ကွန်မင့်တခု = တစ် နှစ် စာကို ခြစ် သုံးလေး မသိတာမေး ငါးခြောက် နှစ်ခြင်းပေါက် ခုနစ် ရှစ် တပည့်သစ် ကိုးတဆယ် ကြိုးစားမယ် ဟူ၍ မူလတန်း သင်ခန်းစာ တွင် ပါဝင်သည် ကျေးဇူးပါ ဆရာခင်ဗျ
ဟုတ်။
'တစ်နှစ် စာ ကိုချစ်' လို့ ရေးရသည်။။ 'ခြစ်' နဲ့ 'ချစ်' မတူပါ။
Grade - 1 Burmese (အခန်း ၃) (ဂ) တစ် နှစ် စာကို ချစ် (ကဗျာ Myanmar new curriculum textbook....
၁။ သူငယ်တန်းစာမှာ 'တစ်ဆယ်' လို့ရေးထာတာ မှားနေပါသည်။ တဆယ် လို့သာ ရေးရတယ်။
၂။ First Grade လို့ ရေးရတယ်။
1 နဲ့ First မတူပါ။
1 student ကျောင်းသားတယောက်။
1 book စာအုပ်တအုပ်။
The first book ပဌမဆုံးစာအုပ်။
First prize ပဌမဆု။
First Grade = ပဌမ (ပထမ) တန်း
Second Grade = ဒုတိယတန်း
Third Grade = တတိယတန်း
10th Grade = ဒသမတန်း (တချို့က ဒဿမတဲ့။ မှားတယ်။)
ပဌမ နဲ့ ပထမ အတူတူသုံးနိုင်သည်။
ပဌမ (ပါဠိ) နဲ့ ပထမ (သက္ကတ) မူကွဲတွေဖြစ်တယ်။ နှစ်မျိုးလုံးမှန်တယ်။
ပဌမ နှင့် ပထမ https://dr-tint-swe.blogspot.com/2021/07/blog-post_35.html
ချစ် ခြစ် https://burmese-spelling.blogspot.com/2024/02/blog-post_386.html
ဒသမ https://burmese-spelling.blogspot.com/2023/11/blog-post_671.html
My First Day of First Grade: A Sweet Back-to-School Picture Book for Kids
ဒေါက်တာတင့်ဆွေ


Comments
Post a Comment