Skip to main content

ပါဠိမြန်မာအဘိဓာန်

ဆရာ မင်္ဂလာပါဗျ ကျွန်တော် အခု ပါဠိစာတွေမှာ စာအုပ်အမည်ရဲ့ အနောက်က အဓိပ္ပါယ်တွေကို သိချင်လို့ ဖြေပေးလို့ရမလားခင်ဗျ ပါဠိစာအုပ်အမည်တွေနောက်မှာ ပါတဲ့ နိဿယ၊ အကောက်၊ အရကောက်၊ ဂဏ္ဌိ၊ နံ အစရှိတဲ့ အသုံးအနှုန်းတို့ကို ရှင်းပြပေးပါလို့ တောင်းဆိုပါတယ်ဗျ ပြီးတော့ ဋီကာ၊ ဝဏ္ဏနာ၊ အဋ္ဌကထာ အစရှိတာတွေရော တပါတည်း ရှင်းပြပေးစေလိုပါတယ်ခင်ဗျ

နိဿယ = ပါဌ်တပိုဒ်၊ အနက်တပိုဒ်ပြန်ဆိုထားသောဘာသာပြန်။

ထိုပါဠိဂါထာများကို ဦးစွာမြန်မာအနက်နိဿယပြန်ဆိုတော်မူ ခဲ့တာက။

ဂဏ္ဌိ = အရှင်ဂဏ္ဌိပုပ္ဖိယထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတပါး ဖြစ်သည်။

ဋီကာ

ဋီကာ ခေါ် အဖွင့်ကျမ်းများဖြင့် အဋ္ဌကထာ၏ အခက်အခဲတို့ကို ဖျက်ခွဲ ဖွင့်ဆိုတော်မူခဲ့ကြ ပြန်သည်၊ 

အဋ္ဌကထာ

အဋ္ဌကထာဟူသည် မြတ်စွာဘုရားဟောကြားအပ်သော ပိဋကတ်သုံးပုံ ပါဠိတော်၏ အနက်အဓိပ္ပာယ်ကို ဖွင့်ပြသောစကားဖြစ်သည်။

နာမ်ဝိဘတ်ကို ဖွင့်ပြသော သံဝဏ္ဏနာသည် (ဝိဘတ္တိပဒ သံဝဏ္ဏနာ) မည်၏။ 

သန္ဓိဖြစ်သော လိင်ပုဒ်ကို ဖွင့်ပြသော သံဝဏ္ဏနာသည် (သန္ဓိလိင်္ဂပဒ သံဝဏ္ဏနာ) မည်၏။

ပရမတ္ထသရူပအနုဝဏ္ဏနာကျမ်းသစ်

ကျွန်တော်က ပါဠိမသင်ခဲ့ဘူးပါ။ ပါဠိမြန်မာအဘိဓာန်ကိုရှာရင်လည်း သင်မထားသူတွေအတွက် နားလည်ရခက်တယ်။ ဘုန်းတော်ကြီးတွေကို လျှောက်ထားမေးမြန်းမှသာ သိလာနိုင်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ