Skip to main content

အညာမင်္ဂလာဆောင်

(ကဗျာလက်ရွေးစင်၊ ဦးချမ်းမြနှင့် ဦးမောင်မောင်ကြီး)

ကျုပ်တို့အညာမှာ မင်္ဂလာတမျိုးသာပါ့၊ အဟုတ်ဗျို့ ဓမ္မတာအစဉ်အလာ မညှိုးခဲ့ပေဘု၊ အရိုးသမကျရှေးလိုပါ့ အဖွားကလည်း ကျီတဆောင်။   ။

အမျိုးကလည်း မသေးပေဘု၊ အဖိုးအဖနှင့်တကွ မေးကြပါတော့၊ တမျိုး ငါ့မြေးဘို့ရယ်လို့၊ အိုကွယ် အဖိုးက ပေးလိုက်ပါတဲ့ နွားညီနောင်။   ။

သြော် အမိအဖတို့ကလဲ၊ ပြည့်ပြည့်ဝဝ တွေမို့၊ ရှိသမျှ ကုန်ချင်ကုန်ရော့လို့၊ မယုံရင် ကြုံလျှင်မေးပါတော့၊ အလုံတခွင်မှာ ဂုဏ်အင်ကလည်း မသေးပါဘု၊ မုံရွေးကြေးမုံ ချောင်းဦးနယ် တလွှားစီက၊ အလုံကျေးအကုန်မှာ ပြောင်းဖူးသည်တွေက များလိုက်ပါဘိသနှင့်၊ ဆွေသားရင်းချာ ညာတကာ မိတ်တို့ကိုလ၊ အဖေသွားရင်းသာ လာစရာ ဖိတ်ခဲ့တာနှင့်၊ ညအိပ်ညနေ အစုံလာကြတော့၊ ခြုံစရာ အကွက် ဖျင်စောင်နှစ်ခု ငဲ့ပြင်၊ ဂုံပုဝါပါတဘက်နှင့် ခြင်ထောင်ကလဲ တခုစီပေါ့၊ လုပ်မှုကိုင်ဘွယ် တောလယ်ဟာ တခင်းငဲ့ပြင်၊ ပြောင်းခင်းတစလယ်ဝင်နှင့်၊ လယ်တရှင် စပါးနှစ်ဆယ် ထွက်ကိုလ၊ ရှေးအဆက်ဆက် အကြွေး တက်တက်ပြီး အဝေးမထွက်ရအောင်လို့တဲ့ကွယ်၊ ပေး လက်ဖွဲ့နှောင်။   ။

မှတ်ချက်

မူကွဲတွေလည်း တွေ့တယ်။ အရင်တင်ပြထားတာကို အခုမူနဲ့ကိုက်ညီအောင် ပြင်ရပါဦးမယ်။

သခင်ကိုယ်တော်မှိုင်းက လွန်ခဲ့တဲ့ နှစ်ပေါင်းတရာလောက်အခြေအနေကို ပြောပြခဲ့တာပါ။ ခုကာလမှာတော့ ငနဲသူခိုး လူညာတွေက အမြို့မြို့အရွာရွာက ဘူတာရုံသာမကပဲ ဌာနပေါင်းစုံနဲ့ လူမှုအလွှာပေါင်းစုံမှာ ရှိနေကြတော့တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ