Skip to main content

ဘိတ် နှင့် ဖိတ် (၂)

တခုလောက်မေးပါရစေ။ မင်္ဂလာဧည့်ခံပွဲ "ဖိတ်ကြားလွှာ"လို့ရေးရတာလား မင်္ဂလာဧည့်ခံပွဲ"ဘိတ်ကြားလွှာ" လို့ရေးရတာလားခင်ဗျာ့။

၁။ ၁၉၇၆ က ဖိတ်စာလေးတွေ့လို့  သတ်ပုံတချို့သတိထားမိလို့ပါ ဆရာ

"တဦးတည်းသား" "ဘိတ်ကြား"

ဟုတ်။ ဖိတ် နဲ့ ဘိတ်က မူကွဲသာဖြစ်ပါတယ်။ အရင်က ဘ ကို ပိုသုံးကြတာများတယ်။ ဘိတ်စာ၊ ဘိနပ်၊ ဘိတ်ကြား၊ ဘေမောင်တင်၊ ဦးဘဘေ စသည်။

၂။ အဖိတ်နေ့။ တောဖိတ်နေ့။ မြို့ဖိတ်နေ့ ကမှန်ပါလား။ ဘကုန်းနဲ့ အဘိတ် လို့ရေးတာကမှန်လား အများသိအောင် ရှင်းပြပေးစေလိုပါသည်။ တချို့က တောပိတ် မြို့ပိတ် လို့ လူမှု့ ကွန်ယက်မှာ ပ စောက်နဲ့ ရေးနေတာတွေ့လို့ပါ

၃။ အရင်ချိန်တွေက ဖိတ်ကြားလွှာကို ဘိတ်ကြားလွှာ လို့ရေးတာလားဆရာ အခုခေတ် ရေးပုံရေနည်း နဲ့ကွားခြားနေတယ်

၄။ ဖိတ်ကြား လား ဘိတ်ကြား လား ဆရာ နောက်ပိုင်းမှာတော့ ဖိတ်ကြား ပဲ တွေ့နေရလို့ပါ

၅။ ဖိတ်စာလား ဘိတ်စာလားဆရာ

၆။ ဖိတ်ကြား၊ ဘိတ်ကြား ဘယ်ဟာအမှန်လဲဆရာ။ ကျနော်က ဖိတ်ကြားသုံးပါတယ်။ မေးမယ်ဆိုပြီး မမေးဖြစ်ခဲ့လို့ပါ။

၇။ ဆရာရေ ဖိတ်ကြားစာ နဲ့ ဘိတ်ကြားစာ ဘယ်ဟာမှန်လဲအလင်းပြပေးပါအုံးခင်ဗျာ

(၁) နောက်ပေါ်သတ်ပုံစာအုပ် = ဖိတ်ကြား

(၂) ကဝိဓဇသတ်ပုံကျမ်း

ဆွမ်းဖိတ်သည်

ပင့်ဖိတ်

ပင့်ဘိတ်

ဖိတ်ကြားသည်

ဖိတ်စာ

ဖိတ်ပန်သည်

ဖိတ်ဖေါ်သည်

ဘိတ်

ဘိတ်ကြား

ဘိတ်ခေါ်

ဘိတ်မန်သက

(၃) ဦးသာမြတ် မြန်မာစာရေးထုံးကျမ်း

ဘိတ် = ဖိတ်

(မွန်) ဖိတ် = ဖိတ်ကြားသည်၊ ပင့်ဖိတ်သည်။ ဖ ဦးထုပ်နှင့်ရေးသည်က ပိုမိုခိုင်လုံချေသည်။

ဖိတ်

ဆွမ်းဖိတ်သည်

ပင့်ဖိတ်သည်

ဖိတ် = ဟိုသည် တောင်းပန်သည်

ဖိတ်ကြားသည်

ဖိတ်ခေါ်သည်

ဖိတ်စဉ်သည် = ဖိတ်စင်သည်

ဖိတ်စာ = တောင်းပန်စာ (ဘိတ်စာဟုရေးကြ)

ဖိတ်ဖိတ်တ

ဖိတ်ဖိတ်တောက်

ဖိတ်မန်သည်

မဖိတ်စေနှင့်

ယွင်းဖိတ်သည်

ရေတွေဖိတ်

သွန်းကျဖိတ်

အဖိတ်နေ့

အရောင်ဖိတ်ဖိတ်

ဘိတ်

ဘိတ်ကြား၊ ပင့်ဘိတ်၊ ဘိတ်ခေါ်၊ ဘိတ်မန်သက လို့ရေးကြတယ်။ နှစ်မျိုးလုံး သုံးကြတယ်။ မွန်စာမှာတော့ ဖိတ်ကြား၊ ပင့်ဖိတ်၊ ဖိတ်ခေါ်လို့ရေးတယ်။

အရင်က ဘ ကိုပိုသုံးခဲ့ကြတယ်။

ကျွန်တော့်အမြင် နှစ်မျိုးလုံး သုံးနိုင်တယ်။

အခုခေတ်မှာ လူမြင် အဘ တဲ့။ ဖေ့စ်ဘွတ်မှာတော့ လူမမြင်လည်း အဘ တဲ့။

ဖိနပ် နဲ့ ဘိနပ်က မူကွဲ https://burmese-spelling.blogspot.com/2024/03/blog-post_673.html

ဘိနပ် ဖိနပ် http://burmese-spelling.blogspot.com/2023/01/blog-post_704.html

ဘ နှင့် ဖ https://burmese-spelling.blogspot.com/2024/02/blog-post_563.html

ဘ နှင့် ဖ https://burmese-spelling.blogspot.com/2025/02/blog-post_787.html

အဘ အဖ အဘိုး အဖိုး https://burmese-spelling.blogspot.com/2025/02/blog-post_19.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ