ရေးချ ၂ မျိုး (မောက်ချ နဲ့ ဝိုက်ချ) အကြောင်း မကြာခဏ တင်ပြထားပါတယ်။ တရားသေမှတ်လို့မရတာလည်း ရှိတယ်။
ရေးချ ခေါ် မောက်ချနဲ့ ဝိုက်ချကို တရားသေမယူရပါ။
သတင်းစာတွေမှာ ကော်လံ အကျယ်အရ၊ ကုသိုလ်ပြုရေးထိုးစာတွေမှာလည်း နေရာအရ ပန်းရံဆရာ၊ ပန်းပုဆရာတွေက နေရာအရ ရေးကြပါတယ်။ ကေါင်းမှုလို့ ရေးထားလည်း ကောင်းတာပြုခြင်းသာ ဖြစ်ပါသည်။
ခ င ဂ ဒ ပ ဝ ဗျည်း ၆ လုံးကို မောက်ချနဲ့သာရေးရမည်လို့ သင်တယ်။ မှန်ပါတယ်။ ဒါပေမဲ့ ကျန်ဗျည်း ၂၇ လုံးကို မောက်ချနဲ့ မရေးရသလို သင်ပေးတာနဲ့ ထင်မှတ်တာ မမှန်ပါ။
ခွါ လည်း မှန်၊ ခွာလည်း မှန်။
ဓါတ်ပြားလည်းမှန်၊ ဓာတ်ပြားလည်း မှန်။
အဓိပ္ပာယ်လည်းမှန်၊ အဓိပ္ပါယ်လည်းမှန်။
ဓာတုကလျာ၊ ဓါတုကလျာ တယောက်တည်းသာ ဖြစ်ပါသည်။
ရွှေမော်ဓော၊ ရွှေမေါ်ဓော၊ ရွှေမော်ဓေါ တဆူတည်းသာဖြစ်ပါသည်။
ကိုးသင်္ချိုင်းဓါး
ငှက်ကြီးတောင်ဓါး (သို့မဟုတ်) မြန်မာ့ဓါး
ဓါတုဗေဒ မှန်ပါသည်။
ဖါပွန်မြို့ မှန်ပါသည်။
ဖေါင်တော်ဦးဘုရား မှန်ပါသည်။
ရီးစားဓါးပြလည်း မှန်ပါသည်။
ခင့်ဂါဝန်ဒန်းပင်ငြိ https://burmese-spelling.blogspot.com/2024/01/blog-post_460.html
ချစ်အဓိပ္ပါယ် (ရေး - စန္ဒရားလှထွတ် / ဆို - မာမာအေး) https://www.youtube.com/watch?v=6Guv-Hj28so
ရေးချ https://burmese-spelling.blogspot.com/2023/10/blog-post_98.html
ရေးချ အဆက် https://burmese-spelling.blogspot.com/2024/01/blog-post_90.html
ရေးချဋီကာ https://burmese-spelling.blogspot.com/2025/05/blog-post_6.html
ဝိုက်ချ နှင့် မောက်ချ https://burmese-spelling.blogspot.com/2023/01/blog-post_581.html
ဝိုက်ချ၊ မောက်ချ၊ ရေးချ နှစ်ခု အသုံးပြုပုံ (မောင်စွမ်းရည်) https://burmese-spelling.blogspot.com/2023/07/blog-post_205.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment