Skip to main content

ပုစွန် ပုဇွန် သတ်ပုံ

ဂုဏ်ထူးဦးသိန်းနိုင်သတင်းကို အကြောင်းပြုပြီး ရေးပါတယ်။

ဂုဏ်ထူးဦးသိန်းနိုင် ငယ်စဉ်က မုံရွာကိုလာပြီး စကားရည်လုပွဲမှာ ပါတယ်။ မြဟေဝန်ရုပ်ရှင်ရုံမှာ။ ကျွန်တော်က အလယ်တန်းကျောင်းသား။

ဦးသိန်းနိုင်က အချေဘက်က။ သူ့လှည့်ရောက်တော့ ချေပပါတယ်။

"အဆိုရှင်ကြီး ခရားရေလွှတ်ပြောသွားတာတွေက မီးရထားကြီး ဟုတ် ဟုတ် ဟုတ် နဲ့ ခုတ်မောင်းလာသလိုဘဲ။ တဖြည်းဖြည်းနဲ့ မဟုတ် မဟုတ် မဟုတ်။"

ပုစွန် ပုဇွန် သတ်ပုံ

အရင်သတ်ပုံစာအုပ်တွေမှာရော နောက်ထုတ်တွေမှာပါ ပုစွန်လို့ရေးကြတယ်။ ဂုဏ်ထူးဦးသိန်းနိုင်က ပုဇွန်လို့ရေးပါတယ်။ သတ်ပုံကျမ်းမှာ ဇွန်ကို ဇွန်လနဲ့ ဇွန်ပန်းမှာသာ သုံးပါတယ်။ (ပုစွန်) (ပုဇွန်) မူကွဲအဖြစ်သတ်မှတ်ရပါမယ်။ ဗုဇွန်တုပ် (ကဝိလက္ခဏ သတ်ညွှန်း) ဗုစွန်လို့လည်း အရင်ကရေးပါတယ်။

အွန်လိုင်းကနေ သတ်ပုံသင်ပေးတာတွေ၊ တီဗွီက သတ်ပုံပြိုင်ပွဲလုပ်တာတွေမှာ ဒိုင်တွေက မှားတာတွေ မကြာခဏတွေ့ရတယ်။

ပုစွန် (ဦးသာမြတ်သတ်ပုံကျမ်း)

ပုစွန် (မြန်မာစာအဖွဲ့ မြန်မာအဘိဓာန်)

ပုစွန် (ကဝိဓဇသတ်ပုံကျမ်း)

ပုဇွန် (ဂုဏ်ထူးဦးသိန်းနိုင်)

ဗုဇွန်တုပ် (ကဝိလက္ခဏ သတ်ညွှန်း)

ပု

ပုခက်

ပုဂံပြည်

ပုစွန်

ပုစွန်ချဉ်

ပုစွန်စာပင်

ပုစွန်ဆိတ်

ပုစွန်တာရာ

ပုစွန်တုပ်

ပုစွန်လုံး

ပုစွန်ခြောက

ပုစဉ်းထိုးငှက

ပုစဉ်းရင်ကွဲ

ပုစဉ်းကောင

ပုစုခရု

ပုဆစ်တုပ်

ပုဆိန်

ပုဆိုး

ပုတတ်စာပင်

ပုတတ်ကောင်

ပုတိ-ဘင်္ဂ-မရဏ

ပုတီးကုန်းမြို့

ပုတီးစိပ်

ပုထဝီ

ပုထိုးစေတီ

ပုထုဇဉ်

ပုပုကွကွ

ပုပျပ်ပျပ်

ပုရစ် = အညွန့်အဖူး

ပုရစ်ဖူး

ပုရစ်ကောင်

ပုရည် = ဆန်စပါးထည့်သောစလွယ်

ပုရပိုက်

ပုရွက်ဆိတ်

ပုရွက်ပျံ

ပုလင်း

ပုလိပ်

ပုလုကွေးလေး = သေးငယ်သော

ပုလဲတမူး = နှစ်သက်မြတ်လေးသည်

ပုလဲပုတီး

ပုလဲမြို့

ပုသိမ်မြို့

ပုအိုင့်အိုင့်

ပုရေဇာတပစ္စည်း

ပုရောဟိတ်

ပျပျပျပ်ပျပ်

စွန်

ငန်စွန်ရွာ (ယခင်သုံး) (ယခုသုံး = ငါန်းဇွန်မြို့)

ငမ်းစွန်

စွန်ငှက်

စွန်ထွက်နေသည်

စွန်ပလွံပင်

စွန်တောင်ဆွဲသည် (ထဘီစွန်တောင်ဆွဲသည်)

ပုစွန်

မိုးတိမ်စွန်

မျက်စိစွန်

လွှတ်သောစွန်

အစွန်အဖျား

အဆုံးစွန်သောဘဝ

အမြိတ်အစွန်

တောစွန်တောင်ဖျား

စွံ

စွံသွားပြီ (အဖေါ်ရသွားပြီ)

မစွံံသေးဘူးလား (အိမ်ထောင်ဖက် မရသေးဘူးလား)

ရောင်း၍စွံသည်

ပါစွံငါးကလေး

ပုဏ္ဏမာ

ဖုသျှငယ် ယုန်စန္ဒာနှင့်

မှုန်းပြာပြာ ဝဠာတွင်းမှာလ

ငွေပုစွန် တာရာလင်းတယ်

နှင်းမြူပိတ်ဖုံး။ (ဦးပြုံးချို ပြာသိုလဘွဲ့)

မြို့မငြိမ်းရေးတဲ့ ကသစ်ပန်းသီချင်း

နတ်စည်ငယ်လေ၊ ပုဇွန့်လက်ရိုး အာလမ္ဗရာ၊ ကျော်ဝန်းသံဝါ ဆော်ရွမ်းညံစာစာ၊ တိမ်ယံအာကာ နီလာပြင်ဆိုင်း သင်တိုင်းခြုံလွှာ၊ အုံ့မှိုင်းညိုပြာမိုးထက်ကဲဝဠာ ကိုးချက်နယ်မှာ၊ တိမ်ခိုးယှက် မိုးသက်လေးတွေဖြာ

ဝေဆာ သခွပ်ဖြူပင်မင်း ငွေအဆင်း ပွင့်ချိန်မှာ အသူရာ ဒေါသထွက်လို့ မြင်းမိုရ်ထက်သို့ တက်လို့ စစ်ဖက်တဲ့ခါ အုံ့ခါလေတဖွဲဖွဲ ရွာလေတသည်းသည်း

လွဲခဲ့ကြရရှာ နတ်တို့ နတ်ရွာဝတိံသာ အသူရိန်တွေဟာ ဘုံသာဝေယံနန်းမြင့် ကသစ်ပန်းပွင့် ရတုဖြာ သဘင်ပွဲပြုကာ

အို သခွပ်ဖြူစွာ အပွင့်ကိုသာ မြင်တော့မှ ဝတိံတွင် မဟုတ်ပါလား ဟရို့ရဲ့ သေနင်ဗျူဟာ နတ်အသူရာ မင်းငယ်လေ စစ်ခင်းလုမယ်လာ ရှေးရှု ဝတိံသာ

ဝေဆာ သခွပ်ဖြူပင်မင်း ငွေအဆင်း ပွင့်ချိန်မှာ အသူရာ ဒေါသထွက်လို့ မြင်းမိုရ်ထက်သို့ တက်လို့ စစ်ဖက်တဲ့ခါ အုံ့ခါလေတဖွဲဖွဲ ရွာလေတသည်းသည်း

အာလိန်ငါးဆင့် နဂါးနဲ့ဂဠုန် အရံ ဂုမ္ဘာန်ယက္ခ စတုမဟာရာဇာ မခံနိုင်ငြားလို့ သိကြားထွက်တဲ့အခါ တွက်ရေ သိန်း ခြောက်သောင်း ရှစ်ထောင့် ယုဇနာ ဝရဇိန်လွှတ်ခါ မြင်းမိုရ်ကိုပင် သူခွင်းချင် ထွင်းလို့ဖောက်နိုင်တာ နတ်မြင်း တထောင်ကတဲ့ ရထားဝေဇယန္တာ ရန်ဖန်မာန်တင်းတာက ဆင်တော်သုမိတ္တာ ရဲတံခွန်လွှား သုံးဆယ့်သုံးပါး သိကြားငယ်ပါ နေလနတ်သား လေးပါးစစ်အင်္ဂါ ပင်လုံးကျွတ် သခွပ်ပွင့်ချိန်ခ

ဝေဆာ သခွပ်ဖြူပင်မင်း ငွေအဆင်း ပွင့်ချိန်မှာ အသူရာ ဒေါသထွက်လို့ မြင်းမိုရ်ထက်သို့ တက်လို့ စစ်ဖက်တဲ့ခါ အုံ့ခါလေတဖွဲဖွဲ ရွာလေတသည်းသည်း

နှစ်တိုင်းပဲ သခွပ်ပွင့်ချိန်မှာ သိကြားနဲ့ အသူရာ သမက်နဲ့ယောက္ခမ ဘောက်ကျလို့လဲ အားမရနိင်ရှာ ဒါကို အားမကျဖို့ မယားအလှ တောင်းပန်မှာ ယောက္ခမဆိုတာ တည့်အောင်ပေါင်း ကျောင်းကိုထုတ် ဥပုသ်ရက်ရှည် စောင့်ခိုင်းမှာ

ဝေဆာ သခွပ်ဖြူပင်မင်း ငွေအဆင်း ပွင့်ချိန်မှာ အသူရာ ဒေါသထွက်လို့ မြင်းမိုရ်ထက်သို့ တက်လို့ စစ်ဖက်တဲ့ခါ အုံ့ခါလေတဖွဲဖွဲ ရွာလေတသည်းသည်း

ကိုအံ့ကြီး https://www.youtube.com/watch?v=s21v6dfQ_Os

မာမာအေး https://www.youtube.com/watch?v=h7m07Fj82O0

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ