Skip to main content

ကဗျာ ခက်ဆစ်အဓိပ္ပါယ်

တပို့တွဲလဖွဲ့ လေးချိုးအောက်မှာ ကွန်မင့်တခုရတယ်။ ရှေးခေတ်ပညာရှင်တွေရဲ့ကဗျာတွေက ကောင်းပြီးသားဘဲ၊ တချို့စကားလုံးတွေ နားမလည်တာက ခက်တယ် တဲ့။

စံနစ်တကျသင်ပေးတဲ့ဆရာတွေက ခက်ဆစ်အဓိပ္ပါယ်ဖွင့်ပေးကြပါတယ်။ ကဗျာစာအုပ်တွေမှာ ဝေါဟာရအနက်၊ ဝေါဟာရ လေ့လာချက်၊ စကားပြေ၊ လိုရင်းအချုပ်၊ ဝေဖန်ချက်ပါထည့်တယ်။ ဦးကြီးရေးတဲ့ စပ်ဟင်းချို လွမ်းချင်းကို တင်ပြပါရစေ။

စပ်ဟင်းချို

တခါလေလိုက်ခဲ့တော့၊ စရိုက်ကယ်ဘာသာ၊ တို့တောရွာမှာ၊ စားစရာဆန်ထမင်းမှာလ၊ မုရင်းနီတျာနှင့် သီတာရောတဲ့ချိန်ကိုလေး။

စပ်ဟင်းချိုမူ ယုန်ကိုပြက်ပြက်၊ ကင်ပလင်း ဂုံမင်းဖက်လို့၊ ငပျက်ကယ်ရောရီ၊ လောရွှေပီနှင့်၊ ပတီရုံးပြုံး စပ်ကာ ကျိုပြီးလျှင်၊ ဇီးချိုပင်ရိပ်သာမှာ၊ နှစ်မျက်နှာ ယှဉ်ပြိုင်ပြုံးလို့၊ သုံးရအောင်လေး။   ။

ဝေါဟာရအနက်

နီတျာ = နီရဲသော

သီတာဆန် = ကောက်ကြီးဆန်တမျိုး။

ပြက်ပြက် = အနည်းငယ်။

ငပျက် = ငါးအငယ်စားတမျိုး။

ရောရီ = ရောနှော၍။

ပြုံးစပ်ကျို = ရောမွှေ၍ကျိုသည်။

ထမင်းကို မုရင်းဆန်နီနီနှင့် သီတာဆန်ရောချက်တယ်။

ဟင်းချိုကို ကင်ပလင်းရွက်၊ + ဂုံမင်းရိုး + ပီလောရွက် + ရုံပတီးသီး ရောမွှေပြီးကျိုတယ်။

မှတ်ချက်

၁။ တောဓလေ့ရေးတဲ့ ဦးကြီးကတော့ တခါလေကို တစ်ခါလေလို့ မရေးပါ။ မြို့ဓလေ့ ဆရာကြီးဆရာမကြီးတွေကသာ ရေးကြတယ်။ နိုင်ငံခြားရောက်တွေလည်း ပါတာပေါ့။

၂။ ရှေးကစာတွေသာ မဟုတ်ပါ။ ခေတ်ဆိုပြီး မှားရေးနေတာတွေကိုလည်း နားမလည်ပါ။ မှားအောင်ရေးတာ ခေတ်တဲ့။ ခေတ်စာလုံးကို အားနာစရာကောင်းတယ်။

ဒေါက်တာတင့်ဆွေ

၇-၂-၂၀၁၉

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ