ဟုတ်။
အလားတူကွန်မင့်တွေ မကြာခဏာလာပါတယ်။ သတ်ပုံမှားလည်း တရားကိုသဘောပေါက်ရင်ပြီးတာဘဲ စသည်။
ကျွန်တော်ကတော့ တရားနဲ့ အတော်အလှမ်းဝေးပါတယ်။
“မြတ်ဗုဒ္ဓ၏တစ်ရားတော်များ” ဆိုရင် မဖတ်၊ တရားမနာနိုင်ပါ။
“ငယဲကျမယ်” ဆိုလည်း မယုံနိုင်ပါ။
“နောင်တစ်မလွန်” ရှိတယ်လို့မထင်ပါ။
“မေတ္တာတစ်ရား” မပွားနိုင်ပါ။
စာကိုဘယ်လိုရေးရေး ပညတ်တွေတဲ့။ ဟုတ်ရဲ့လား။
မနေ့ကပဲ အဘိဓမ္မာ သတ်ပုံစာလေးတင်သေးတယ်။ တခုတည်းထင်မှတ်၊ မျှင်မပြတ်လျှင်၊ ပညတ်ပင်။ အများထင်မှတ်၊ အမျှင်ပြတ်မှ၊ ပရမတ်။ တစ်ခုတည်းမဟုတ်။ သတ်ပုံမှန်မှ တရားလည်းမှန်၏။ (ပရမတ္ထစက္ခုကျမ်းမှ ကောက်နုတ်ချက်)
ကဗျာဆရာတယောက်ကလည်း ပြောတယ်။ သတ်ပုံကိုထားလိုက်ပါ ကဗျာဈာန်ကသာအရေးကြီးသတဲ့။ တချို့ စာရေးသူတွေကလည်း ရေးကြတယ်။ သတ်ပုံဘယ်လိုနေနေ အိုင်ဒီယာကသာ အရေးပါသတဲ့။ ဟုတ်ပါ့မလား။
ကျွန်တော်ကဆရာဝန်၊
"လူနာရောဂါပျောက်ရေးကသာ အရေးကြီးတယ်။ ပိုက်ဆံတွေပိုတောင်းတာ အရေးမကြီး" လို့ ပြောသင့်သလား။
"ပျောက်ပြီးရော ဆေးကုနည်းကအရေးမကြီး" လို့ ပြောသင့်သလား။
"အော်ပရေးရှင်း ဆာဆက်စဖူးလ် ပေးရှင့်ဒိုင်း" ဆိုတာ ကြားဖူးမှာပေါ့။
သတ်ပုံဇောက်ထိုးနဲ့တော့ နိဗ္ဗာန်ကို အတည့်မြင် မမြင် ကျွန်တော် မသိပါ။
ဒေါက်တာတင့်ဆွေ
၅-၁၀-၂၀၁၇

Comments
Post a Comment