ဘယ်ဟာကမှန်သလဲက ပိုပြီးအရေးကြီးတယ်။
မှတ်ချက်
ဆုံးမစာတွေ၊ အဆိုစကားတွေ တင်ကြတယ်။ အောက်မှာ ဘယ်သူဘယ်ဝါလို့ပါတယ်။ အဲဒီ ဘယ်သူဘယ်ဝါဆိုတာတွေက မှန်ချင်မှသာ မှန်တယ်။
- ဆရာတော်တဲ့။
- စာရေးဆရာတဲ့။
- ဖီလော်ဆော်ဖါတဲ့။
- သီချင်းတွေကိုလည်း ပြန်ဆိုသူအမည်သာ ထည့်ကြတယ်။ မူရင်းအမည် ပျောက်။
- အကိုးအကားတွေကိုလည်း မူရင်းအစစ်မပါ။ တင်တဲ့သူက ရေးသလိုလို။
- အမည်မပါလို့ အချက်အလက်မှန်ရင်တော့ တော်သေး။ တချို့က မှား။ အောက်မှာတော့ လိုက်တွေ၊ ရှယ်တွေကများ။
- သတင်းတဲ့ ဘယ်က၊ ဘယ်တုန်း မပါ။
- တချို့က စာမဖတ်၊ ပုံလေးက လှသတဲ့။
- တချို့ကတော့ ဘယ်သူဆိုရင်တော့ ကောင်းပြီတဲ့။ အဲလိုလူတွေပေးတဲ့မဲနဲ့ အင်ဖလူယင်ဇာဖြစ်နေသူတွေ၊ ဆဲလီတွေက အများကြီး။ အဆိုတော်တွေ၊ သရုပ်ဆောင်တွေ၊ မော်ဒယ်တွေကလည်း အများကြီး။
ဒဿနအဆိုတွေနဲ့ အလှမ်းဝေးသူတွေ အတော်များတဲ့ခေတ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment