Skip to main content

Zodiac Signs ဆယ့်နှစ်ရာသီခွင် သင်္ကေတများ

Horoscope Signs ဇာတာခွင်လို့လည်းခေါ်ကြတယ်။ နတ္ခတ္တဗေဒနဲ့ဆိုင်တယ်။ အရုပ် ၁၂ ခုရှိတယ်။ 

1. Aquarius: The Water Bearer (Jan 20-Feb 18) ရေထမ်းသမား (ကုံရာသီ)

2. Pisces: The Fish (Feb 19-Mar 20) ငါးနှစ်ကောင် (မိန်ရာသီ)

3. Aries: The Ram (Mar 21-Apr 19) သိုးထီး (မိဿရာသီ) 

4. Taurus: The Bull (Apr 20-May 20) နွားသိုး (ပြိဿရာသီ)

5. Gemini: The Twins (May 21-Jun 20) လူအမြွာ (မေထုန်ရာသီ)

6. Cancer: The Crab (June 21-July 22) ကနန်း (ကရကဋ်ရာသီ)

7. Leo: The Lion (July 23-Aug 22) ခြင်္သေ့ (သိဟ်ရာသီ)

8. Virgo: The Virgin (Aug 23-Sep 22) အပျိုကညာ (ကန်ရာသီ)

9. Libra: The Scales (Sep 23-Oct 22) ချိန်ခွင် (တူရာသီ)

10. Scorpio: The Scorpion (Oct 23-Nov 21) ကင်းမြီးကောက် (ဗြိစာ္ဆရာသီ)

11. Sagittarius: The Archer (Nov 22-Dec 21) လေးသမား (ဓနုရာသီ)

12. Capricorn: The Goat (Dec 22-Jan 19) ဆိတ် (မကရရာသီ)

ဆယ့်နှစ်ရာသီခွင် သင်္ကေတရုပ်တွေက တခုနဲ့တခု မတူတာတွေ့ရတယ်။ ချို့နေရာတွေမှာ ကင်ဆာနေရာမှာ ကျောက်ပုဇွန် (ဂဏန်းလက္မ) ပုံလဲတွေ့ရတယ်။ ကင်းမြီးကောက်ကို (ကုံရာသီ) မှာ သုံးတာလဲရှိပြန်သေးတယ်။

ဆေးပညာစာလုံးတွေကို အတော်များများကို ဂရိ၊ လက်တင်စာလုံးတွေကနေ ယူသုံးတယ်။ ကနန်းရုပ်ဟာ ကင်ဆာ ဖြစ်တယ်။ ကိုယ်ထည်တခုကနေ ခြေထာက်တွေ အများကြီးရှိတယ်။ ကင်ဆာရောဂါမှာလဲ တနေရာမှာဖြစ်နေတာက ခြေထောက်ပေါက်သလို ပြန့်နှံ့ရောက်သွားလို့ ဒီသင်္ကေတကိုယူတာ ဖြစ်ပါတယ်။

ရာသီခွင်ကို မြန်မာ့စွယ်စုံကျမ်းမှာ သည်လိုရေးသားထားပါတယ်။ တနှစ်တွင် နေသည် အမြင်အားဖြင့် ကောင်းကင်၌ ရှိသော နက္ခတ် ခေါ် ကြယ်စု ၁၂ ခုကို ဖြတ်ကျော်သွား၍ ထိုနက္ခတ်များတည်နေရာ နယ်နိမိတ်များကို ရာသီခွင်များအဖြစ် ရှေးနက္ခတ်ဆရာများလက်ထက်ကစ၍ သတ်မှတ်ထားခဲ့ကြသည်။ ရာသီခွင်တခွင်တွင် နက္ခတ်တလုံး (ကြယ်တစု) ရှိ၍ အဆိုပါရာသီခွင်တခုစီကို ရုပ်ပုံတခုစီဖြင့် ခွဲခြား သတ်မှတ်ထားသည်။ 

အခုခေတ် မြန်မာစာကဝိတွေနဲ့ သူတို့ရဲ့ တပည့်တွေက ၁၂ လ ဆိုတာ တနှစ် မဟုတ်ဘူးတဲ့။

ရာသီခွင်တခွင် မရှိဘူးတဲ့။

နက္ခတ်တလုံး မရှိဘူးတဲ့။

ကြယ်တစု မရှိဘူးတဲ့။

ဒေါက်တာတင့်ဆွေ

၁-၂-၂၀၁၉

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ