၁။ ဆရာ ဝင်္ကပါ နဲ့ တဒင်္ဂ တို့ရဲ့အဓိပ္ပါယ်ကို သိချင်တယ်။ ကျေးဇူးပြုပြီး ဖြေကြားပေးပါ။
၂။ ဆရာ သူနဲ့ တဒင်္ဂ ခွဲခွါခြင်း ဖြစ်တယ်လို့ ရေးလို့ ရလား သူနဲ့ တဒင်္ဂ တွေ့ရခြင်းပါ တွေ့ ဆုံမာဘဲ(မှာဘဲ) တဒင်္ဂ သုံးတာ တွေ့ရတယ်၊ တဒင်္ဂ ခွဲခွါခြင်း ကိုမတွေ့ဖူးလို။
တဒင်္ဂ = အခိုက်အတန့်။
ကုသိုလ်တို့သည်မူကားတဒင်္ဂကုသိုလ်သာတည်း။ အနတ္တ။ ၅၆။
တဒင်္ဂ = တခဏမျှသာကြာသော။ အခိုက်အတန့်။ ကုသိုလ်တို့သည်မူကားတဒင်္ဂကုသိုလ်သာတည်း။
ဂျာနယ်ကျော်မမလေး၏ အမှာ
ကျမအလုပ်ခန်းထဲသို့ စာရေးဆရာမြသန်းတင့်သည် (ကွိ) ဘာသာပြန်စာမူကြီးကို ပိုက်ဝင်လာကာ ကျမစာပွဲပေါ်၌ ပုံချရင်း ပြောလိုက်သည်။ ကျမမှာ စာမူထပ်ကြီးကို ကြည့်လိုက်၊ မြသန်းတင့်မျက်နှာကို မော့ကြည့်လိုက်ဖြင့် တဒင်္ဂ အသက်ရှူမှားလောက်အောင် ကြက်သေသေနေသည်။
ဝင်္ကပါ
အကွေ့အကောက်ပေါင်း မြောက်မြားစွာနှင့် လူတို့အား မျက်စိလည်စေနိုင်သော အဆောက်အဦမျိုးကို ဝင်္ကပါဟုခေါ်သည်။ ကောက်ကွေ့သော တောင်ဟုအနက်ထင်သည့် ပါဠိစကား ဝင်္ကပဗ္ဗတမှ ဆင်းသက်လာသော စကားဖြစ်ဟန်တူသည်။ ဝေဿန္တရာမင်းသည် ဆင်ဖြူတော်ကို လှူပြီးနောက် ပြည်သူတို့မကြည်ဖြူသည့်အတွက် တိုင်းပြည်မှ ထွက်တော်မူကာ ဝင်္ကပါတောင်ရှိ ကျောင်းသင်္ခမ်း၌ နေထိုင်ခဲ့သည်။ မြောင်းကြား၊ ချောက်ကြား ကမ်းပါးတောင်ယံသို့ ကွေ့လည်၍သွားရသော ယင်းဝင်္ကပါ တောင်ကို အစွဲပြု၍ ဝင်္ကပါ မျိုးကို ဆောက်လုပ်ခေါ်တွင်ကြသည်ဟုလည်း ယူဆကြသည်။
"ဝင်္ကပါ"
အေးရိပ်သာတဲ့ ပညောင်ညို
ဥဩ တွန်သံချို။
တိုးလျှိုစီးတဲ့ နဒီတွင်း
သမင် ရေသောက်ဆင်း။
မြက်ခင်းလဲ့လဲ့ မြေညီညီ
ကံ့ကော်ဝတ်မှုန် စီ။
ဇာလီပျော်တဲ့ ကျောင်းသင်္ခမ်း
လူလေး သွားချင်စမ်း။ (မောင်ခွေးဖို့ ကဗျာများ - မင်းသုဝဏ်)
တဒင်္ဂ ကို မှန်အောင်မရေးတတ်သူတွေ တွေ့လာရတယ်။ တဝမ်းပူရေးပြီးတိုင်း စသတ်ရမယ်ထင်ကုန်ကြလို့ဖြစ်ပါတယ်။ တစ်ရား။ တစ်ဏှာ၊ တစ်ကောင်း အမှားတွေ များများလာနေတယ်။
- Đíãřÿ - တစ်ဒင်္ဂပျော်ရွှင်မှုကို တစ်ဘဝပျော်ရွှင်မှုနဲ့...
- တစ်ဒင်္ဂသာ တရားတော် အရှင်သုစိတ္တ မော်ကျွန်းဆရာတော် - YouTube
- တစ်ဒင်္ဂ #fyp #CapCut...
- Lan Thit - တစ်ဒင်္ဂထဲက တစ်ခဏဘဝ ...
- ဝေဒနာက တစ်ဒင်္ဂ- အနုပညာက ထာဝရ ...
- ဘဝထဲက တစ်ဒင်္ဂများ (၈) ကျွန်တော် ...
- တ ဒင်္ဂ ချစ်ခဲ့ ဖူးတဲ ဟိုး အတိတ် နေများစွာ
- တစ်ဒင်္ဂဖြစ်ပျက်တဲ့ စိတ် ... - Threads
- TikTok တစ်ဒင်္ဂချစ်ခဲ့ဖူးတဲ့ဟိုးအတိတ်နေ့များစွ
ဒေါက်တာတင့်ဆွေ
.jpeg)
Comments
Post a Comment