Skip to main content

ဆရာကြီးဆိုတာ ဘယ်သူလဲ

မက်ဆေ့ချ်တခု = ဆရာကြီးရာကောင်းရာသုဂတိဘုန်ဘဝသို့ရောက်ရှိပါစေ ဆရာကြီးရေးသားထားတဲ့စာသားတွေကတကဲ့မှတ်သားလောက်ပါပေတယ်ဆရာကြီးရယ်

၂-၃ ခေါက်ဖတ်တာ သိပ်တော့ နားမလည်သေးပါ။

ဆရာကြီးဆိုတာ ဘယ်သူလဲ။ 

လောလောဆယ်ကွယ်လွန်သူတချို့နဲ့ဆိုင်တာလေးတွေလည်း ရေးတော့ ကွယ်လွန်သူတဦးဦးကို ရည်ညွှန်းတာလား။ 

ကျွန်တော့ကိုလား စဉ်းစားနေရတယ်။ ကျွန်တော်က အခုစာကို ရေးနိုင်ပါသေးတယ်။ 

သုဂတိဘုံ လို့ ရေးရတယ်။

ပြန်စာ = တေးရေးဆရာ နိုင်မြန်မာကို ဆိုလိုတာပါခမျာ။ မှားတာရှိရင် ခွင်လွှတ်ပါဗျာ ရည်ရွယ်သူအထင်မှားမှာကြောက်လို့ပါ။ တောင်းပန်ပါတယ်။

ဟုတ်။

ကျွန်တော်က မေးခွန်းတွေ၊ ကွန်မင့်တွေနဲ့ မက်ဆေ့ချ်တွေမှာ 'ဆရာကြီး' လို့ ရေးတာတိုင်းထဲက 'ကြီး' ကိုဖြုတ်ပြီးမှသာ ပို့စ်မှာ သုံးပါတယ်။ အခု မက်ဆေ့ချ်က ဘယ်သူ့ကိုပြောတာလဲ မသိလို့ ဆက်ထည့်ထားပါတယ်။

ကျွန်တော့အသက်ကတော့ ကြီးရုံမက အိုပြီ။ ဒါပေမဲ့ ဆရာဝန်လောကမှာ 'ကြီး' ကို ဆေးရုံအုပ်ကြီး၊ တိုင်းမှူးတို့အတွက်သာ သုံးပါတယ်။ ကျွန်တော်က မြို့နယ်ဆရာဝန်အဆင့်သာ တာဝန်ရှိခဲ့ပါတယ်။

ဆရာရှင့်

သမီး G6 ကျောင်းသူပါ။

ဖြန့်ကျက် နဲ့ ဖြန့်ကြက် ဘယ်ဟာအမှန်လဲသိချင်ပါတယ်။

ဖြန့်ကြက်

အငွေ့ပျံ နဲ့  အငွေ့ပြန် လဲ သိချင်ပါတယ်။ သမီးကိုကူညီပါနော်။

အငွေ့ပျံ

လန့် ဖျတ် ဖျန့် ဖြန့် ဖျပ် https://burmese-spelling.blogspot.com/2024/04/blog-post_98.html

ပျံ ပြန် https://burmese-spelling.blogspot.com/2022/11/blog-post_427.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ