Skip to main content

မေမြို့သို့မဟုတ် ပြင်ဦးလွင်

နှစ် ၁၀၀ ပြည့် ပန်းပွဲ​တော် ပြင်ဦးလွင်မြို့

ပုံအတွက် ကျေးဇူး။

၁၀၀ ကို တရာ လို့ရေးခဲ့စဉ်ကတော့ မေမြို့လို့လည်း ခေါ်ပါတယ်။

ပန်းကမ္ဘာမျှော်စင်

တေးရေး - ဦးကျော့မှူး

တေးဆို - နွဲ့ယဉ်ဝင်း

မေမြို့သို့မဟုတ် ပြင်ဦးလွင်

တိမ်ခိုးလေးများ ခြုံသိုင်းပါလို့ဆင်

ပန်းကမ္ဘာမျှော်စင် စခန်းသာခေါ်တွင်

မြွေလိမ်မြွေကောက် လမ်းကလေးများ

ဖြတ်ခါကျော်ခဲ့ရင် မြေပြင်ချိုင့်ဝှမ်း

မန္တလေး အဝေးမှာမှုန်ဝါးမြင်

မေမြို့သို့မဟုတ် ပြင်ဦးလွင်

တိမ်ခိုးလေးများ ခြုံသိုင်းပါလို့ဆင်

ပန်းကမ္ဘာမျှော်စင် စခန်းသာခေါ်တွင်

မြွေလိမ်မြွေကောက် လမ်းကလေးများ

ဖြတ်ခါကျော်ခဲ့ရင် မြေပြင်ချိုင့်ဝှမ်း

မန္တလေး အဝေးမှာမှုန်ဝါးမြင်

ဖွေးလဲ့ဖြူစင် တောပန်းစပယ်ပင်

တဆစ်ချိုး တောင်ကမ်းပါးမှာ

အေးအေးသန့်သန့် မွှေးမွှေးပြန့်ပြန့်

လန်းလန်းဆန်းဆန်း ပန်းပေါင်းစုံလင်

သင်းမြူးဝင့်ကြွား ထင်းရူးပင်များ

ခရီးဦးကြိုဆိုထင်

မေမြို့သို့မဟုတ် ပြင်ဦးလွင်

တိမ်ခိုးလေးများ ခြုံသိုင်းပါလို့ဆင်

ပန်းကမ္ဘာမျှော်စင် စခန်းသာခေါ်တွင်

မြွေလိမ်မြွေကောက် လမ်းကလေးများ

ဖြတ်ခါကျော်ခဲ့ရင် မြေပြင်ချိုင့်ဝှမ်း

မန္တလေး အဝေးမှာမှုန်ဝါးမြင်

မေမြို့သို့မဟုတ် ပြင်ဦးလွင်

တိမ်ခိုးလေးများ ခြုံသိုင်းပါလို့ဆင်

ပန်းကမ္ဘာမျှော်စင် စခန်းသာခေါ်တွင်

မြွေလိမ်မြွေကောက် လမ်းကလေးများ

ဖြတ်ခါကျော်ခဲ့ရင် မြေပြင်ချိုင့်ဝှမ်း

မန္တလေး အဝေးမှာမှုန်ဝါးမြင်

ဖွေးလဲ့ဖြူစင် တောပန်းစပယ်ပင်

တဆစ်ချိုး တောင်ကမ်းပါးမှာ

အေးအေးသန့်သန့် မွှေးမွှေးပြန့်ပြန့်

လန်းလန်းဆန်းဆန်း ပန်းပေါင်းစုံလင်

သင်းမြူးဝင့်ကြွား ထင်းရူးပင်များ

ခရီးဦးကြိုဆိုထင်

သင်းမြူးဝင့်ကြွား ထင်းရူးပင်များ

ခရီးဦးကြိုဆိုထင်။   ။

မန္တလေးရာပြည့်တုန်းကလည်း တရာကို မှန်အောင်ရေးခဲ့ပါသေးတယ်။

အခုတော့ မြို့အမည်ကိုတောင် မှန်အောင်မရေးတတ်ကြတော့ပါ။ ခေတ် တဲ့။

မြန်မာစာ တဆစ်ချိုး တောင်ကမ်းပါးမှာ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ