ထက်မြတ် ဆိုတာ သူများတွေထက် အမြတ်ပိုယူတာ။ သူ့ကိုရောင်းလိုက်ရင် အမြတ်ပိုရတာ။
တချို့က ထက် နဲ့ ထပ် မှားကြသည်။ ထက်ထက်မြက်မြက်ရှိသည်။ လျှာရင်းမြက်သည်။ မြတ်နိုးသည်။ အမြတ်မယူ။ မြက်ခင်း။ အမြတ်ကြီးစား။
ထက်
ကျားကြောက်လို့ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး
ကိုယ့်ထက်သာ မနာလို
စိတ်အားထက်သန်
ဆရာ့ထက် သားတလကြီး
ဆရာထက် တပည့်လက်စောင်းထက်
ဉာဏ်ထက်သောသူ
ထက်ကြပ်မကွာလိုက်ပါ
ထက်ခြမ်းခွဲပါ
ထက်ထက်မြက်မြက်
ထက်မြက်သောသူ
ထက်ဝက်ခွဲပါ
ထက်ဝန်းကျင်
ထက်ဝယ်ဖွဲ့ခွေ နေတော်မူလေသည်
ထက်သန်
ထက်အောက်ညာကြေ
ထောင်နေတဲ့ဒူး လဲတာထက်ဆိုး
ဓါးထက်ထက်နဲ့ ဝါးခွဲပါ
နောက်လာတဲ့မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ
ပျော့ထတ်ထတ်
ပျောင်းပျောင်းထတ်ထတ်
မထတ်မပျောင်း၊ ကြိုင်နံ့လှောင်းသား (ဘူရိဒတ်လင်္ကာ)
သူ့ထက်ငါ
အထက်အောက်
အဖထက် သားတလကြီး
ထပ်
ထပ်ကျော့သီဆိုသည်
ထပ်ချောဖွပ်ထားသည်
ထပ်ဆင့်စကား ပြောကြားပေးပါ
ထပ်တရာပန်း
ထပ်တလဲလဲပြောနေရတယ်
ထပ်တွန့်မနေပါနဲ့
ထပ်ထူထပ်မျှ
ထပ်ပိုးနှစ်လီ
ထပ်မံပြုပြင်ထားသည်
ထိမ်းမြားလက်ထပ်သည်
ထူထပ်သောတော
ပဲ့တင်ထပ်
ဝါထပ်နှစ်
သဘောချင်းထပ်တူကျသည်
အပြောထပ်နေသည်
အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်း
နွေဦးကာလ၊ မြူထသောခါ၊ ရင်းထောင် ရင်းဆွဲ၊ ဆောင်မြဲအိုးလွယ်ကာ၊ ဓားနှီး ထက်စွာ၊ ခါးမှာချပ်လျက်၊
မြက်
ဆားမြက်
ဓားမြက်ထက်
မြက်ကြွပ်ရွက်
မြက်ကြားမှို
မြက်ကလုံး (မြက်တမျိုး)
မြက်ခုတ်
မြက်စဉ်းဓား
မြက်ထုံး
မြက်နရား
မြက်ဖုတ်
မြက်မြက်
မြက်မြက်စက်စက်
မြက်မြက်စား
မြက်မုန်ညင်း
မြက်ရိတ်
မြက်လက်သည်း
မြက်လျှောမြွေ
မြက်လုံး (မြက်တမျိုး)
မြက်သင်တုန်း
မြက်သိမ်
မြက်သီးခပ်
မြတ်
ကိုယ်တော်မြတ်
ဈေးရောင်း၍ မြတ်
ဗုဒ္ဓမြတ်စွယ်တော်
မြင့်မြတ်
မြတ်စွန်း
မြတ်ဆရာ
မြတ်ဆုမွန်
မြတ်ဘာဝနာ(ဒေါက်တာမင်းတင်မွန်)
မြတ်သံဃာ
မြတ်သတ်
မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး
ယောက်ျားမြတ်တို့၏ လက္ခဏာ
ရွှေတိဂုံစေတီတော်မြတ်ကြီး
သားမြတ်
ချီလေတဲ့ ချီလေ ဒီမြေမှ ဟိုတောင်တန်း ကျော်လှမ်းလို့သာ ချီပါလေ လေအညွတ် ရွှေဝတ်ကယ့်မှုန် ဝတ်ရည် လု ဝိုင်း စုကာသာ ရုံ မြတ်ပန်းရဂုံ မြတ်ပန်းရဂုံ မြတ် ပန်း ရဂုံ အပြန်အပြန် အပြန်လားကွဲ့ ဟေ့ အပြန်အပြန် အပြန်လားကွဲ့ ခေါက်တုံ့ လူးလာ ကူးကာ သယ်ပို့ကြုံ ပန်းရည်ဘဏ်တိုက် (ကန်မြဲအေးကျော်)
ဖုံအခင်း ၅ မျိုးဆိုတာ ဘုံလျှိုမျိုးငါးပါးလို့ခေါ်တယ်။ ရဟန်းတော်တွေ ခင်းအိပ်ရန် ခွင့်ပြုထားတဲ့ ဖုံအမျိုးအစားတွေ ဖြစ်တယ်။ သားမွေး၊ ပုဆိုး၊ သစ်ရွက်၊ မြက်၊ လျှော်။
မြန်မာစာ မြက်စားရတဲ့ဘဝ ရောက်ပြီလော။
တဝမ်းပူကို မလိုအပ်ဘဲ စသတ်စေသတည်းအမိန့် ထွက်ကတည်းက မြန်မာစာဟာ မြက်ခင်းအဆင့်ထိ ကျဆင်းလာပါတယ်။ တစ်ရားတော်လို့ ရေးတဲ့နေရာမှာ တပည့်သာဝကတွေများတယ်။ တစ်ရား၊ တစ်ဏှာ လို့ရေးတာတွေကိုတော့ ဆောင်းပါရေးပြီး ထောက်ပြသူ မရှိ။ သူတို့က ဆရာကြီးတွေဆိုဘဲ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment