၁။ ပထမပုံ (image_939aa3.jpg) ပါ စာသား
၂ - တပြူး
၄ - တလဲ
၆ - ညောင်ကန်
၈ - ဆန်ဘိုး
၁၀ - အကျိုး
၂။ ဒုတိယပုံ (image_939ac3.jpg) ပါ စာသား
မောင်သင်းသည် လက်သမားအလုပ်ကို ဝါသနာပါသည်၊၊ သူသည် တူနှင့်လွှနှင့် အမြဲလုပ်ကိုင်နေလေ့ရှိသည်၊၊ သူသည် ခုံကလေး၊ သေတ္တာကောင်ကလေးများကို ကျင်လည်စွာ လုပ်တတ်သည်၊၊ သူ၏အိမ်တွင် သပ်ယပ်လှပသော စာအုပ်စင်ကလေးတခုကို သူလုပ်ထားသည်၊၊
သူသည် သူ၏ည စာရေးရန် ခုံကလေးတခု လုပ်နေသည်ကို ဤပုံတွင် မြင်နိုင်သည်၊၊ သူ၏နှမ မရီက သူ့ကို ကူညီနေသည်၊၊
၃။ တတိယပုံ (image_939ae2.jpg) ပါ စာသား
ရွှေစွန်ညို ဘာလိုလို့ဝဲပါတယ်
မထွေးလိုလို့ ဝဲပါတယ်၊၊
မထွေးမပါ တို့ချည်းလား
ပါပါလျက်သား နောက်ကထား၊၊
မထွေးအသား ခါးလှတယ်
ချောင်းငယ်ရေနှင့် ဆေးပါ့မယ်၊၊
ချောင်းငယ်ရေချမ်း နွေမှာခမ်း
မြစ်ငယ်ရေနှင့် ဆေးပါ့မယ်၊၊
မြစ်ငယ်ရေချမ်း နွေမှာခမ်း
ပင်လယ်ရေနှင့် ဆေးပါ့မယ်၊၊
ပင်လယ်ရေချမ်း နွေမှာခမ်း
ပင်လယ်ရေ ဘယ်မခန်း
မထွေးအမိဖမ်း၊၊
တဝမ်းပူစာလုံးများနဲ့ ရေခန်း စာလုံးပေါင်းများ မှတ်ရန်ဖြစ်ပါသည်။
ဒေါက်တာတင့်ဆွေ



Comments
Post a Comment