အခန်း ၁
မှတ်ထား။ ။ဘီလူးမှ လူယောင်ဆောင်တတ်တာ မဟုတ်ဖူး။ အပူကြောင့်ဖြစ်တဲ့ တံလျှပ်ကလဲ အအေးဖြစ်တဲ့ ရေယောင်ဆောင်တတ်တာဘဲ။ ဆန်းသယုံမို့။
ငါနဲ့လဲ တလောက တွေ့ပါပြီ။ ပြောလိုက်သမျှကို ဝေလို့။ အကူအညီလိုရင် ပြောပါ တဲ့။ သူတတ်နိုင်တာဆို အချိန်မရွေးခေါ်လွှဲပါတဲ့။ ပြောဘော်ရတာတော့ မဆိုးပါဘူး။ ဒါပေမယ့် အလကားအကောင်ရယ်။
သည်မယ်၊ ငါ ပြောပြမယ်။ လောကမှာ ခွေးဇာတ်ခင်းတဲ့လူလဲ ရှိတာဘဲ။ နွားကျတဲ့လူလဲ ရှိတာဘဲ။ ကြောင်သူတော်လဲ ရှိတာဘဲ။ ကျားငြှိုးလဲ လဲ ရှိတာဘဲ။ လူဆိုတာ ကောင်းတာမကောင်းတာ ဘေးချိတ်။ အမျိုးစုံတော့ ဖန်ဆင်းတတ်တယ်။
စာမျက်နှာ ၁၀:
သည်ကောင့် အကြောင်းတော့ ကောင်းထဲကို ထည့်ပြောမနေနဲ့။ လူက ပုဂ္ဂဏာ မဟုတ်ဖူး။ ပေါ်လဲသနတယ်။
ဟဲ့... ငါက ဘာတတ်နိုင်မှာလဲ။ ထွက်ပြေးလို့မှ မရတော့တဲ့ဥစ္စာ။
က ထမ်းပိုးနဲ့ ချွတ်ရိုက်ပစ်လို့ကောင်းဖြစ်မလား။ တဖက်က နှစ်ပွဖြစ်ရုံ ရှိတော့ပေမှာ။
ပစ္စည်း ပစ်ပြေးဘို့ဆိုတာတော့ မပြောနဲ့။ ထဲမှာ ပိုဆိုးမှာ။ သစ်သီးဘိုး မဟုတ်သေးဘူး။ ဆိုင်ဖမ်းဘိုး ဝေးသေးဘို့။ ကျပ်တောင် သူ့ဥစ္စာရင် အကျေမဆပ်နိုင်သေးဘူး။
ကနေ့ အမြတ်ကတော့ ရယ်ဖို့လဲ ကောင်းတယ်။ ငါကလဲ ငါဘဲ။ နေဗျ။
ငါက အတိတ်က ဈေးဝယ် မှတ်နေတာ။ ရွှေတည်တည့်လာရပ်တဲ့အထိ မော်ကြည့်သေးတာ မဟုတ်ဘူး။
စာမျက်နှာ ၁၁:
ပြောနေလိုက်တယ်။ လူမရှိလဲ ဆေးလိပ်တို နားရွက်ကြားက ပြုတ်ပြီး ခေါင်းငုံ့မီးညှိနေလိုက်တယ်။ သွားရော။
အယ်နှယ်။ ကိုယ် ဈေးသည်ဘဲ။ မရောင်းချင်ဘဲ နေမလား။ အိတ် ရောင်းချင်တာပေါ့။ ဒါပေမယ့် စ ကောက်ကိုင်လိုက်မလားဆိုမှဖြင့် အညံ့စား၊ အအေးစား၊ အကျအနကတ်ပမ်းက။ ပြီးတော့ မှ တပတ်ခမ်းက ခေါင်လုံးတွေကို လက်ညှိုးထိုးပြပြီး အကျဘက်ဈေးနဲ့ခေါ်ကိန်းမျိုး ဖမ်းဆစ်တာ။ အာဂ ဟာမတွေရယ်။
ကနေ့လဲ ငါက အရှက်အဖဲ မှတ်နေတာ။ နေ... စတီးထားတဲ့ ဘောင်းဘီနက်ပြာကလဲ မှောင်ခိုစ။ အဖိုးတန်ရယ်။ ပြီးတော့ ခြေသလုံး ပုလွေရိုးကလဲ တရုတ်မ ခြေသလားအောက်မေ့ရတယ်။ ဆိုတော့ ငါက ဘယ် ယောက်ျားတယောက် ထင်ပါ့မလဲ။ ဆေးဆေးဆေးဆေးအဲ။
ပြီးတော့ သည် လမ်းမတော် သံဖြူတန်းဘက် ဆိုတာကလဲ ဖမ်းလှည့်မထ သိပ်ရှိတာမဟုတ်ဖူး။ မနက်မနက်ဆိုရင် ဈေးကောက်ကတောင် တထမ်းတမတ် တတောင်းတမတ်လိုက်ကောက်လိုက်သေးတယ်။ ဈေးထောင်ဘက်ခြမ်းမှာ စမ်းတယ် ဆိုတာကတော့ ထားပါတော့။ ဟောနေညလမ်း၊ လမ်းကျယ်ကြီးမို့။ မယင်ဘူးလေ...။
စာမျက်နှာ ၁၂:
တော့ဘူး။ ထရပ်ကားကြီးတွေနဲ့ လာရင်လဲ လမ်းချိုး မမြင်ကျယ်ရာမှာ ရပ်ထားခဲ့ပြီး လူတွေကညဉ် ရွှေတောင်ပြေး အင်းဖမ်းတာ။ သူတို့ကလဲ ပါးကုန်ပြီလေ။ ပညာပြိုင်ရတော့တာကို။
ငါမှ ခုနက မဟုတ်ဘူးဗျ။ အားလုံး အလတ် စံလိုက်ရတာ။
သိပါဘူး။ မြတ်ဗေဒင်းထွန်းတဲ့ သုံးဘီးကားတစင်းကတော့ လှမ်းအော်ပြောသွားတယ် ပြောတာဘဲ။ ငါတို့ ကလဲ လမ်းကို ကျောပေးရက်ဆိုတော့ ကြားလဲ မကြားလိုက်မိဘူး။ မြင်လဲ မမြင်လိုက်မိဘူး။ ခံချင်တော့။ ပြောပါ တယ်။
လျင်တာလဲ မပြောနဲ့လေ။ စိတ်ကလဲ ညစ်ညစ်ရယ်ကို...။
အငယ်ကလဲ သည်ကနေ့မှ မလိုက်လိုက်တာ မပြောနဲ့တော့။ တမနက်လုံး သုံးလေးနေရာသာ ပြောင်းရော့။ တိုးလေးဆယ်သိုးဘဲ ရတယ်။
နေဒု... ပစ္စည်းကလဲ သိပ်မှ မကောင်းတော့တာ။ ရွှေကျွတွေ ဆိုပါတော့။
စဉ်းစားကြည့်ပါလား။ လိမ္မော်လေးခြင်းကို သုံးယောက်သုံးဆိုင် ခွဲရောင်းတာ။ နှစ်ရက်နဲ့ မပြတ်ဘူးဆိုတော့။ ဘယ်တုန်းက ကြားဖူးသလဲ။ မစားကောင်းတဲ့အသီး စုံတင်အလေ့ထားသလို ရောင်းရတာ ကျနေတာဘဲ။ ဆယ်ယောက်ကောက်ကိုင်ကြည့်။ တယောက် ရောင်းရရင် ကံကောင်း။
စာမျက်နှာ ၁၃:
ဒါ မြတ်ထက်လို့ ရင်ကို ငွေမချနိုင်သေးဘူး။ သူ့ ငွေ မချနိုင်သေးလို့ ကုန်သစ် မဆွဲနိုင်သေးဘူး။ ကုန်သစ် မဆွဲနိုင်သေးလို့ အိမ်မှာ လူနှစ်ယောက် နားနေရခဲ့ရတယ်။ နှစ်ယောက်လုံး အားအလကား ပုလပ်။
သိတဲ့အတိုင်း လူနားပေးမယ့် ပါးစပ်က နားတာ မဟုတ်ဖူး။ စားတာကတော့ နည်းနည်းမှ မလျော့ဘူး။ သည့်အတိုင်းသာ ဆက်သွားလို့ကတော့ ဘယ်လွယ်မလဲ။ စားရိတ် ပန်းတယ်။
မြတ်ထက်နဲ့ စာပေတာ ကားရပ် တော်ဗျ။ အရင်းထဲက ပဲ့သွားရလိမ့်။ သူ့ငွေမချနိုင်ပုံ ဒုက္ခလှလှတွေ့မယ်။ ငါကလဲ အင်းရံတာ အရင်းဆုံးတာခြား။ ဒိုင်မှာ လူရွှေသွယ်ရွှေ ငွေရေးကြေးရေးနဲ့ သိပ်အပြောခံချင်တာ မဟုတ်ဖူး။
တွက်ကြည့်တော့လဲ မဆိုးပါဘူး။ စားပြီးသောက်ပြီး လေးငါးဆယ်တော့ အိမ်ပြန်ပါနိုင်ပါတယ်။ ကိုယ်တွက် ကျန်ပါသေး။ ဒါပေမယ့် ညက လက်ထဲရှိတာ ရေကြည့်လိုက်တော့ သူ့ငွေ ငါးရာ့နှစ်ဆယ်ကို မပြည့်တတ်သေးဘူး။ တိတ်တိတ်ကလဲ သည်ထဲကဘဲ နုတ်သေးတာကိုး။
အိမ်ကလဲ စဉ်းစားကြည့်။ စားအိုးက တကျိပ်တယောက် ရှိတယ်။ တနပ်ကို နို့ဆီဘူးဆယ့်လေးလုံး။ တပြည်နဲ့အချက် ချက်ရတယ်။ ဘာမှသာ မဟုတ်တယ်။ ခရမ်းချဉ်သီး ငပိစိမ်းစားချက် တအိုးကိုဘဲ ငါးကျပ်လောက် ကုန်တယ်။ ဂါစတောင် အစစအလင်လင် မဟုတ်ချင်ဘူး။
စာမျက်နှာ ၁၄:
ပေါ်ငွေဖြစ်ဖြစ်။ ဆန်းကြယ်ဖြစ်ဖြစ်။ ညနေဘက် ထွက်ပြီး ဆက်ရောင်း။ ရသမျှ အမြတ်ပဲ။
ငါကတော့ ဝိုင် သွားမယ်။ သူ့ငွေ အပြေချေလိုက်မယ်။ နောက်ထပ် လေးခြင်း ထပ်ဆွဲမယ်။ အဟောင်းပေး အသစ်ယူပေါ့။ သည်ကနေ့ကထဲက ပြင်ထားဆင်ထား၊ ခွဲထားနိုင်မှ ဘာဘဲပြောပြော မနက်ဖြန်မနက် သုံးဆိုင်ခွဲိုင်ဖို့ စောစော အရောက်ထွက်နိုင်မှာ။
မရှိပါဘူး။ အလုံး လေးငါး ခြောက်ဆယ်တော့ ကျန်မှာပေါ့။ နောက်ဆုံး ခြောက်ကျပ်ဈေးနဲ့ဘဲ ရောင်းမင်းတုံး။ သည်နေ့နဲ့မနက်ဖြန် အိမ်စရိတ်တော့ ရနိူင်မယ်။
ဒါပေမယ့် အောင်းအင်းဆိုတော့ အချိန်ကလဲ သိပ်ကုန်လွယ်တာ။ ဖုန်းထည့်နေပြီး အရင်း မပြည့်တတ်သေးဘူး။ နေရာကလဲ ပြောင်းပြောင်းလာခဲ့တာ လေးနေရာရှိပြီ။ မိတ်သစ်သာရော့။ အဝေးထဲ ဗိုက်ကလဲ ဆာ။ ထားပါဗျို့ ငါပြောဆိုရင်တောင် ကိုယ့်တံတွေးဘိုးအညှာကို နှစ်ကျပ် မကတော့ဘူး။
စာမျက်နှာ ၁၅:
ဤနေရာတွင် ဈေးမရောင်းရ။
ရောင်းလျှင် အရေးယူမည်။
စဉ်မင်သာယာ
ဆိုတဲ့ ဆိုင်းဘုတ်ငုတ်တိုကလေးတွေတော့ တွေ့မိမှာပေါ့။ မြို့လယ် လမ်းမကြီးတွေတလျှောက်။ ပလက်ဖေါင်းပေါ်မှာ နေရာအနှံ့ ချထားတာဘဲ။ မနည်းဘူးရယ်။ ကွမ်းယာ ဆေးလိပ် ရောင်းတဲ့ ဆိုင်အရေအတွက်ထက်တောင်မှ များအုံးမယ်ထင်တယ်။
ဒါပေမယ့် ကနေ့ အပမ်းခံရတဲ့နေရာအတိုင်းမှာတော့ တခုမှ မရှိတာ အမှန်ဘဲ။
မရှိဘူးဆိုတာ တကယ်ကို မူစင် ခြိုးခြိုးသားသား မရှိတာ။ ဈေးသည်တွေက တော်ရာရွှေ့ထားလို့၊ ပုဆိုးစုတ်နဲ့အုပ်ပြီး နေကာလုပ်ထားလို့၊ ပလီပလာမရှိတာ မဟုတ်ဘူး။
ငါကိုယ်တိုင်ကလဲ ဒါမျိုးတော့ မလုပ်ဘူး။ ဝါသနာလဲ မပါဘူး။ လက်တလုံးခြား မလှည့်ဖြားချင်ဘူး။ ရိုးပြင်ကနွားနဲ့လဲ အိပ်ပတ်သက်ချင်တဲ့ကောင် မဟုတ်ဘူး။
ကြောက်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အလုပ်ရှုပ်တယ်။ ပြီးတော့ ငါက ဒါလုပ်မှ စားရတဲ့ကောင်။ တနေ့စာကို တနေ့ရှာရတဲ့ဘဝ။ အဖမ်းခံရလို့ မခံနိုင်ဘူး။ ထိုက္က.... မျက်စိစောင်းတောင် အထိုးမခံချင်ဘူး။ အမ်းရဲလို့၊ ထမ်းစတေး ရောင်းနေရပေမယ့်၊ ကိုယ်က ခိုးဝှက်စားတာလဲ မဟုတ်၊ ခိုးကိန်းလဲ မဟုတ်တော့ အဆုံးမစစ် မခံချင်ဘူး။
မှတ်ရန်
ဒီစာအုပ်ကို ၁၉၇၉၊ ဒီဇင်ဘာလမှာ ထုတ်တယ်။
တအုပ်လုံး တ သတ်ပုံတွေ မှန်တယ်။
စာမျက်နှာက်နှာ၂၄၅ အထိပါတယ်။ တအုပ်လုံး တင်ပြခြင်း မပြုတော့ပါ။
စာအုပ်အဟောင်းဆိုင်တွေမှာ ရှိနိုင်တယ်။
ပြန်ထုတ်ဆိုရင် မဝယ်လေနဲ့။ ဘယ်ဆရာတော်၊ ဘယ်စာရေးဆရာ၊ ဘယ်ကဗျာဆရာရေးရေး မှားအောင် ပြင်ထုတ်နေတဲ့ခေတ်။
"ပြောပြန်ရင်လဲ ပြန်ပြောသူ လွန်ရာကျမယ်"
ဒေါက်တာတင့်ဆွေ
Comments
Post a Comment