မေးခွန်းတခု = တစုံတရာ၊ တစ်စုံတစ်ရာ၊ တစ်စုတစ်ယောက်၊ တစုံတယောက်၊ တစ်စုံတစ်ခု၊ တစုံတခု အဲ့တာတွေကိုလည်း အမှား အမှန်ပြင်ပေးပါဦးရှင့်။
'တစုံတရာ' 'တစုံတယောက်' 'တစုံတခု' ကလွဲရင် အကုန်မှားတယ်။
မှတ်ရန်မှာ -
ဂိုဏ်းသစ်ကြီး ၃ ဂိုဏ်းစီ ပေါ်ပေါက်လာတယ်။
၁။ တစ်စုံတစ်ရာ ဂိုဏ်း၊
၂။ တစ်စုံတရာ ဂိုဏ်း၊
၃။ တစုံတစ်ရာ ဂိုဏ်း၊
၁။ တစ်စုံတစ်ခု ဂိုဏ်း၊
၂။ တစ်စုံတခု ဂိုဏ်း၊
၃။ တစုံတစ်ခု ဂိုဏ်း၊
၁။ တစ်စုံတစ်ယောက်ဂိုဏ်း၊
၂။ တစ်စုံတယောက်ဂိုဏ်း၊
၃။ တစုံတစ်ယောက်ဂိုဏ်း။
- စသတ်များလေ လူကြိုက်များလေ။
- စာမေးပွဲ အမှတ်များများရလေ။
- မြန်မာစာသင်ရင် ကျောင်းသားများလေ။
- စာအုပ်ထုတ်ရင် ဝယ်သူများလေ။
ထို့ကြောင့် သတ်ပုံ အမှန် အမှားမကြည့်တော့ဘဲ အကျိုးအမြတ်ကိုသာကြည့်သူတွေ များနေတယ်။
ထို့ကြောင့် မြန်မာစာ နေမကောင်းသော်လည်း ချမ်းသာပါ၏။
ဒေါက်တာတင့်ဆွေ
.jpeg)
Comments
Post a Comment