၎င်းတို့သည် စည်းလုံးညီညွတ်မှု ("ဝေးဝေးသွားလိုက အတူတူသွားပါ")၊ သည်းခံခြင်း ("သည်းခံနိုင်သူသည် အသီးကောင်းကို စားရသည်") နှင့် လုပ်ရပ်များ၏ နောက်ဆက်တွဲ အကျိုးဆက်များအပေါ် အဓိကထား၍ လမ်းညွှန်ထားခြင်း ဖြစ်ပါသည်။
ပညာနှင့် ဘဝ (Wisdom and Life)
"မြစ်၏အနက်ကို ခြေနှစ်ဖက်လုံးဖြင့် တိုင်းတာသူသည် လူမိုက်သာဖြစ်သည်" – တခုခုကို မလုပ်ဆောင်မီ သေချာစွာ စဉ်းစားဆင်ခြင်ပါ။
"ညဉ့်မည်မျှပင် ရှည်လျားစေကာမူ အရုဏ်ဦးသည် အမြဲတမ်း ပေါ်ထွန်းလာမည်သာဖြစ်သည်" – မျှော်လင့်ချက်နှင့် သည်းခံခြင်းကို ပြသသည်။
"ဟိန်းဟောက်နေသော ခြင်္သေ့သည် သားကောင်ကို ဘယ်သောအခါမျှ မဖမ်းနိုင်" – စကားထက် လက်တွေ့လုပ်ဆောင်မှုက ပို၍ အရေးကြီးသည်။
"ပုဆိန်က မေ့သွားသော်လည်း သစ်ပင်ကမူ မှတ်မိနေတတ်သည်" – အနိုင်ကျင့်သူထက် အနိုင်ကျင့်ခံရသူက နာကျင်မှုကို ပို၍ကြာရှည်စွာ မှတ်မိနေတတ်သည်။
"အဆုံးသတ်ကို သိလိုလျှင် အစကို ပြန်ကြည့်ပါ"
လူမှုအသိုင်းအဝိုင်းနှင့် စည်းလုံးညီညွတ်မှု (Community and Unity)
"ကလေးတယောက်ကို ပြုစုပျိုးထောင်ရန် ရွာတရွာလုံး၏ ဝိုင်းဝန်းကူညီမှု လိုအပ်သည်" – နောင်လာနောက်သားများကို ပြုစုပျိုးထောင်ရာတွင် စည်းလုံးညီညွတ်မှု၏ အရေးပါပုံကို ပြဆိုသည်။
"စည်းနှောင်ထားသော ထင်းစည်းကို ချိုးဖျက်၍မရနိုင်ပါ" – ညီညွတ်ခြင်းသည် အင်အားဖြစ်သည်။
"ဆင်နှစ်ကောင် တိုက်ခိုက်ကြလျှင် မြက်ခင်းများသာ ပျက်စီးရသည်" – အင်အားကြီးသူများ တိုက်ခိုက်ကြသောအခါ အင်အားနည်းသူများသာ ဒုက္ခခံကြရသည်။
"မြန်မြန်သွားလိုလျှင် တယောက်တည်းသွားပါ။ ဝေးဝေးသွားလိုလျှင်မူ အတူတူသွားပါ"
"လက်ကောက်တကွင်းတည်းနှင့် အသံမမြည်နိုင်ပါ"
ခေါင်းဆောင်မှုနှင့် ကိုယ်ကျင့်တရား (Leadership and Character)
"အကြံဉာဏ်ကို လက်မခံသော ခေါင်းဆောင်သည် ခေါင်းဆောင်ကောင်း မဟုတ်ပါ"
"အင်အားကို သုံးစွဲသူသည် အကျိုးအကြောင်း ဆင်ခြင်မှုကို ကြောက်ရွံ့သူဖြစ်သည်"
"အိုးအလွတ်သည် အသံအမြည်ဆုံးဖြစ်သည်" – အသိပညာနည်းပါးသူများက စကားအပြောဆုံး ဖြစ်တတ်သည်။ (မြန်မာ့ဆိုရိုး "ရေသာသော အိုးသည်သာ ပေါင်ပင်ခတ်တတ်သည်" နှင့် ဆင်တူပါသည်)။
A wise man never knows all, only fools know everything.
"ပညာရှိသည် အရာအားလုံးကို သိသည်ဟု ဘယ်သောအခါမျှ မဆို၊ လူမိုက်သာလျှင် အရာအားလုံးကို သိသည်ဟု ဆိုတတ်သည်"
"အိုးအလွတ်သည် အသံအမြည်ဆုံးဖြစ်သည်"
An empty pot makes the loudest noise.
ဒေါက်တာတင့်ဆွေ

Comments
Post a Comment