျောင်းအရေခွံခွာ နေလှန်းထားသလားမှတ်ရ ဒီကျောင်းနားလာပြီ လယ်လုပ်မိတော့ ဘုရားပရိဝုဏ်ကို ကျောပေးပြီး အိမ်သာဆောက် မိသလိုဖြစ်နေပြီဘုရား" ဟု ပြန်လည်လျှောက်ထားလေ၏။
(၂)
အလှူအိမ်မှလက်ဖက်ခွက်
လှတောရွာအနီးတွင် ဘဘ်စ်ကားတစီးပျက်သည်။ ကားပေါ်တွင်ပါသော စပယ်ယာနှင့် ဒရိုင်ဘာတို့ တကုန်းကုန်းနိုက်နေကြစဉ် မကြာခဏရောက်ရောက်လာသော ကားများမှ အပေါင်းအသင်းများကလည်း ဝင်ရောက်ကူညီကြသည်။ ကားမှာမူးကာ စက်မနိုးသေး မကောင်းသေး။ နောက်ထပ်ရောက်လာသော ကားများမှလူများလည်း ခဏရပ်ကာ ဝင်ရောက်ကူညီကာ ထွက်သွားကြပြန်၏။ ဤသည်ကို လယ်ထွန်ရင်း မြင်နေသောလှတောသားကြီးကပြောလိုက်ပုံမှာ
"အလိုလေးကွယ် ကားရယ် လာသမျှလူတွေ တစွတ်စွတ်နဲ့ ဝင်ဝင်နိုက်သွားလိုက်ကြတာ အလှူအိမ်ကလက်ဖက်ခွက်ကြနေတာပဲကွယ်" တဲ့
(၃)
အနီးအဝေး
မန္တလေးသို့ မရောက်ဖူးသူတစုနဲ့ ရောက်ဖူးသော လှတောသားတယောက်တို့ တည်းခိုသောဘုန်းကြီးကျောင်းမှ ထွက်လာကြသည်။ မန္တလေးသို့ သွားကြမည်ဖြစ်သဖြင့် ဘတ်စ်ကားစီးရန် ပြောကြသည် ။
"ဘယ်လောက်တောင်ဝေးလဲ"ဟုမရောက်ဖူးသူကမေး၏။
"သိပ်မဝေးပါဘူး ကားမှတ်တိုင်နှစ်ဆယ်လောက်
ဝေးမယ်ထင်တယ်"
"အဝေးကြီးပါ့လား"
"မဝေးပါဘူးဆိုနေ ကားမှတ်တိုင်တွေက တခု တခု နီးလိုက်သမှ ဘီးစိပ်ထောင်ထားတာကမှကျဲသေးတယ်" ဟု
ဖြေလိုက်တယ်တဲ့။
တင်ပေးထားသူ ကျေးဇူး။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment