ပုံ့ပို့ပေးတဲ့ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း အလွန်ကောင်းတယ်။
မြန်မာအဘိဓာန်နဲ့ စာလုံးပေါင်းသတ်ပုံကျမ်းတွေ အများကြီးရှိတယ်။ စာရင်းပြုစု တင်ပြထားတယ်။ မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၈-၇၉-၈၀ ) ထုတ် ၅ တွဲဟာ အပြည့်စုံဆုံးနဲ့ အားထားထိုက်ဆုံးဖြစ်ပါတယ်။ pdf ဖိုင် ၅ ခုကို မက်စင်ဂျာကနေမှာယူသူတိုင်းဆီကို ပို့ပေးနေတာ မှာယူသူ ၁၀၀ ကျော်ပီ။
နယူးဒေလီမှာတုန်းက hard copy တစုံရှိတာ အခုနေရတဲ့နေရာအထိ ပါမလားဘူး။ ပြည်တွင်းကနေ မှာလို့လည်း ခက်ပြီ။
အဲဒီ ၅ တွဲထဲမှာ မပါတဲ့စာလုံးတွေလည်း ရှိတယ်။ ရှာရတယ်။ ရှာတတ်ရသေးတယ်။
အွန်လိုင်းသတ်ပုံတွေ မှန်တာ ရှားတယ်။ ဝယ်လို့ရတဲ့ သတ်ပုံစာအုပ်တွေ မှန်ကန်တာ မတွေ့မိသေးပါ။
ခေတ်၊ စနစ်နဲ့ ပညာရေးကောင်းလာမှသာ မြန်မာစာလည်း ကောင်းနိုင်တယ်။ အခုတော့ ပညာတွင်းက နက်လွန်းလှတယ်။
မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း ပထမအကြိမ်က အမှာစာ https://burmese-spelling.blogspot.com/2024/05/blog-post_57.html
သတ်ပုံကျမ်း (၁၉၈၆) အမှာစာ https://burmese-spelling.blogspot.com/2023/05/blog-post_1.html
သတ်ပုံစာအုပ်များသမိုင်းသံခိပ် https://burmese-spelling.blogspot.com/2023/12/blog-post_563.html
မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း၏ ရေစီး https://burmese-spelling.blogspot.com/2023/08/blog-post_582.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment