မောင်ငယ်ရင်သွေး နာဘိသေးလော့၊
ရှေးသရောခါ ပြည်ဗာရာဝယ်၊
ကုဋေကြွယ်သား သူဋ္ဌေးအားလျှင်၊
သားတယောက်ဖြစ် ချစ်၍တစေ အိမ်မှာနေ၍၊
စာပေမကျ မိဘစုတေ့၊ ခန္ဓာရွေ့သော်၊
အရှေ့အနောက် တောင်မြောက်ဘယ်မှာ မသိပါငြား၊
သူဋ္ဌေးသားသည် သိုထားမတတ် အရပ်ရပ်၌၊နှံအပ်ဥစ္စာ ရှိသည့်ငှာကို၊
များစွာကျွန်ပေါင်း မကောင်းခိုးသူ ယူ၍ပြေးရှောင်း၊ အိမ်ကိုရောင်း၍၊
ထောင်းထောင်းကြေလျက် ခွက်လက်ဆွဲကာ တောင်းစားပါလည်း၊
နင်သာလူမိုက် ဒုစရိုက်ဟု ရိုက်ပုတ်လိုက်ကြ၊
ရွာမှထွက်လေ၊ တောမှာသေသည်၊
ကောင်သေလင်းတ ကျ၏တည်း။ ။ (ဆားတုံ ဆရာတော်)
မူရင်းကို တင်ပြပါတယ်။ မူရင်းဆိုရာမှာလည်း မူကွဲရှိသေးပြန်တယ်။
ပုတ္တောဝါဒ ဆုံးမစာ
စာမတတ်သော သူဋ္ဌေးသားအကြောင်း
ခေါင်းစဉ်ကို အမျိုးမျိုးတပ်ကြပါတယ်။
ကုဋေရှစ်ဆယ်သူဌေးသား
ပညာမရှိသောသူဌေးသားအကြာင်း
သဌေး၊ သူဌေး၊ သူဋ္ဌေး သေဌေး၊ ဠင်းတ၊ လင်းတ မူကွဲတွေဖြစ်ပါတယ်။
တယောက်ကို စသတ်နဲ့ရေးတာကတော့ အဘိဓာန်အရ မဟုတ်။ အထက်အမိန့်အရသာ။
ပုတ္တောဝါဒပျို့
https://drive.google.com/.../1S4K8RO26bKfKuIxnnbT.../view...
(ဆားတုံဆရာတော်)
ဦးလူဖေဝင်း ခက်ဆစ်ဖြေ တည်းဖြတ်သည်။
(ရှေးစာကဗျာများ)
မှားနေတာတဲ့စာနဲပုံကို မတင်တော့ပါ။
ခုခေတ်မှာ ဆေးအတုပါလို့ပြောလည်း ဘယ်လောက်ပေးရသလဲတဲ့။
သတင်းအမှား အလိမ်တွေနောက်မှာ ဖေါ်လိုဝါအရေအတွင် အလွန်များတယ်။
ဒီလိုအသိတွေကြောင့် မြန်မာစာရော တိုင်းပြည်ပါ ပိုပြီးပျက်စီးလာနေတယ်။
ဒေါက်တာတင့်ဆွေ



Comments
Post a Comment