ဆရာရှင့် တဲ့ နဲ့ တယ့်၊ မဲ့ နဲ့ မယ့် ရဲ့ ခွဲပုံခွဲနည်း၊ သုံးပုံသုံးနည်းလေးတွေကို ကွဲကွဲပြားပြားသိချင်ပါတယ်ရှင့်။
၁။ "တဲ့" နဲ့ "တယ့်" က ဘယ်ဟာကအမှန်လဲဆရာ
၂။ မင်္ဂလာပါဆရာခင်ဗျာ။ တဲ့ နှင့် တယ့် အကြောင်းကို သေချာရှင်းလင်းစွာ သိချင်လို့ပါခင်ဗျာ။ မဲ့ နှင့် မယ့် အကြောင်းပါတလက်စတည်း ရှင်းပြစေလိုပါတယ်ဆရာခင်ဗျ။ ဆရာရေးထားတာရှိမလား ရှာကြည့်တော့လည်း မတွေ့လို့ပါခင်ဗျ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဦးခင်ဗျာ။ တခြားရှာကြည့်တဲ့အခါမှာ ဒီလိုရေးထားတာမျိုးတော့ တွေ့ပါတယ်ဆရာခင်ဗျ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။
၃။ ဆရာ ကျနော်တို့မြန်မာလူမျိုး စကားပြောတာ စာရေးရင် "တဲ့" ဆိုသော စကားလုံး ဘာကြောင့် အများစုထဲပါ၀င်သနည်း။ ဥပမာ သူလာမည်တဲ့။ သူစားပြီးပြီတဲ့။ သူကပြောလိုက်တယ်တဲ့။
- ငါ့ကိုချစ်တယ့်ဟုတ်လား - မမှန်ပါ။
- သနားပါတယ့်ဟာ - မမှန်ပါ။
- ကောင်းလိုက်တယ့်သီချင်းကွာ - မမှန်ပါ။
- တင်သင်တယ့်ထင်လိုပါ - မမှန်ပါ။
- မင်းမရှိတယ့်နောက် - မမှန်ပါ။
(၁)
တဲ့ = တဆင့်စကား ပြောကြားသည့် အဖြစ်ကိုပြသော စကားလုံး။
ပြည်ကြီးလျက်ကဲ့၊ ဤသို့တဲ့ဟု၊ ကဲ့ရဲ့လွယ်စွ။
(၂)
ရှေးခေတ်ပုဂံပြည်
မောင်တို့ ကြားကုန်လော့
မယ်တို့ ကြားကုန်လော့
ရှေးဖျား ပုဂံပြည်မှာဖြင့်
မြန်မာတတွေမှာ ရတနာရွှေငွေ အပေါင်းငဲ့ပြင်
မင်းကောင်း နော်ရထာတဲ့
မော်စရာ ဟိုတခေတ်ကိုဖြင့်
ဉာဏ်သစ်ကာ တရွှင်ရွှင်နဲ့
ဘဝင်မှာ အမြင်မှန်းကာပ
တမ်းတ၍ ကြည်ညိုပါ။ (၁၉၃၆ ခုနှစ် မေလထုတ် ဂန္ထလောကမှာ ဆရာဇော်ဂျီ ရေးခဲ့တဲ့ကဗျာဖြစ်ပါတယ်။)
(၃)
မယ့်လမ်းပါလား
ပန်းနီလာ၊ ဗေဒါ ဆင်သလို့
ယဉ်လှတယ်လေး…။
စုန်ချည် ဆန်ချည်နဲ့
ဒီချောင်းရေ ဗေဒါလမ်းမှာ
တန်းစီလို့လေး… ။
အိုအချင်း ကျူရိုးရှင်…
မဗေဒါပြာလဲ့လန်း၊ ကမ်းကပ်မယ်ပြင်
စံပယ်လှ ပွင့်ဖြူစင်၊ ကမ်းခွင်က ငယ်ကျွမ်း
သူ့လိပ်ပြာ ခြံအရံနဲ့
သူစံရာ သူပျော်မွေ့၊ ပြေးတွေ့ချင်စမ်း တဲ့…။ (ဇော်ဂျီ)
(၄)
ချစ်တဲ့ နာမ်စား
ချစ်တဲ့အမျိုးသမီးတဦးဦးကို ရည်ညွှန်းပြီး စာရေး၊ ကဗျာဖွဲ့၊ သီချင်းသီကုံးတဲ့အခါ ‘ခင်’၊ ‘မေ’၊ ‘မ’ စတဲ့ နာမ်စားတွေကို သုံးလေ့ရှိခဲ့တယ်။
နောက်မှာ ‘မိ’၊ မော်၊ မေ၊ မ’ ကာတွန်း ပေါ်လာတယ်။
‘မေ’၊ ‘မီ’၊ ‘မြိုင်’၊ ‘မွှေး’၊ ‘မမ’ အမည်နဲ့ စာအုပ် ၅ အုပ်ထွက်တယ်။
‘ခိုင်’၊ ‘လှိုင်’ စတာတွေလည်း ထွက်တယ်။
‘ညိုနွဲ့ နဲ့ ‘ထွေးညို’ လို့ အသစ်ပေါ်လာတယ်။
‘စာဥ’ အသုံးကို ပြောကြပေမဲ့ ဆရာဝန်ဘဝလုံးပမ်းနေရချိန်ကာလဖြစ်လို့ တိုက်ရိုက် မကြားဘူး မဖတ်ဘူးခဲ့ပါ။
ခေတ်ကလည်း ပြောင်းပါတယ်။ ဖေ့စ်ဘွတ်ကနေ လေ့လာလို့ရသလောက်
‘ကောင်လေး’ တဲ့။
‘ကောင်မလေး’ တဲ့။
‘ညမ’ တဲ့။
‘ကျယ်မ’ တဲ့။
နောက်ဆုံးပေါ်တခုက မိန်ကလေးအမည်တွေတော့ မဟုတ်ပါ။ ‘ရန်ကုန်မာ’ တဲ့။ ‘မန်းလေးမာ’ တဲ့။ ‘ထိုင်းမာ’ တဲ့။
ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2025/02/blog-post_23.html
ဒေါက်တာတင့်ဆွေ
.jpeg)
Comments
Post a Comment