သဇင်သင်းပါတဲ့ ခင်းပြန့်ပေါ်၊ လာနိုးငယ်မယ်မျှော်လို့၊ တကိုယ်တော်ထူး၊ ထွေရာစိတ်ကူးပါလို့၊ ဖူးရွှေလက်တင်၊ ဖြစ်ရှေးကုန်စင်၊ ဘဝင်တုန်ဆွေးတယ်လေး၊ တွေးကြံလိုက်ရင်။
သစ္စာတော်စူးပါစေ့၊ ဆိုဦးကပင်၊ ခင်လေးကို (ကြော့ကြော့ဆုံးကို) မောင်ကြင်ငဲ့၊ သည်သက်တွင်ဘဲ၊ နောင်သွေမလွဲပါဘူ့ ယုံတော့မေ၊ ပြဒုမဘွေ သီဟာတင့်တယ်လေး၊ စိုးညာမြင့်နေ။
နတ်ဒေဝီဖြားသော်လဲ၊ တပါးမသွေ၊ ရှစ်ဗြဟ္မာချွေပါလို့၊ အောင်ဇေယျာညွှန်း၊ မတ်ချွေရွှေဝန်းငယ်နှင့်၊ ရေသွန်းတော်ခံ၊ မဟေသီမှန်၊ ဒေဝီတပ်တယ်လေး၊ ဦးဆယ်ထပ်ရံ။
သည်မေတင်စားပါလို့၊ ကြင်အားငယ်သန်၊ ခုများမှာသူတဉာဏ်ထူးနှင့်၊ မူတဟန်ခြား (မူဟန်တော်ခြား)၊ ပြုတော်မူအားရန်ကော့၊ မျက်ထားတော်သုန်၊ မချစ်ပြင်ပြင်၊ မကြင်ကိုယ်တော်စိမ်းတယ်လေး၊ ပိန်းပိတ်လို့မှုန်။
စိန်ခြူးကြာညောင် - တီး စောင်းဦးမြင့်မောင်၊ ဆို - ရီရီသန့် https://www.youtube.com/watch?v=sS-8JhUUxSg
လှိုင်ထိပ်ခေါင်တင် ဘောလယ်မှာ (တစ်) ကိုယ်တော်ထူး မဟုတ်ပါ။ ခုမှားမှာသူ (တစ်) ဉာဏ်ထူးနှင့် မဟုတ်ပါ။ မူ (တစ်) ဟန်ခြား မဟုတ်ပါ။
ကဗျာ့ပန်းကုံးစာအုပ်က ကျွန်တော်တို့ဆယ်တန်းမှာ ကျောင်းသုံး။
ဒေါက်တာတင့်ဆွေ
၇-၁၀-၂၀၁၈

Comments
Post a Comment