Skip to main content

မောင်ရင်ငယ်သွေး နာဘိသေးလော့

မူရင်းကဗျာကို တမင်တကာ မှားအောင်ပြင်တင်ထားတာတခု တွေ့တယ်။ 

မောင်ငယ်ရင်သွေး နာဘိသေးလော့၊ 

ရှေးသရောခါ ပြည်ဗာရာဝယ်၊ 

ကုဋေကြွယ်သား သူဋ္ဌေးအားလျှင်၊ 

သားတယောက်ဖြစ် ချစ်၍တစေ အိမ်မှာနေ၍၊ 

စာပေမကျ မိဘစုတေ့၊ ခန္ဓာရွေ့သော်၊

အရှေ့အနောက် တောင်မြောက်ဘယ်မှာ မသိပါငြား၊ 

သူဋ္ဌေးသားသည် သိုထားမတတ် အရပ်ရပ်၌၊

နှံအပ်ဥစ္စာ ရှိသည့်ငှာကို၊ 

များစွာကျွန်ပေါင်း မကောင်းခိုးသူ ယူ၍ပြေးရှောင်း၊ အိမ်ကိုရောင်း၍၊ 

ထောင်းထောင်းကြေလျက် ခွက်လက်ဆွဲကာ တောင်းစားပါလည်း၊ 

နင်သာလူမိုက် ဒုစရိုက်ဟု ရိုက်ပုတ်လိုက်ကြ၊ 

ရွာမှထွက်လေ၊ တောမှာသေသည်၊ 

ကောင်သေလင်းတ ကျ၏တည်း။     ။ (ဆားတုံ ဆရာတော်)

မူရင်းကို တင်ပြပါတယ်။ မူရင်းဆိုရာမှာလည်း မူကွဲရှိသေးပြန်တယ်။

ပုတ္တောဝါဒ ဆုံးမစာ

စာမတတ်သော သူဋ္ဌေးသားအကြောင်း

ခေါင်းစဉ်ကို အမျိုးမျိုးတပ်ကြပါတယ်။

ကုဋေရှစ်ဆယ်သူဌေးသား

ပညာမရှိသောသူဌေးသားအကြာင်း

သဌေး၊ သူဌေး၊ သူဋ္ဌေး သေဌေး၊ ဠင်းတ၊ လင်းတ မူကွဲတွေဖြစ်ပါတယ်။

တယောက်ကို စသတ်နဲ့ရေးတာကတော့ အဘိဓာန်အရ မဟုတ်။ အထက်အမိန့်အရသာ။

ပုတ္တောဝါဒပျို့

https://drive.google.com/.../1S4K8RO26bKfKuIxnnbT.../view...

(ဆားတုံဆရာတော်)

ဦးလူဖေဝင်း ခက်ဆစ်ဖြေ တည်းဖြတ်သည်။

(ရှေးစာကဗျာများ)

မှားနေတာတဲ့စာနဲပုံကို မတင်တော့ပါ။ 

ခုခေတ်မှာ ဆေးအတုပါလို့ပြောလည်း ဘယ်လောက်ပေးရသလဲတဲ့။ 

သတင်းအမှား အလိမ်တွေနောက်မှာ ဖေါ်လိုဝါအရေအတွင် အလွန်များတယ်။

ဒီလိုအသိတွေကြောင့် မြန်မာစာရော တိုင်းပြည်ပါ ပိုပြီးပျက်စီးလာနေတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ