Skip to main content

မြန်မာ့ပန်း ၁၀ မျိုး


ဆရာရှင့် ပန်းဆယ်မျိုးထဲက ပန်းတိမ်က အမှန်လား ပန်းထိမ်က အမှန်ပါလား ဆရာရှင့်

မြန်မာ့အနုပညာတွင် အရေးပါလှသော ပန်း(၁၀)မျိုးအတတ်ပညာ 

(ပဲ ထိမ် တဉ်း တော့ ရံ ပု မော့ မှတ်လော့ ပွတ် ချီ ယွန်း)

(1) Wood-carving ပန်းပု

(2) Painting ပန်းချီ

(3) Black smith ပန်းပဲ

(4) Lacquer ware ပန်းယွန်း

(5) Wood turner ပန်းပွတ်

(6) Gold smith ပန်းထိမ်

(7) Bronze casting ပန်းတဉ်း

(8) Stone carving ပန်းတမော့

(9) Brick laying & Masonry ပန်းရန်

(10) The art of floral designs using masonry ပန်းတော့

မွန်မိတ်ဆွေတဦးက ပန်းဆယ်မျိုးဟာ မွန်ကနေလာတယ်လို့ ပြောပါတယ်။

ပန်းဟူသော ဝေါဟာရ၏ မူလအရင်းအမြစ်မှာ ပန်ဖြစ်ကြောင်း ပညာရှင်များက ဖေါ်ထုတ်ထားကြသည်။ ပန်၏ အနက် အဓိပ္ပါယ်သည် ဖန်တီးသည်၊ ဖန်တီးချက်လက်ရာ၊ ဖန်တီးသူဟူ၍ သိရသည်။ အနုပညာလက်ရာတခု ဖြစ်ပေါ်လာရန် တွေးတောကြံစည်ရခြင်း ကဏ္ဍဍသည် လုပ်ငန်းပိုင်းဆိုင်ရာ ပန်းအလုပ် ဖြစ်သည် ဟုဆိုပါသည်။ ပန်းဟုခေါ်ဆိုကြသည်မှာ မွမ်းမံခြယ်လှယ် စီမံရသော သုခုမအနုပညာ ပါသော လုပ်ငန်းဖြစ်ခြင်းကြောင့် သုခုမအနုပညာကို တင်စား၍ ခေါ်ကြောင်း အချို့ပညာရှင်များက ယူဆကြသည်။ သုတေသီအချို့က ပန်ဟု ခေါ်ဆိုသောစကားမှာ ပညာလုပ်ငန်းဟု အဓိပ္ပါယ်ဖြစ်ကြောင်း ကိုးကားတင်ပြကြသည်။

ရာဇောဝါဒကျမ်းတွင် ပဲ၊ ထိမ်၊ တဉ်း၊ တော့၊ ရန်၊ ပု၊ မော့၊ မှတ်လော့ ပွတ်ချီယွန်းဟူ၍ ဖွဲ့ဆိုထားသည်။

ပဲ = ပန်းပဲ (သံထည်ထုလုပ်ခြင်း အတတ်ပညာ)

ထိမ် = ပန်းထိမ် (ရွှေငွေ စသည့်လက်ဝတ်တန်ဆာမှစ၍ အသုံးအဆောင်ပစ္စည်းအမျိုးမျိုးကို သွန်းထု ခတ်လုပ်သည့်ပညာ)

တဉ်း = ပန်းတဉ်း (ကြေးထည် ပုံစံအမျိုးမျိုး သွန်းလုပ်သည့်ပညာ)

တော့ = ပန်းတော့ (အင်္ဂတေ၊ သရွတ်ဖြင့် ရုပ်လုံး ရုပ်ကြွ အမွမ်းတင်တန်ဆာ ပြုလုပ်သောပညာ)

ရန် = ပန်းရန် (အုတ်၊ အင်္ဂတေတို့ဖြင့် အဆောက်အဦ တည်လုပ်သည့်ပညာ)

ပု = ပန်းပု (သစ်သား၊ ဆင်စွယ်၊ ဖယောင်း စသောဝတ္တုပစ္စည်းများကို ရုပ်လုံးရုပ်ကြွ ထွင်းထုသည့်ပညာ)

မော့ = ပန်းတမော့ (ကျောက်သားကို ထုဆစ်သည့်ပညာ)

ပွတ် = ပန်းပွတ် (သစ်သား၊ ဆင်စွယ် ပစ္စည်းများကို လိုရာပုံစံအတိုင်း ချောမွတ်အောင် ပွတ်ခံပြုလုပ်သည့်ပညာ)

ချီ = ပန်းချီ (ဆေးရေး၊ ခဲရေး၊ ဆီးဆေးစသည်တို့ဖြင့် ရုပ်ပုံရေးခြယ်သည့်ပညာ)

ယွန်း = ပန်းယွန်း (သရိုးဖြင့် ပန်းနှင့် ရုပ်ကြွတင်၍ ပြုလုပ်သည့်ပညာ။ ယွန်းထည်ပညာ၊ ပန်းထိုးယွန်း ဟုလည်းခေါ်သည်။)

ပန်းဆယ်မျိုးသည် မြန်မာ့ယဉ်ကျေးမှုအနုပညာတွင် အဓိကအကျုံးဝင်သော ပညာရပ်များဖြစ်သည်။ ပန်းဆယ်မျိုးမှာ အနုပညာ၏ လေးနက်သိမ်မွေ့ပြီး ခက်ခဲနက်နဲသော သဘောကိုဆောင်သည်။

ပန်းထိမ်

ခုခေတ်သတ်ပုံစာအုပ်တွေမှာ ပန်းထိမ်၊ ပန်းထိမ်ငိုပန်း၊ ပန်းထိမ်ဖိုငှက်လို့ ရေးကြတယ်။ မြန်မာ့စွယ်စုံကျမ်းမှာလည်း ပန်းထိမ်ဖိုငှက်လို့ ရေးတယ်။ အရင်ကထုတ်တဲ့ သတ်ပုံစာအုပ်တအုပ်မှာ ပန်းတိမ်လို့ တွေ့ပါတယ်။ ရေးနေကြတာတွေမှာ ပန်းထိမ်ရော ပန်းတိမ်ပါတွေ့တယ်။

ပေါ်ပေါက်လာခဲ့သော အချိန်ကာလကို အချို့ပညာရှိများ ခန့်မှန်းခဲ့ကြသည်မှာ ပုဂံခေတ် အနော်ရထာမင်း လက်ထက်တွင် ဖြစ်မည်ဟု ဆိုပါသည်။ မြန်မာလူမျိုးဟု ထင်ထင်ရှားရှားပေါ်ပေါက်မလာမီ ပျူခေတ်ကပင် ထွန်းကားခဲ့ကြောင်းကို သရေခေတ္တရာမြို့ဟောင်းမှ တူးဖေါ်ရရှိခဲ့သော ပျူအရိုးအိုးများ၊ ကျောက်ချပ် ရုပ်ပွားတော်ကြီးများ၊ ကျောက်အုတ်တို့ဖြင့် တည်ဆောက်ခဲ့သော ဘောဘောကြီးဘုရား၊ လေးမျက်နှာဘုရား၊ စသော ပုထိုးကြီးများနှင့် ရွှေငွေတို့ဖြင့် ထုလုပ်ခဲ့သော ရုပ်ထုရုပ်ပွားတော်များ စသည့် အနုပညာရပ်များကို တွေ့ရှိရခြင်းဖြင့် ပျူခေတ်ကာလ အချိန်ကပင် ထိုအနုပညာရပ်များရှိပြီး ဖြစ်ကြောင်းသိရသည်။

ပုဂံခေတ်တွင် မွန်နှင့် အိန္ဒိယယဉ်ကျေးမှုများ ရောပြွမ်း စုံလင်လာသည်ဟု မှတ်ဖွယ်ရှိပါသည်။ လက်ဝဲသုန္ဒရ ဦးမြတ်စံ၏ သာဓိနပျိ့တွင် အင်းဝခေတ်က အထူးတိုးတက်ခဲ့ကြောင်း တွေ့ရှိရသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ