ပြန်စာ
(၁)
အင်္ဂလိပ်စာလုံး line ကနေ ဘန်းစကားလုပ်ထားတာ ဖြစ်ပါတယ်။
စစ်တပ်ထဲမှာ လူပျိုလိုင်း၊ အိမ်ထောင်သည်လိုင်းလို့ ခွဲထားတာရှိတယ်။
ကျောင်းတွေမှာ ကျောင်းသားတွေကို တန်းစီခိုင်းတဲ့အခါ တတန်း (တလိုင်) လို့ ပြောတတ်ကြတယ်။
သစ်ပင်တွေ အတန်းလိုက်စိုက်တဲ့အခါ တတန်း (တလိုင်း) လို့ ပြောတတ်ကြတယ်။
ကုန်ဝယ်တဲ့အခါ မလောက်ငလို့ လာဝယ်သူတွေက တန်းစီရတယ်။ တလိုင်း၊ လိုအပ်ရင် နှစ်လိုင်းစီကြရတယ်။
ယဉ်ကျေးတဲ့နေရာတွေမှာ အလှည့်ကျအတွက် တန်းစီကြရပါတယ်။ တတန်း (တလိုင်း)။
အစားတလိုင်း၊ အကြွားတလိုင်း စသဖြင့်ပြောဆိုနေကြသူ အများစုကတော့ ဘာကိုဆိုလိုသလဲ၊ ဘယ်ကနေလာတဲ့စာလုံးလည်း သိကြပုံမရ။ သူများပြောလို့ပြော (သူများယောင်လို့ယောင်) တဲ့သူက အများစု။
ခေတ်သုံးစကားလုံးတွေရဲ့သဘောက အဲလိုပါဘဲ။ အများစုဘန်းစကားတွေက ကြာကြာမခံပါ။
ငါလည်း ခေတ်မီအောင် ပြောလိုက်ဦးမယ်သမားကလည်း များတယ်။
(၂)
သတိထားရန်
တလိုင်း (အင်္ဂလိပ်: Talaing) ဝေါဟာရသည် ဘာသာစကားနှစ်ခုကြား အငြင်းပွားဖွယ် စကားလုံးဖြစ်သည်။ မြန်မာစကားဖြင့် မွန် ဟုဓိပ္ပာယ်ရသော်လည်း မွန်စကားအနေဖြင့်မူ မိဘမျိုးရိုးမစစ် (မိဘအားဖျက်စီးသော သားသမီး)ဟု အဓိပ္ပာယ်ရလေသည်။ ထို့ကြောင့် ထိုဝေါဟာရကို အသုံးမပြုရန် မွန်လူမျိုးများက အစဉ်အဆက် ကန့်ကွက်ခဲ့ကြသည်။ အကျိုးဆက်အနေဖြင့် စာပေ ရေးသားရာတွင်သော်လည်းကောင်း၊ စကားပြောဆိုရာတွင် သော်လည်းကောင်း၊ တလိုင်းဟူသော ဝေါဟာရကို အသုံးမပြုရန် နိုင်ငံတော်အစိုးရများက ဆုံးဖြတ်ခဲ့ကြသည်။ (ဝီကီပီးဒီးယား)
(၃)
တလိုင်းဟူသောစကား၏အဓိပ္ပါယ်အမှန်သည်မွန် လူမျိုးများဟု ဆိုလိုခြင်း မဟုတ်။ တလိုင်းဟူသော စကားလုံးသည်မွန်စကားတွင်မရှိသလို၊မူရင်းဗမာစကားတွင် လဲ မရှိပါ ထို့ကြောင့်မူရင်းအဓိပ္ပါယ်အသိ အကျကိုသိရှိနိုင်ရန်မလွယ်ကူပေ။ (နိုင်ဖေသိန်းဇြာ ဖက်ဒရယ်တက္ကသိုလ်)
ကျေးဇူးတင်ပါတယ်ဆရာ
ကျနော်တို့ပန်းတနော်မြို့နယ် ၊ အင်းမကျေးရွာအုပ်စုမှာ တလိုင်းစုဆိုတဲ့ရွာရှိတယ်ဆရာ ကရင်လူမျိုးအများစုနေတဲ့ကရင်ရွာပါ ယခင်က ပန်းတနော်ဘက်ကိုရှေးမွန်မင်းဆက်တွေ စစ်ပြေးရင်းရောက်လာပြီး ဘုရားတွေတည် ရွာတွေတည်ခဲ့တယ်လို့ပြောကြတယ် ဘုရားစေတီတွေမှာတော့ ကျောက်စာတွေအရမွန်တွေတည်ခဲ့တာဆရာ ပန်းတနော်မြို့၊ရွှေမြင်တင်စေတီက မွန်မင်းသမီး တဦးတည်ခဲ့တာလို့ ပန်းတနော်သမိုင်းမှာရေးထားတာဖတ်ရပါတယ် ပန်းတနော်မြို့နယ်ထဲက ရွာအမည်တွေက ကျုံ ကျိုက် နော် တွေနဲ့စတာများတယ်ဆရာ
ဟုတ်။
အရပ်ဒေသသုတအတွက် ကျေးဇူး။
မွန်နဲ့ ကရင်လူမျိုးတွေက အဆက်အစပ် အတော်နီးစပ်တယ်။
မြစ်ဝကျွန်းပေါ်ဒေသမျာ မွန်စာလုံးတွေ အများကြီး။
သတိပေးချက်
တဝမ်းပူတွေကို ရန်ရှာတဲ့ ၁၉၈၆ ခုနှစ်ကစတင်တဲ့ မြန်မာစာဖျက်ဆီးရေး နိုင်ငံတော်မူကြောင့် -
ပညာဝန်ဦးဖိုးကျား စာသင်ယူခဲ့တဲ့ ပုသိမ်ခရိုင် တိုင်တရာ စကောကရင် အလယ်တန်းကျောင်းအမည်ကို စသတ်နဲ့ပြင်ထားတယ်။
တလိုင်းစု နဲ့ ပန်းတနော် ကိုယ့်မြို့ရွာအမည်တွေကို အဖျက်မခံရသင့်ကြပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment