၂၀၂၅ ခုနှစ် မတ်လတုန်က တယောက်ကမေးလို့ တင်ပြထားသေးတယ်။
၂။ ၁၀ သိန်းခွဲနဲ့ ၁၀ သိန်း ၅ သောင်း။ ၁ သန်းနဲ့ ၁၀ သိန်း ဘာကွာလဲ။
စာရေး၊ စကားပြောနဲ့ ဂဏန်းသင်္ချာအရေးအသား ရယ်လို့ ရှိပါတယ်။
စာအရေး = ၁၀ သိန်း ၅ သောင်း။
စကားပြော = ၁၀ သိန်းခွဲ။
ဂဏန်းသင်္ချာအရေးအသား = ၁၀ သိန်း ၅ သောင်း။
ဒီနေရာမှာ စာအရေးနဲ့ ဂဏန်းသင်္ချာအရေးတို့က တူတယ်။
မတူတဲ့အခါလည်း ရှိတယ်။ ဥပမာ
၁၉၆၄ ခုနှစ် ကျပ်တရာန်ငွေစက္ကူနှင့် ကျပ်ငါးဆယ်တန်ငွေစက္ကူများကို တရားဝင်ငွေအဖြစ်မှ ရပ်စဲသည့်ဥပဒေ
တရာကျပ်တန် လို့ မရေးပါ။
၂၀၀၀၀ ကျပ်တန်ထုတ်တဲ့သတင်းကို ကျပ် ၂၀၀၀၀ (နှစ်သောင်း) တန်ထုတ်သည်လို့ ရေးရတယ်။ ၂၀၀၀၀ ကျပ်တန်ထုတ်သည်လို့ မရေးရပါ။
ဂဏန်းသင်္ချာအရေးအသားမှာ -
၅၀ ကျပ်
၁၀၀ ကျပ်
၁၀၀၀ ကျပ် စသည်။
စကားပြောမှာတော့ လွယ်ကူသလို ပြောလေ့ရှိကြပါတယ်။
ခွဲ ဆိုတာ တဝက်။ ဥပမာ
၁ ကျပ် ၅၀ ပြား (ပြား ၅၀) = တကျပ်ခွဲ။
၁၅၀၀၀ = တသောင်းခွဲ။
၁၅၀၀၀၀ တသိန်းခွဲ။
မတ် ဆိုတာ ၄ ပုံ ၁ ပုံ။ ဥပမာ
၁ ကျပ် ၂၅ ပြား = ၅ မတ်။
၂ ကျပ် ၂၅ ပြား = ၂ ကျပ် တမတ်။
၄ ပုံ ၁ ပုံဆိုတာ အမြဲတမ်းတော့ ၂၅ မဟုတ်ပါ။ ဥပမာ
၁၅ မိနစ် = နာရီတမတ်။
၁ နာရီ ၄၅ မိနစ် = ၂ နာရီ မတ်တင်း။
မတ်တင်း ဆိုတာ မပြည့်ခင် ၄ ပုံ ၁ ပုံလို။ ဥပမာ
၁ ကျပ် ၇၅ ပြား = ၂ ကျပ်မတ်တင်း။
၂၅ ကျပ်သား = အစိတ်သား။
၇၅ ကျပ်သား = ၃ အစိတ်သား။
၁၂ ကျပ်ခွဲသား = အဝက်သား။
မြန်မာလို အသုံးအခေါ် ဝေါဟာရတွေ များတယ်။ တချို့ နားမလည်ကြတော့ပါ။
အရင်က အရပ်သုံးဝေါဟာရတွေ ကြွယ်ကြွယ်ဝဝ သုံးခဲ့ကြတယ်။ ဂဏန်းသင်္ချာသင်ယူတဲ့ ကျောင်းသားတွေက သိပ်နားမလည်ကြလို့ မေးမြန်းကြရတယ်။
၂၅ ပြား = ၁ မတ်။
၅၀ ပြား = ၅ မူး။
၁၀၀ ပြား = ၁ ကျပ်။
၁ ကျပ် ၂၅ ပြား = ၅ မတ်။
၁ ကျပ် ၅၀ ပြား = ၁ ကျပ်ခွဲ။
၁ ကျပ် ၇၅ ပြား = ၂ ကျပ် မတ်တင်း။
၇၅ ပြား = ၃ မတ်။
၁၀၀ ကျပ်သာ = ၁ ပိဿာ။
၂၅ ကျပ်သား = အစိတ်သား။
၇၅ ကျပ်သား = ၃ အစိတ်သား။
တန်ဖိုးတူနေရ ဘယ်လိုသုံးသုံး မှန်ပါတယ်။
သင်္ချာမှာလည်း ဈေးတွက်နဲ့ မိန်းမတွက်လိုပါ ရှိခဲ့တယ်။ နည်းသိရင် သူတို့နည်းက ပိုလွယ်တယ်။
မြန်မာ့ရိုးရာ ကိန်းဂဏန်းသင်္ချာ ရှိတယ်။
မြန်မာ့ရိုးရာ ကိန်းဂဏန်းသင်္ချာ https://burmese-spelling.blogspot.com/2023/08/blog-post_946.html
မြန်မာ့ရိုးရာ အခြင်အတွယ်ယူနစ်များ https://burmese-spelling.blogspot.com/2022/11/blog-post_686.html
မြန်မာ့ရိုးရာ ကိန်းဂဏန်းသင်္ချာ (ဒဂုန် နတ်ရှင်) https://myanmarbookscatalog.blogspot.com/2013/01/blog-post_4194.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment