ကျုပ်တို့အညာမှာ မင်္ဂလာတမျိုးသာပါ့၊ အဟုတ်ဗျို့ ဓမ္မတာအစဉ်အလာ မညှိုးခဲ့ပေဘု၊ အရိုးသမကျရှေးလိုပါ့ အဖွားကလည်း ကျီတဆောင်။ ။
အမျိုးကလည်း မသေးပေဘု၊ အဖိုးအဖနှင့်တကွ မေးကြပါတော့၊ တမျိုး ငါ့မြေးဘို့ရယ်လို့၊ အိုကွယ် အဖိုးက ပေးလိုက်ပါတဲ့ နွားညီနောင်။ ။
သြော် အမိအဖတို့ကလဲ၊ ပြည့်ပြည့်ဝဝ တွေမို့၊ ရှိသမျှ ကုန်ချင်ကုန်ရော့လို့၊ မယုံရင် ကြုံလျှင်မေးပါတော့၊ အလုံတခွင်မှာ ဂုဏ်အင်ကလည်း မသေးပါဘု၊ မုံရွေးကြေးမုံ ချောင်းဦးနယ် တလွှားစီက၊ အလုံကျေးအကုန်မှာ ပြောင်းဖူးသည်တွေက များလိုက်ပါဘိသနှင့်၊ ဆွေသားရင်းချာ ညာတကာ မိတ်တို့ကိုလ၊ အဖေသွားရင်းသာ လာစရာ ဖိတ်ခဲ့တာနှင့်၊ ညအိပ်ညနေ အစုံလာကြတော့၊ ခြုံစရာ အကွက် ဖျင်စောင်နှစ်ခု ငဲ့ပြင်၊ ဂုံပုဝါပါတဘက်နှင့် ခြင်ထောင်ကလဲ တခုစီပေါ့၊ လုပ်မှုကိုင်ဘွယ် တောလယ်ဟာ တခင်းငဲ့ပြင်၊ ပြောင်းခင်းတစလယ်ဝင်နှင့်၊ လယ်တရှင် စပါးနှစ်ဆယ် ထွက်ကိုလ၊ ရှေးအဆက်ဆက် အကြွေး တက်တက်ပြီး အဝေးမထွက်ရအောင်လို့တဲ့ကွယ်၊ ပေး လက်ဖွဲ့နှောင်။ ။
မှတ်ချက်
မူကွဲတွေလည်း တွေ့တယ်။ အရင်တင်ပြထားတာကို အခုမူနဲ့ကိုက်ညီအောင် ပြင်ရပါဦးမယ်။
သခင်ကိုယ်တော်မှိုင်းက လွန်ခဲ့တဲ့ နှစ်ပေါင်းတရာလောက်အခြေအနေကို ပြောပြခဲ့တာပါ။ ခုကာလမှာတော့ ငနဲသူခိုး လူညာတွေက အမြို့မြို့အရွာရွာက ဘူတာရုံသာမကပဲ ဌာနပေါင်းစုံနဲ့ လူမှုအလွှာပေါင်းစုံမှာ ရှိနေကြတော့တယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment