Skip to main content

About Burma ကောင်း၏ဆိုတာ ဘာလဲ

ဂျပန်ငပု အကြောင်းကနေ ဆက်လက်တင်ပြပါဦးမည်။

ကျွန်တော်တို့ ကျောင်းနေစဉ် ၁၉၆၀ ဝန်းကျင်မှာ နိုင်ငံရေးနဲ့ ဗဟုသတလေ့လာမှု မပြုနိုင်ကြပေမဲ့ ကျောင်းသားတိုင်းသိကြတဲ့ ဆိုစကားတွေ ရှိခဲ့ပါတယ်။

ဂျာမဏီနဲ့ အင်္ဂလန်လုပ် လူသုံးကုန်တွေက ကောင်းတယ်။

ဥပမာ  အင်္ဂလန်ကလာတဲ့ ရာလေး၊ ဟမ်းဘား စက်ဘီးတွေ၊

ဂျာမဏီလုပ် ခွေးမြီးတို ခေါ် Sphinx ခဲတံ တမတ်တန် အကောင်းဆုံး။

မြန်မာပြည်လုပ် ကြက်ဆင်ဖဲထီး၊ ပွင့်ကောင်း ငပိ၊ ငန်ပြည်ရည်၊ ဟန်သာအေးနိုင်လွန်၊ ရွေဘို ဆိတ်ခွန်ထည်၊ မုံရွာ ဂျစ်ကားထည်၊ အမရပူရထည်၊ အင်းလေးထည်၊ ရခိုင်လုံချည် စသည် အလွန်ကောင်းသည်။

အဲဒီကာလမှာ ဂျပန်လုပ်တွေ ညံ့တယ်။ ညံ့တာကို “ဂျပန်ပစ္စည်း” ဆိုတဲ့ ဘန်းစကားရှိတယ်။ 

နောက်တော့ -

မြန်မာပြည်မှာ စစ်တပ်ကအာဏာသိမ်း၊ 

ပြည်သူပိုင်လုပ်ရာကနေ ဥရောပကုန်တွေ မဝင်တော့။

တရုပ်ကနေလာတယ်။ ညံ့တယ်။

ကျောင်းသားတွေသိကြတာက ဂရိတ်ဝေါလ် ခဲတံ ချွန်တိုင်းကျိုး၏။

ဆယ်စုနှစ်တွေကြာလာတော့ -

ဥရောပနဲ့ အမေရိန်ကန်လုပ်ပစ္စည်းတွေ အကောင်းဆုံးဆက်ဖြစ်နေ။

ဂျပန်ပစ္စည်း အကောင်းဆုံးအတန်းအစားထဲပါလာ။

မြန်မာပြည်ထုတ် မရှိ။ ရှိလည်း အဆင့်မမီ။ မလုံလောက်။ 

မှောင်ခိုစီးပွားရေး ဖြစ်လာ။ မှောင်ခိုရှိလို့သာ သုံးစရာတွေနဲ့ ဆေးဝါးတွေ ရ၏။

အခုတော့ “မိဒ်တင်ဘာမား နိုင်ငံရေး” ကို ပြောကြတော့မည် -

တရုပ်ကပြောမည် လက်ခုပ်ထဲကရေလို မှောက်လိုမှောက် လှန်လိုလှန်ရသဖြင့် ကောင်း၏။

ထိုင်းကပြောမည် မြန်မာညံ့လေ ဒို့အမြတ်ရလေ။ ကောင်း၏။

အိန္ဒိယကပြောမည် တက်နေတဲ့သူကို မျက်နှာချိုသွေးရေး အင်ဒီယားအရေး။ ကောင်း၏။

မလေးရှား၊ စင်္ကာပူ၊ အာရတ်နိုင်ငံတွေ ပိုက်ဆံနည်းနည်းပါးပါးပေးခိုင်းလို့ရတဲ့ ရွှေမြန်မာ အလုပ်သမားတွေ အလုပ်သမတွေခေါ်လို့ရ၏။ ကောင်း၏။

စစ်အာဏာသိမ်း တတိယမျိုးဆက်တက်လာပြီ။ 

ကောင်း၏ဆိုသည့်နိုင်ငံတွေက ပိုကောင်း၏ဟု ဆိုကြပါလိမ့်မည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ