Skip to main content

ပန်းသည် နှင့် ပန်းသယ်


တင်ထားတဲ့စာ = “ကြော့” နှင့် “ကျော့” 

ကွန်မင့်တခု = စာသင်ရိုးမှာ ဒီကဗျာ ထည့်ပြီး(ဂီတသင်ရိုး)သင်ရိူးစာအဖြစ် သင်ရတာ ဆရာ ဗမာလို သံစဥ် (ပလွေ)ပွေ အဖြစ်နဲ့

သီချင်း ဂီတသင်္ကေတ စာရွက်ကို သေချာကြည့်ပါရန်။

သီချင်းအမည်မှာ ပန်းသည်။ သင်္ကေတမျဉ်းထဲမှာ ပန်းသယ်။

ပန်းသည်

မောင်လေးရေ ထပါတော့၊

ရောင်နီ လာလှပေါ။

တကြော့ နှစ်ကြော့ တေးကိုသီ၊

ငှက်ကျား နှုတ်ပလီ။

တောင်ဆီနားက ခရေပန်း၊

ပင်အောက်ကြိုင်လို့ လန်း။

ဘန်းလေးယူခဲ့ မောင်လေးရယ်၊

သွားကောက်ချေစို့ ကွယ်။

ပန်းသယ်လုပ်စို့ - တပြုံးပြုံး၊

ပန်းတွေ - တကုံးကုံး။ (မင်းသုဝဏ်)

၁။ ပန်းသည်နှင့် ပန်းသယ် ဘယ်ဟာမှန်လဲဆရာ။

၂။ ဆရာကစာလုံးပေါင်းတာလဲဂရုစိုက်တော့ သမီးမေးပါရစေဆရာ။ အနုပညာသည်လား။ ဆရာရေးတဲ့ သယ်က အမှန်လားဆိုတာ သိပါရစေဆရာ။

၃။ ဆရာ့ကို သိချင်တာလေးမေးပါရစေ။ စျေးသည်ကို စျေးသီဖတ်နေလို့ပါဆရာ။ သည် နဲ့ သယ်။

၄။ ပြောင်းဖူးဖုတ်သယ်လား၊ ပြောင်းဖူးဖုတ်သည်လားဆရာ။ အဲ့ဒီနှစ်ခု ဘယ်ဟာ အမှန်ပါလဲဆရာ။

ပန်းသယ် မှန်တယ်။ အနုပညာသည် မှန်တယ်။ စျေးသည် မှန်တယ်။ ကသယ်ပင်၊ သယ်ပိုးသည်၊ သယ်ယူသွားသည်၊ သယ်သူပို့ဆောင်။ 

၅။ ဆရာ တောသယ် နဲ့ တောသည် စျေးသယ်နဲ့ စျေးသည် ဘယ်ဟာ မှန်ပါသလဲဗျ စျေးသည်က မှန်တယ်လို့ ကျွန်တော်အမှတ်စွဲနေတယ်

ပန်းသည် မှန်တယ်။ အနုပညာသည် မှန်တယ်။ စျေးသည် မှန်တယ်။ ကသယ်ပင်၊ သယ်ပိုးသည်၊ သယ်ယူသွားသည်၊ သယ်သူပို့ဆောင်၊ သယ် ငါဟဲ့ယောက်ျား၊ တို့မှာသာ သယ်ကိုသုံးပါတယ်။

သူငယ်ချင်းအစား သယ်ရင်းကို သည်ရင်းလို့ ရေးရင်တော့ ရှေးသုံးအရ လင်မယားဖြစ်သွားမယ်။ 

၆။ မင်္ဂလာပါ ဆရာ ကျွန်မ အသက် ၂၇ ပါ အိမ်ထောင်သယ်(အိမ်ထောင်သည်)ပါ 

"ပန်းသယ်"

မောင်လေးရေ ထပါတော့၊

ရောင်နီ လာလှပေါ။

တကြော့ နှစ်ကြော့ တေးကိုသီ၊

ငှက်ကျား နှုတ်ပလီ။

တောင်ဆီနားက ခရေပန်း၊

ပင်အောက်ကြိုင်လို့ လန်း။

ဘန်းလေးယူခဲ့ မောင်လေးရယ်၊

သွားကောက်ချေစို့ ကွယ်။

ပန်းသယ်လုပ်စို့ - တပြုံးပြုံး၊

ပန်းတွေ - တကုံးကုံး။ (မင်းသုဝဏ်)

ကဗျာ၊ သီချင်း၊ သံချပ်၊ ဆောင်ပုဒ်၊ ကာတွန်း စတာတွေမှာ အသံနဲ့ ကာရန်ကိုလိုက်ရေးတတ်ကြတယ်။

သည်

ကုန်သည် (သှယ်သံထွက်)

ကချေသည် (သှယ်သံထွက်)

လက်သည် (သယ်သံထွက်)

လာသွားသည် (ဿီသံထွက်)

သည်ပိုးရွက်ဆောင်သည် (သယ်သံထွက်)

သည်မိုး သည်လေ သည်လူတွေ (ဿီသံထွက်)

သည်အမှု (ဿီသံထွက်)

သည်အကြောင်းအရာ (ဿီသံထွက်)

သည်ဆောင်းဟေမန် (ဿီသံထွက်)

သဘင်သည် (သှယ်သံထွက်)

အဆိုသည် (အဆိုတော်) (သှယ်သံထွက်)

အသည်ဝန်ကြီး (သယ်သံထွက်)

ဧည့်သည် (သှယ်သံထွက်)

စျေးသည် (သှယ်သံထွက်)

သည်ပင် = သည်မျိုး = သည်ရင်း = သည်ရန် = သည်လျာ = စည်တောင်း = မယား-လင် (သယ်သံထွက်)။

သယ်

ကသယ်ပင် (သယ်သံထွက်)

သယ် ငါဟဲ့ယောက်ျား (သယ်သံထွက်)

သယ်ပိုးသည် (သယ်သံထွက်)

သယ်ယူသွားသည် (သယ်သံထွက်)

သယ်သူပို့ဆောင် (သယ်သံထွက်)

လှည်းနဲ့တဖုံ လှေနဲ့တမျိုး ရပ်ကျိုးရွာကျိုး သယ်ပိုးရွက်မယ် အမျှဆိုရင် သာဓုခေါ်တဲ့လူမျိးနွယ် 

လင်းခေးလုင်ရေး - စိုးစန္ဒာထွန်းဆို - ဖက်ဖူးဆင် https://www.youtube.com/watch?v=1SO-ZUcDdqc

သည်ဆောင်းမှာ ပြောင်းဖူးဖုတ်သည်တွေ ရောင်းကောင်းကြပါစေ။ ပြောင်းဖူးဖုတ်တွေ ဝယ်ပြီး အိမ်ကိုပါ သယ်သွားကြပါလေ။

ရေး မြဝတီမင်းကြီးဦးစ၊ တီး စောင်းဦးမြင့်မောင်၊ ဆို ရီရီသန့် သဇင်ပန်းဘွဲ့ သည်ဆောင်းဟေမန် https://www.youtube.com/watch?v=gngsKeqPUEY

တေးသယ် ရန်ကုန်ဘဆွေ ရေးတဲ့စာအုပ်။

ပန်းသည်နှင့် ပန်းသယ် https://burmese-spelling.blogspot.com/.../blog-post_342.html

ပန်းသည် (အဆက်) https://burmese-spelling.blogspot.com/.../blog-post_7.html

ပန်းသည် ပန်းသယ် ဖါသည် https://burmese-spelling.blogspot.com/.../blog-post_793.html

ဒေါက်တာတင့်ဆွေ 

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ