အကြော်ပန်း ခေါ် တရုပ်စကားပန်းဟာ ပုပ္ပားတောင်နဲ့ စစ်ကိုင်းတောင်ရိုးရဲ့ သင်္ကေတတခုဖြစ်ပါတယ်။
စံကားပန်း = စာပေကျမ်းတို့၌ စံကားဝါ၊ စံကားဖြူ၊ စံကားနီ၊ စံကားစိမ်းဟု လေးမျိုးပြဆိုရာ စံကားစိမ်းအား အခြားစံကားများနှင့် မျိုးမတူချေ။ တရုတ်စံကားဟုခေါ်ကြသော စံကားပင်မှာလည်း စံကားဝါ၊ စံကားဖြူ၊ စံကားစိမ်းမျိုးရင်းထဲတွင် မပါဝင်ချေ။ စံကားဝါမျိုးရင်းဖြစ်သော စံကားပင်သည် သမိုင်းဝင်ဖြစ်သည်။ ပန်းပဲမောင်တင့်တယ်ကိုကားတင်၍ စီရင်ရာ၌ စံကားပင်တွင် စီရင်သည်။ စံကားသားကို မောင်းတင့်တယ်တို့ နတ်မောင်နှမအရုပ်တုလုပ်၍ ပုပ္ပားတောင်၌စံစေသည်။
စံကားပန်းပင်သည် 'မက်ဂနိုလီးအေးစီအီး'(Magnoliaceae)မျိုးရင်းတွင် ပါဝင်သည်။ ရုက္ခဗေဒအမည်မှာ 'မိုက်ကယ်လီယာ ချမ်ပါကာ'(Michelia champaca; ယခုအခါတွင် Magnolia champaca[၁]) ဖြစ်သည်။ စံကားကို စံကားဝါဟူ၍လည်း ခေါ်သည်။ စံကားပင်သည် အမြဲစိမ်းလန်းသော အပင်မျိုးဖြစ်သည်။ အမြင့်ပေ ၈ဝ ရှိ၍ အရွက်နှင့်အကိုင်း အုပ်ဆိုင်းဆိုင်းရှိသည်။ အရွက်မှာ သရက်ရွက် ပုံသဏ္ဌာန်ရှိ၍ အလျား ၉ လက်မ ရှိသည်။
အပွင့်မှာအဝါရောင်၊ သို့မဟုတ် လိမ္မော်ရောင်ရှိ၍ အလျား ၂ လက်မ ရှိသည်။ အလွန်မွေးကြိုင်သည်။
အမည်အခေါ် တရပ်တမျိုး၊ တယောက်တမျိုးဖြစ်မှ မြန်မာ (ဗမာ) ပီသတယ်။
- English with Christopher - Plumeria အကြော်ပန်း
- တရုတ်စံကား - ဝီကီပီးဒီးယား
- တရုတ်စံကားပွင့်သုပ်စားပါဆေးဖက်အလွန...
- တရုတ်စကား၊
- တရုတ်စကားပန်းတွေဆိုတာ...
- တရုတ်စကားပန်းလုပ်ခိုင်းထားတာလေး Plumeria ပန်း အဓိပ္ပာယ် နှင့် အိပ္အကယ်မရှိပါသလား | TikTok
- တရုတ်စကားအဖြူ၊
- တရုပ်စကားပန်းပင်ရဲ့ဆေးအဖြစ်အသုံးဝင်ပုံံ၊အသုံးပြုနည်း - YouTube
- တရုပ်စကားပန်းပွင့်နှင့် ဆေးဘက်ဝင်ပုံ... - မိုးယံထက်က"စွယ်" | Facebook
- ရေဒီယို - တလုပ်စကားပန်း | Facebook
- အကြော်ပင် တရုတ်စကားပန်း မျိူးနွယ်... - Pyin Oo Lwin Garden
ဟိုအရင်က 'တရုပ်' လို့သာ ရေးပါတယ်။ နောက်မှာ 'တရုတ်' တဲ့။ အခုတော့ တချို့က 'တစ်ရုတ်' တဲ့။
ဘယ်လိုရေးရေး စစ်ကိုင်းက 'အကြော်ပန်း' နဲ့ ပုပ္ပားက 'စံကားပန်း' 'စကားဝါပန်း' တို့က မွှေးတယ်။
နယူးဒေလီမြို့ ရှစ်လေးလုံးဘုန်းကြီးကျောင်းထဲမှာလည်း နှစ်ပင်ရှိတယ်။ အပွင့်၊ အဖူးနဲ့ အရွက်နုလေးတွေကို ရေနွေဖျောပြီး ငန်ပြာရည် (ငံပြာရည်) ချက်နဲ့ တို့စားခဲ့ပါတယ်။ အပွင့်များများရရင် သုပ်စားလို့လည်း ကောင်းတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment