Skip to main content

ပုဒ်ကြီး / ပုဒ်ကလေး / ပုဒ်ထီး / ပုဒ်မ


ပုဒ်ကလေး၊ ပုဒ်မကအစ မလွဲဘူးဆရာ။

ဟုတ်။ ကောင်း၏။

ပုဒ်

ပုဒ် ၃ ပါး = စာရေးရာ၌ အနက်အဓိပ္ပာယ်ကို သိခြင်း၏ အကြောင်းဖြစ်သော ပုဒ်များ။

(၁) ဧကက္ခရပုဒ် = အက္ခရာတလုံးတည်းဖြင့် တပုဒ်ဖြစ်သော သဒ္ဒါ။ ပုံ-လူ, နတ်, ခွေး, ဝက်, ကြက် စသည်၊

(၂) အနေကက္ခရပုဒ် = အက္ခရာလုံးများစွာပေါင်းမှ တပုဒ်ဖြစ်သော သဒ္ဒါ။ ပုံ-ဗြဟ္မာ, ကရင်နီ, ပစ္စေကဗုဒ္ဓါ စသည်၊

(၃) အနေက ပဒပုဒ် = ပုဒ်ပေါင်းများစွာကို တပုဒ်တည်းသာ ယူသော သဒ္ဒါမျိုး။ ပုံ-စားစားသောက်သောက်, ပြောပြောဆိုဆို, စသည်၊

ပုဒ် = အစအဆုံးပြည့်စုံအောင်ရေးဖွဲ့ထားသည့် စာ၊ ကဗျာစသည်ကို ရေတွက်ရာ၌သုံးသည့်စကားလုံး။

မေးပိမ့်‌ဖြေလော့ချီသည် တပုဒ်၊ လောဘဒေါသချီသည် တပုဒ်။ သမန်၊ဒု။၇၁။

ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတများ = မြန်မာစာ ရေးသားရာ၌ အဓိပ္ပာယ်ရှင်းလင်းစေရန် ပုဒ်ကလေး၊ ပုဒ်မ၊ ဝိုက်ကွင်းစသော သင်္ကေတများကို အသုံးပြု၍ ရေးသည်။ ထိုသင်္ကေတများကို ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတများ။ ပုဒ်ကြီး (ပုဒ်မ)  = ဝါကျဆုံးရာ၌ ရေးသော မျဉ်းမတ်အတို နှစ်ချောင်း။ (။)။

ပုဒ်ကလေး (ပုဒ်ထီး) = ပုဒ်တခုနှင့် တခုခြားကန့်ရာတွင်သုံးသော မျဉ်းမတ်အတို။(၊)

မြန်မာစာရေးလျှင် ဝါကျအဆုံး၊ စာပိုဒ်အဆုံးတို့၌ တုံးတိုကလေးနှစ်ချောင်း ထောင်လျက် မဖြစ်မနေ ထည့်ရပါသည်။ ပြောရ ပြောရ မောပါ့။ Fullstop ကျတော့ မမေ့ကြဘူး။

- ပုဒ်ကြီး / ပုဒ်မ (။)

၁။ စုပေါင်း ဝါကျ၊ ရေးခဲ့ကြရာ၊

နောက်ဆုံးမှာ၊

ချပါ ‘ပုဒ်ကြီး’ တည်း။

၂။ တဝါကျတည်း၊ ပြီးဆုံးခဲ့ရာ၊

ထိုအခါ၊

ချပါ ‘ပုဒ်ကြီး’ တည်း။

၃။ အပိုဒ် နံပါတ်၊ နောက်ရပ်တွင်မှာ၊

ချပါ ‘ပုဒ်ကြီး’ တည်း။

၄။ အမှတ်စဉ်ကို၊ ပြဆို နံပါတ်၊

ထိုနောက်ရပ်၊

ချအပ် ‘ပုဒ်ကြီး’ တည်း။

၅။ င်္သချာနောက်မှ၊ ပြသည့် သင်္ချေ၊

နောက်၌ပေ၊

ချလေ ‘ပုဒ်ကြီး’ တည်း။

၆။ ဂါထာဗန္ဓ၊ ဒု, နှင့် စ, ပင်၊

အဆုံးတွင်၊

ချချင် ‘ပုဒ်ကြီး’ တည်း။

၇။ ကဗျာစီမှု၊ ရတု စ, စွာ၊ ပါဒ ကုန်သုဉ်း၊

အပိုဒ်ဆုံး၊

သုံးလေ ‘ပုဒ်ကြီး’ တည်း။

၈။ သံပေါက် တိုရှေ (ရှည်)၊

ဆုံးတုံပေ၊

သုံးလေ ‘ပုဒ်ကြီး’ တည်း။

၉။ ကဗျာ ရှစ်လုံး၊

ဖွဲ့စီကုံး၊

ပြီးဆုံး ‘ပုဒ်ကြီး’ တည်း။

၁၀။ ဒွေးချိုး တြိချိုး၊ လေးချိုး ရေးထုံး၊

ချိုးပုဒ်ဆုံး၊

စွဲသုံး ‘ပုဒ်ကြီး’ တည်း။

၁၁။ တေးထပ်မျိုးမှန်၊ ကဏ္ဍသုံးခု

ဆုံးတုံမှု၊

သုံးပြု ‘ပုဒ်ကြီး’ တည်း။

၁၂။ မှတ်, ညွှန်,  ကြောင်းရာ၊ အမှာ, ခြွင်းချက်၊ ပြလျက်နောက်တွင်၊

‘ပုဒ်ကြီး’ ပင်၊

အစဉ် နှစ်ချက်တည်း။

၁၃။ ခေါင်းစီး, ထိပ်စီး၊ ရေးပြီးဆုံးရာ၊

ချပါ ‘ပုဒ်သေး, ပုဒ်ကြီး’ တည်း။ (လယ်တီ အရှင်ကေလာသ။ ယတိဘေဒ။) (ရှေးစာကဗျာများ)

မြန်မာလို စာရေးနေသူတွေ အတော်ကို လိုအပ် မှားယွင်းနေတာတွေ နေ့တိုင်းနေ့တိုင်း တွေ့ရတယ်။ သတ်ပုံသာမကာ စာရိုက်တာမှာ မှားနေကြတယ်။ 

အင်္ဂလိပ်စာမှာ ပန်ကျူယေးရှင်းလို့ခေါ်ပြီး မြန်မာစာမှာ ယတိဘေဒလို့ ခေါ်တယ်။ လက်နှိပ်စက်ခေတ်တုန်းက စနစ်မကျသင်ကြရတယ်။ 

စကားစုတခုနဲ့ တခုကြား စပေ့စ် ခေါ် တက်ွ့ခြားရတယ်။ တကွက်ထက်ပို မခြာရ။ ဆိုလိုချက်တခုပြည့်စုံတာနောက်မှာ ပုဒ်ထီး ခေါ် ပုဒ်ငယ်တခု ချရတယ်။ ပုဒ်ထီး ခေါ် ပုဒ်ငယ်တခုနောက်မှာ တကွက်ခြာရမယ်။ တကွက်ထက်ပို မခြာရ။ ဝါကျတခုအဆုံးမှာ ပုဒ်မ ခေါ် ပုဒ်ကြီး ချရမယ်။ ပုဒ်မ ခေါ် ပုဒ်ကြီးနောက်မှာ ဆက်ရေးရင် တကွက်ခြာရတယ်။ သို့မဟုတ် နောက်တပိုဒ်။

ဒေါ့ တွေနဲ့ မရေးသင့်ပါ။ ကွန်ပြူတာက ဖူးလ်စတော့လို့ မှတ်ယူတယ်။ မခြာဘဲဆက်ရေးရင် စာအစကနေ အဆုံးထိကို ဝါကျတကြောင်းတည်းအဖြစ် မှတ်ယူတယ်။ မေးခွန်းတွေကို ပြင်ပြင်ဖတ်ရတယ်။

အာမေဋိတ်သင်္ကေနဲ့ မေးခွန်းသင်္ကေတွေ သုံးကြပေမဲ့ ကျွန်တော့သဘောကတော့ သိပ်မကြိုက်လှပါ။ သီချင်းစာသားကိုတော့ ထင်သလို ရေးကြပါတယ်။ ကဗျာမှာလည်း ရေးနည်းစည်းကမ်းရှိတယ်။ ရတုအဆုံးက ထူးခြားတယ်။ မူသေမရှိသေးလို့ မူကွဲတွေရေးကြပါတယ်။

မီဒီယာ ခေါ် စာနယ်ဇင်း သတင်းခေါင်းစဉ်တွေမှာ ပုဒ်မ ပုဒ်ထီး မတည့်ရလို့ ဝါရင့်အယ်ဒီတာတဦး (ဦးဝင်းခက်) က ပြောပါတယ်။ ရှိသေးတယ်။ ကျွန်တော်လည်း အများကြီး မသိပါ။

ပုဒ်ဖြတ်ခြင်း

ဘယ်ဘာသာစကားမဆို စာအရေးအသားသင်ရာမှာ စနစ်တကျသင်ရတယ်။ အခြေခံအဆင့်ကနေ နည်းနည်း တက်လာရင် ပန်ကျူယေးရှင်း သင်တယ်။ အင်္ဂလိပ်စာမှာ ပိုများတယ်။ မြန်မာစာမှာ နည်းနည်းလေးသာရှိတယ်။ ပုဒ်ဖြတ်ခြင်းပါတယ်။ မေးခွန်းအမှတ်အသား၊ ကော်မာ၊ ကွင်းစကွင်းပိတ်အမျိုးမျိုး၊ အာမေဋိတ်သံ စတာတွေက အင်္ဂလိပ်စာကနေ ယူသုံးတာ။ တချို့သင်္ကေတတွေက အဆင်ပြေတယ်။ တချို့ဟာတွေက မျက်စိထဲ မတည့်ပါ။

မြန်မာစာမှာ ဒေါ့ ခေါ် ဖူးလ်စတော့ပ် မရှိတာကို ထည့်ရိုက်ကြတယ်။ အဲလိုစာရိုက်ရင် အစကနေ အဆုံးထိဟာ ဝါကျ တကြောင်းတည်းသာ ဖြစ်နေတယ်။

စပေ့စ် ခေါ် စာစုတခုနဲ့တခုကြား အကွက်ခြာတာလည်း နေရာတကျသုံးမှသာ နားလည်စေတယ်။ လက်နှိပ်စက်ခေတ်မှာ စနစ်တကျသင်ရတယ်။ မသိသူတွေက စာလုံးနဲ့ ဂဏန်း ဥပမာ အသက်ရေးတာ ဆက်ရိုက်ကြတယ်။ ပို့စ်မှာသုံးတိုင်း အကုန်လိုက်ပြင်ရတယ်။

မြန်မာ့စွယ်စုံကျမ်းမှာ ပုဒ်ကလေး၊ ပုဒ်ကြီးလို့သာတယ်။ ကျွန်တော်တို့စာသင်တဲ့ခေတ်မှာ ပုဒ်ထီး၊ ပုဒ်မလို့ သင်တယ်။ အတူတူသာဖြစ်တယ်။ ဝါကျအဆုံးမှာ ပုဒ်မ ခေါ် ပုဒ်ကြီး ချရတယ်။ စကားစုတခုနောက်မှာ ပုဒ်ထီး ခေါ် ပုဒ်ကလေး ချရတယ်။ 

ခုခေတ်မှာ ဖုန်းကနေစာရိုက်သူတွေ ပုံနှိပ်စာအုပ်တွေလိုအထိတော့ လိုက်နာကြပါလို့ မပြောလိုပါ။ ဖတ်တဲ့သူ နားလည်စေအောင်တော့ စနစ်ထားစေချင်တယ်။ ဒါမှသာ လိုရင်းရောက်ပြီး ကိုယ်လိုချင်တဲ့အကျိုးရစေပါမယ်။

အလွဲတွေ အလွယ်တွေ ကြံကြံဖန်ဖန်တွေများနေတဲ့ထဲမှာ အမှန်အတည့်ဟာ အဆန်းဖြစ်တယ်။ ဆန်းတာကို လူတွေက စိတ်ဝင်စားတတ်ကြပါတယ်။ 

Punctuation Marks မြန်မာစာ ပန်ကျူယေးရှင်း အမှတ်အသားများ https://burmese-spelling.blogspot.com/.../punctuation...

မြန်မာစာရေးနည်း သံခိပ် နိယံ (လယ်တီ အရှင်ကေလာသ) https://burmese-spelling.blogspot.com/.../blog-post_175.html

- အတော်များများက တချောင်းကို ပုဒ်ထီးလို့ခေါ်ပြီး၊ နှစ်ချောင်းကိုပုဒ်မ လို့ခေါ်ကြသည်။

ဟုတ်တယ်။ ကျွန်တော်တို့လည်း အဲလိုခေါ်တယ်။ ပို့စ်ထဲမှာတော့ အကိုးအကားအတိုင်း တင်ပြထားလို့ဖြစ်ပါတယ်။

- ကျနော့ကီးဘုတ်မှာ ပုဒ်ထီး ပုဒ်မကိုမပါတာ အာ့ကြောင့် စာအရှည်ရေးရင်အဆင်မပြေဘူး

- ဖော်ပြပါ အပါအဝင် စာအတော်များများမှာ ပုဒ်မတွေ မပါတာတွေ့ရပါတယ်။ ဘာဖြစ်လို့ပါလဲခင်ဗျာ။

မေးခွန်း၊ ကွန်မင့်တွေကို ကူးယူတဲ့အခါ မူရင်းကို အကုန် မပြင်မိပါ။

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း https://burmese-spelling.blogspot.com/.../blog-post_366.html

ဗုဒ် ဗုဓ် ပုဒ် https://burmese-spelling.blogspot.com/.../blog-post_605.html

ဒေါက်တာတင့်ဆွေ

၂၀-၃-၂၀၂၄

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ