Skip to main content

မင်္ဂလာ စင်္ကာပူ မန္တလေး

 

(မှားလည်း မမှား၊ အသားလည်းကျနေတဲ့ စာလုံးတွေကို မပြင်သင့်ပါ။)

မေးခွန်း = "စင်္ကာပူ" နဲ့ "စင်ကာပူ" ဘယ်ဟာကို သုံးသင့်ပါသလဲ။

မေးခွန်း = စင်ကာပူ နဲ့ စင်္ကာပူ ဘယ်ဟာအမှန်ယူရမလဲဆရာ

စင်္ကာပူ = စင်ကာပူ

အရင်ကတည်းကဘာသာခြားစာလုံးတွေကို မြန်မာပြန်ရာမှာပါ အဆင့်တွေနဲ့ရေးကြတယ်။ အင်္ဂလိပ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ အစ္စရေး၊ ဣသရေလ၊ စသည်။ အဲတာတွေကို အဆင့်မပါဘဲရေးလည်း သတ်ပုံပျက်စရာမရှိပါ။

အရင်က ဖြတ်လမ်းရေးနည်းတွေ လုပ်ခဲ့ကြတယ်။ အဆင့်တွေပါလေ့ရှိတဲ့ ပါဠိစာနဲ့ မြန်မာစာ ရောနေတာများခဲ့တယ်။ အဲတာတွေကို မဆင့်တော့ပဲ ခွဲရေးတာဟာ ပိုရှင်းလင်းပြီး အဓိပ္ပါယ်လည်း မပျက်စေလို့ သင့်မှန်တယ်။

မိုဃ်း၊ ကျမ္မာရေး၊ ဆြာ၊ မင်းသ္မီး၊ မိုဃ်း၊ မဲးဇာ၊ ယ္ခင်၊ မြမ္မာ၊ သ္ခင်၊ သဲး၊ ဥူး၊ ဧး၊ သ္ခင်၊ ယ္ခင်၊ ယ္ခု၊ မိမ္မ၊ ဆုမ္မ၊ တွေကိုလည်း အခု မရေးကြတော့ပါ။ အဲလိုပြောင်းလဲခြင်းကသာ ခေတ်အရပြောင်းတာမည်ပါတယ်။ ဝါစင်္ဂ = ဝါစ + အင်္ဂ = စကား + အစိတ်အပိုင်းကတော့ ပါဠိကနေလာတယ်။

အဲဒီခေတ်မှာ ပါဠိကို အသုံးများခဲ့လို့ မြန်မာစာလုံးအစစ်တွေမှာပါ အဆင့်တွေနဲ့ရေးကြတယ်။ သ္ခင်၊ ယ္ခင်၊ ယ္ခု၊ ကျမ္မာ၊ မင်းသ္မီး၊ မြမ္မာ၊ မိမ္မ၊ ဆုမ္မ၊ စသည်။ အဲတာတွေကို မဆင့်တော့ပဲ ခွဲရေးတာဟာ ပိုရှင်းလင်းပြီး အဓိပ္ပါယ်လည်း မပျက်စေလို့ သင့်မှန်တယ်။ အရင်ကမှန်နေတာကို ပိုခက်အောင် လွဲအောင်ရေးတာကို သဘောမတူပါ။

အဲဒီခေတ်မှာပဲ မြန်မာစာလည်း မဟုတ်၊ ပါဠိလည်းမဟုတ်တဲ့စကားလုံးတွေမှာပါ အဆင့်နဲ့ရေးကြတယ်။ ဥပမာ အင်္ဂလိပ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ အစ္စရေး၊ ဣသရေလ၊ စသည်။ အဲတာတွေကို အဆင့်မပါဘဲရေးလည်း သတ်ပုံပျက်စရာမရှိပါ။

မပြောင်းသင့်တဲ့အဆင့်တွေရှိတယ်။ မန္တလေး၊ မိတ္ထိလာ (မိတ္ထီလာ) မုတ္တမ၊ ပခုက္ကူ၊ ဟုမ္မလင်း၊ နတ္တလင်း၊ မုပ္ပလင်၊ အလ္လကပ္ပ၊ သခွတ္တနယ်၊ သေတ္တရာရွာ၊ သာဝတ္ထိ၊ စေတုတ္တရာ၊ နမ္မတူ၊ သရေခတ္တရာ၊ ညောင်ငုတ္တို ခေတ္တ၊ ခေတ္တရာ၊ မေတ္တာ၊ သေတ္တာစတဲ့အမည်တွေ ဆက်ရေးသင့်တင်တယ်။ အကျႌကိုလည်း မပြင်သင့်သေးပါ။

မန်းလေးလို့ ရေးနေကြတာကိုတော့ သဘောမကျပါ။

ဟင်္သာတ https://burmese-spelling.blogspot.com/2024/05/blog-post_101.html

သုံးဆဲ့ရှစ်ဖြာ မင်္ဂလာ https://burmese-spelling.blogspot.com/2022/12/blog-post_74.html

ရွှေတိုင်ညွန့်ရေးသားတဲ့ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ https://www.youtube.com/watch?v=2EgTVXkdeoM

မင်္ဂလာ ယောက်ျား ဟင်္သာတ သင်္ဘောသီး https://burmese-spelling.blogspot.com/2023/04/blog-post_454.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ