မကြာခဏ အကိုးအကား အထောက်အထားတွေနဲ့ တင်ပြထားပါတယ်။
အင်္ဂလိပ်၊ ဂျာမန်၊ စပိန်၊ ပြင်သစ် စတဲ့ ဘာသာစကား မတူတာကနေ ယူသုံးတိုင်းတာတိုင်း မြန်မာသံနဲ့ အတိအကျရခဲတယ်။
မြန်မာပြည်မှာ အရိုးစွဲနေတဲ့ အင်္ဂလိပ်အသံထွက်တွေ လွဲနေတာတွေ ရှိတယ်။ အဲဒါတွေကိုလည်း တင်ပြထားပါတယ်။
ခက်တော့တာက -
၁။ မှန်အောင် အသံထွက်ရင် နားထောင်သူတချို့ က နားမလည်။
၂။ အမှန်ကို မသိသူတွေက ကဲ့ရဲ့ကြမယ်။
၃။ ဈေးရာင်းသူက မှန်အောင်ထွက်ပေမဲ့ ဝယ်တဲ့သူတချို့က နားမလည်လို့ မရောင်းရ။
၄။ 'အွန်လိုင်း'၊ 'ယူကျု'၊ 'ပေါ့ကစ်' တွေမှာ အသံထွက်တွေ အတော်များများ မှားနေကြတယ်။
မြန်မာသံ
၁။ 'အေအိုင်' က ဖတ်ပေးတာ အတော်ကို မှားနေတယ်။
၂။ ကျွန်တော့ကွန်ပြူတာ 'မိုက်ကရိုဆော့ဖ်' က 'အပ်ဒိတ်' ဖြစ်တော့ တခါတခါ ဘယ်ခလုတ်ကို နှိပ်မိသလဲ မသိ။ ကိုယ်ရေးနေတဲ့စာကို အသံထွက် ဖတ်ပြတယ်။ အမျိုးသမီးအသံနဲ့။ မမှန်။ အမှားတွေ။
'အဇ္ဈတ' စာလုံးကို မှန်အောင်မထွက်တာလောက်က တော်သေးတယ်။ 'မန္တလေး' သံ မမှန်ပါ။ လွယ်လွယ်လေးတွေလည်း မမှန်ပါ။
1. Adopted Words ဘိုစာလုံးများ https://burmese-spelling.blogspot.com/2023/10/adopted-words.html
2. Adopted Words မွေးစားစာလုံးများ https://burmese-spelling.blogspot.com/2023/01/adopted-words.html
3. All Mixed Up မှန်အောင်မရေးရ https://burmese-spelling.blogspot.com/2024/06/all-mixed-up.html
4. April May June July ဧပြီ အေပြီ အေပရယ် ဂျွန်လ ဇွန်လ မဇွန် ဂျူလိုင် ဇူလိုင် မဇူလိုင် https://burmese-spelling.blogspot.com/2023/05/april-may-june-july.html
5. At odds တိကျစစ်မှန်တာ ရှားတယ် https://burmese-spelling.blogspot.com/2024/05/at-odds.html
6. Loan Words ချေးငှား မွေးစားစာလုံးများ (၂) https://burmese-spelling.blogspot.com/2024/01/loan-words.html
7. Loan Words ချေးငှား မွေးစားစာလုံးများ https://burmese-spelling.blogspot.com/2024/10/loan-words.html
8. Ultrasound အထွာဆောင်း https://burmese-spelling.blogspot.com/2022/12/ultrasound.html
9. နှုတ်ကျိုးနေတော့ ပြင်ရခက်တယ် https://burmese-spelling.blogspot.com/2022/09/blog-post_212.html
10. ဘာသာပြန် အမည်စာလုံးများ https://burmese-spelling.blogspot.com/2024/11/blog-post_34.html
ကျွန်တော်တို့အဖြစ်က ချပြောမှ အဆင်ပြေလေ့ရှိတယ်။
ကျွန်တော် နယူးဒေလီမှာနေခဲ့စဉ်က ဆက်ဆံပေါင်းသင်းရသူ ၉၀% လောက်ဟာ ဗမာ (မြန်မာ) လူမျိုးတွေ မဟုတ်ကြပါ။ မြန်မာလိုပြောရင် ချပြောရတယ်။ ဘိုစာလုံးနဲ့ ညှပ်ပြောရတယ်။
အဲဒါနဲ့ ကျွန်တော့မြန်မာစကား မတိုးတက်ခဲ့ပါ။
အင်္ဂလိပ်အသံထွက်တွေ လွဲနေခဲ့တာတွေလည်း အများကြီး။ ယူအက်စ်အေ ရောက်မှသာ သိသိလာတယ်။ ပြင်စရာတွေ အများကြီး ကျန်သေးတယ်။
Pronunciation in English — A Friendly Method! — English Reservoir
ဒေါက်တာတင့်ဆွေ

Comments
Post a Comment