ထိုးကွင်း၊ ဆေးမင်ကြောင်နဲ့ တက်တူးတို့က အတူတူပဲလား ဆရာ။
ဆေးမင်ကြောင်သည် လူ့ခန္ဓာကိုယ် အရေပြားပေါ်တွင် သေရာပါသည့်တိုင် စွဲစွဲမြဲမြဲ ထင်နေစေရန် ဆုတ်၊ ဆူးချွန် အစရှိသည့် ကိရိယာများဖြင့် ဆေးရောင်သွင်းကာ ရုပ်ပုံများ၊ အမှတ်အသားများ၊ စာလုံးများနှင့် ပန်းကနုတ်များကို အလှအပ အလို့ငှာ ထိုးခြင်းဖြစ်သည်။
ယနေ့ခေတ် လူငယ်များသည် ဆေးမင်ကြောင် (Tattoo) ကို မိမိတို့၏ ခန္ဓာကိုယ်တွင် နှစ်ခြိုက်စွာ ဆေးခြယ်လာကြသည်ကို တွေ့ရှိနေရသည်။ ကျား၊ မ မရွေး အလှအပအဖြစ် မိမိကိုယ်တွင် ရေးထိုးလာကြသည်။ ဆေးမင်ကြောင်ထိုးခြင်းသည် မြန်မာ့ အနုပညာလောကတွင် ၂၀၀၀ ပြည့်လွန်နှစ်များမှ စတင်၍ ခေတ်စားလာသည်။
ထိုးကွင်းထိုးခြင်း အလေ့အထသည် ရှေးအခါက အလွန် ခေတ်စားခဲ့သည်။ တကြိမ်တခါက ဂျပန်နိုင်ငံတွင် များစွာ ခေတ်စားခဲ့သည့်နည်းတူ မြန်မာနိုင်ငံတွင်လည်း အလွန်ခေတ် စားခဲ့သော ဓလေ့တခုဖြစ်သည်။ ရှေးခေတ် ဂျပန်လူမျိုးများ နှင့် ရှေးခေတ် မြန်မာလူမျိုးများသည် ကိုယ်ပေါ်တွင် ထိုးကွင်း ဆေးရုပ်များကို ထိုးနှံခဲ့ကြလေသည်။ ထိုနည်းတူစွာ ပေါ်လီနီးရှင်းလူမျိုး၊ မာအိုရီလူမျိုးနှင့် မာကေဆကျွန်းသားများသည် လည်း ထိုကွင်းထိုးခြင်း အလေ့အထကို အထူးသဖြင့် ပြုလုပ်ခဲ့ကြသူများဖြစ်သည်။ ယခုခေတ်တွင် အင်္ဂလိပ် အမေရိကန် စသော အနောက်တိုင်းသားလူမျိုးများ၌ပင် ဆေးရုပ်ထိုးနှံခြင်း အလေ့အထသည် လုံးဝပျောက်ကွယ်သွား ခြင်းမရှိသေးပေ။ အထူးသဖြင့် စစ်သားများတွင် ယင်းအလေ့အထကို အများအပြားတွေ့ရသည်။
ဆေးမင်ကြောင်သည် လူ့ခန္ဓာကိုယ် အရေပြားပေါ်တွင် သေရာပါသည့်တိုင် စွဲစွဲမြဲမြဲ ထင်နေစေရန် ဆုတ်၊ ဆူးချွန် အစရှိသည့် ကိရိယာများဖြင့် ဆေးရောင်သွင်းကာ ရုပ်ပုံများ၊ အမှတ်အသားများ၊ စာလုံးများနှင့် ပန်းကနုတ်များကို အလှအပ အလို့ငှာ ထိုးခြင်းဖြစ်သည်။
ယနေ့ခေတ် လူငယ်များသည် ဆေးမင်ကြောင် (Tattoo) ကို မိမိတို့၏ ခန္ဓာကိုယ်တွင် နှစ်ခြိုက်စွာ ဆေးခြယ်လာကြသည်ကို တွေ့ရှိနေရသည်။ ကျား၊ မ မရွေး အလှအပအဖြစ် မိမိကိုယ်တွင် ရေးထိုးလာကြသည်။ ဆေးမင်ကြောင်ထိုးခြင်းသည် မြန်မာ့ အနုပညာလောကတွင် ၂၀၀၀ ပြည့်လွန်နှစ်များမှ စတင်၍ ခေတ်စားလာသည်။
ဆေးမင်ကြောင်ထိုးကြရာတွင်
အထိမ်းအမှတ်အဖြစ် ထိုးနှံခြင်း၊
အလှအပအဖြစ် ထိုးနှံခြင်း၊
စွဲလမ်းမှုကို အခြေခံ၍ အဆောင်အဖြစ် ထိုးနှံခြင်း၊
ရိုးရာဓလေ့အရ ထိုးနှံခြင်းတို့ ဖြစ်ကြသည်။
ရှေးခေတ်က ထိုးကွင်းမရှိသော ယောက်ျားသည် ယောက်ျား မပီသဟု ယူဆခဲ့ကြသည်။ တောင်ငူမင်း နတ်သျှင်နောင်၏ ညီတော် မင်းရဲကျော်စွာသည် ထိုးကွင်းထိုးနှံခြင်း မရှိသဖြင့် နောင်တော်နတ်သျှင်နောင်က သူ၏ ရတုစာတော်အချို့တွင် ညီတော်မင်းရဲကျော်စွာအား ရည်ငံရင်းရှိသည့် မင်းသမီးက ပြက်ရယ်ပြုလေဟန် အောက်ပါအတိုင်း ရေးစပ်ဖွဲ့ဆိုခဲ့ဘူးသည် -
‘ဖြိုးမောက်မသင့်၊ ပတ်မမြင့်တည့်၊ ရှေ့နှင့်နောက်သာ၊ နံမှာ ဖြူရောင်၊ သလင်းတောင်ကို၊ မည်းအောင်ဖြည့်လေ၊ ပြည့်မှစေ လော့၊ မြင်ချေသည်မူ၊ ခြောက်ပြည်သခင်၊ နေလုလင်လည်း၊ သို့စင်လွန်ကဲ၊ တင့်မည်ခဲစွ၊ မင်းရဲကျော်စွာ၊ မည်သာလွှင့်ပေါ်၊ မင်သေ့သော်မူ၊ နံတော်နှစ်ဘက်၊ စွန်းမစက်သည်၊ မရှက် ပတ်လည် ဝေးသေးသည်။’
ဒေါက်တာတင့်ဆွေ
.jpeg)
Comments
Post a Comment