မေးခွန်ပါအတိုင်းရေးလည်း နားလည်နိုင်ပါတယ်။
စာရေးတာ စကားပြောတာတွေက သူ့နေရာနဲ့သူ အပြော၊ အရေး မတူပါ။
မင့်ကို ငါ အရမ်းချစ်တယ်။ (ဘယ်သူ့ကိုလဲ သိစေရမယ်။)
'ထားမသွားဘူး' မှန်တယ်။ 'မထားသွားဘူး' ဆိုရင် 'မထား' ခေါ် အမျိုးသမီးလိုလို ထင်စေနိုင်တယ်။
စာရေးတဲ့အခါ အဖြတ်အတောက် လိုတယ်။
'ချစ်တယ်' နဲ့ 'ထားမသွားဘူး' ကြားမှာ တကွက်ခြာရမယ်။
ဆက်ရေးတော့ 'ထား' ဆိုတဲ့မိန်းကလေးက ပြောသလိုလို။
'နော်' လို့ အခုတလော အတော်ရေးနေကြတယ်။ စံကိုက်အသုံးတော့ မဟုတ်ပါ။
'နော်' ဆိုတာ ခခယယပြောတာ။ ခပ်ချွဲချွဲပြောတာ။ ရိုသေကျိုးနွံစွာ ပြောတာ။ တောင်းပန်သလိုပြောတာ။ တွေ့နေရတာတွေက လူတိုင်းကို 'နော်' 'နော်' လုပ်နေကြတာ မသင့်မှန်ပါ။ မိဘ၊ ဆရာသမားတွေ၊ ဘုန်းတော်ကြီးကိုလည်း တနောနော်နဲ့။
ရိုင်းကုန်ကြပြီ (လူထုဒေါ်အမာ)
'အရမ်း' အသုံးက လူတိုင်းလိုလို သုံးနေကြပေမဲ့ မှန်တော့ မမှန်ပါ။ လွန်လွန်ကဲကဲသဘော။ 'အရမ်းကာရော' ကနေလာတာ။ 'စည်းစနစ်မကျ'၊ 'ဟော့ဟော့ရမ်းရမ်း'။
ခက်တာက နားထောင်တဲ့သူက 'အရမ်း' အဆင့်သာရှိရလည်း 'အရမ်း' လို့ပြောမှ အဆင်ပြေလောက်တယ်။
'နော်' လည်းမထူးဘူး။ ဈေးဝယ်သူတွေက 'နော်' အဆင့်သာရှိရင် 'နော်' လို့ ပြောမှ၊ ရေးမှ ဝယ်ကြမှာ။
ယနေ့ခေတ် မြန်မာပြည်။
ဒီစာလုံးမှာလည်း 'ပြည်' 'နိုင်ငံ' လို့ မပါကြ။ 'တိုင်းပြည်'၊ 'လူမျိုး'၊ 'စာ'၊ 'စကား' အားလုံးကို ရောချနေကြတဲ့ခေတ်။
'ပါပီ' လို့ရေးမှ လူတွေက ဝယ်ကြပါသတဲ့။
120 Love Letters for Him ideas | letter for him, love letters, romantic love letters
ဒေါက်တာတင့်ဆွေ
.jpeg)
Comments
Post a Comment